February 8, 2010

ကိုယ့်အကြိုက် "ကဗျာ"

ညီမဇွန်မိုးဇက်က "ကိုယ့်အကြိုက်" ဆိုပြီး TAG လာပါတယ်။
သူရေးထားတာလေးတွေပြေးကြည့်လိုက်တော့ ၀တ်စုံလေးတွေ လုံချည်လေးတွေအကြောင်း ချစ်စရာကောင်းအောင်ရေးထားပါတယ်.။
ကိုယ့်ကို အဲလိုဓါတ်ပုံလေးနဲ့ တင်ပါဆိုရင်တော့ အရှက်ကွဲပြီ ဇွန်ရေ..။
ကြွားတယ်တော့မထင်ပါနဲ့ တစ်စုံမှကို ပါမလာခဲ့တာပါ..။
(ခုမှစကားစပ်လို့ ဘုန်းကြီးကျောင်းအလှူမှာမရမ်းစေ့ရောင်ဗမာဝတ်စုံလေးနဲ့ ဇွန် သိပ်လှတယ်သိလား။)

ကိုယ့်အကြိုက်လား.......

ကိုယ့်အကြိုက်က ကဗျာ တွေ စာတွေပဲပေါ့ ဇွန်ရယ်.။

TAG က ဦးတည်ရာပြောင်းသွားရင်လည်းခွင့်လွှတ်တော့
ကိုယ်ရေးချင်တာလေးပဲရေးချလိုက်တော့မယ်နော်..။
ကိုယ်ကြိုက်မိတဲ့ကဗျာတွေထဲက ကဗျာတစ်ပုဒ်ပါ..
ကြိုက်သမျှတွေရေးရရင် အခန်းဆက်ထည့်ရတော့မှာမို့ ကိုယ့်အကြိုက်ဆိုတဲ့ TAG ကို
ကိုယ်က ဒီကဗျာလေးနဲ့ပဲဖြေပေးလိုက်ပါတယ်.။
ကျေးဇူးပါ ဇွန် ဒီကဗျာလေးကိုဝေမျှပေးခွင့်ရလို့...။


အိန္ဒြာ

++++++++++++++++++++++++++++++++++++++++++++++++


ရုရှကဗျာဆရာကြီး အလက်ဆန္ဒာပုသျှကင် (Alexander Pushkin )ရဲ့ ကဗျာတစ်ပုဒ်ပါ ။

ထင်းရူးပင်ရိပ်ထဲက ဆရာကြီးမောင်သာနိုးဘာသာပြန်တဲ့ ဆိုက်ဘီးရီယားသို့ ကဗျာကို ဖတ်ပြီးမှ
အင်္ဂလိပ်ဘာသာနဲ့ ဘာသာပြန်ထားတာကို ရအောင်ရှာထားခဲ့တာပါ.။
(ရုရှလိုမှ ကိုယ်က မတတ်ပဲကိုး..)


++++++++++++++++++++++++++++++++++++++++++++++++

Message to Siberia

Deep in the Siberian mine,
Keep your patience proud;
The bitter toil shall not be lost,
The rebel thought unbowed.

The sister of misfortune, Hope,
In the under-darkness dumb
Speaks joyful courage to your heart:
The day desired will come.

And love and friendship pour to you
Across the darkened doors,
Even as round your galley-beds
My free music pours.

The heavy-hanging chains will fall,
The walls will crumble at a word;
And Freedom greet you in the light,
And brothers give you back the sword.

Alexander Pushkin
(Translated from the Russian by Max Eastman)

++++++++++++++++++++++++++++++++++++++++++++++++

ဆိုက်ဘီးရီယားသို့

ဆိုက်ဘီးရီးယား သတ္ထုတွင်းများရဲ့ အနက်များထဲမှာ
မောက်မာတဲ့ ဇွဲနပဲကို ထိမ်းသိမ်းထားကြ။
သင်တို့ရဲ့ကြေကွဲဖွယ် အလုပ်ကြမ်းနဲ့ စိတ်ဓါတ်ရဲ့
မြင့်မားတဲ့မျှော်ခေါ်ချက်များ အချည်းနှီး မဖြစ်စေရ..။
ကံဆိုးမိုးမှောင်ကျခြင်းရဲ့ ညီမ ကောင်း
မျှော်လင့်ခြင်းဟာ မြေအောက်မှောင်မည်းမည်းထဲမှာ
ခွန်အားနဲ့ ရွှင်လန်းမှုကို နိုးဆွပေးပါလိမ့်မယ်..
စောင့်ရကြာတဲ့အချိန်ရောက်လာရမှာပါ

မေတ္တာစိတ်နဲ့ မိတ်ဆွေစိတ် သင်တို့ဆီကို
မှောင်မည်းမည်း မင်းတုံးများကို ဖြတ်ပြီးရောက်လာမယ်
သင်တို့ရဲ့အကျဉ်းတိုက်တွေဆီ...
ငါ့ရဲ့လွတ်လက်သောအသံရောက်လာ သလိုပေါ့..
လေးလေးလံလံ သံခြေကျင်းများ ပြုတ်ကျရမယ်..
ထောင်တွေပြိုလဲကြရမယ်...လွပ်လပ်ခြင်းဟာ
သင်တို့ ကို တံခါးဝကနေ ၀မ်းပန်းတသာကြိုနေမယ်။
ညီနောင်များက သင်တို့ကို ဓါးတွေပြန်အပ်နှင်းကြမယ်..။

မောင်သာနိုး
(ထင်းရူးပင်ရိပ်)

13 comments:

Sein Lyan Tun said...

မမ အကြိုက်ကဗျာ ကို ဖတ်သွားပါတယ်ခင်ဗျ

ကောင်းကင်ပြာ said...

မမ အကြိုက်ကဗျာ ကို ဖတ်သွားပါတယ် ရှင့်....း)

ကိုလူထွေး said...

လွပ်လပ်ခြင်းရဲ့ အနှစ်သာရ...
ခံစားကြည့်မိပါတယ်...

းဝ)

MANORHARY said...

ကိုယ်လည်း ကဗျာတွေကြိုက်တယ်
ဗမာဝတ်စုံလည်းကြိုက်တယ်..း)

ဇွန်မိုးစက် said...

တဂ်ထားပြီး အလုပ်များနေလို့ ခုမှလာဖြစ်တယ်။

မမရေ ကိုယ့်အကြိုက်ကဗျာလေးအတွက် ကျေးဇူးတင်ပါတယ်။

အဲဒီကဗျာဘယ်တုန်းက ရေးဖွဲ့တာလည်း သိချင်မိတယ်။ ဒုတိယကမ္ဘာစစ်ကာလကလား..ဒါမှမဟုတ်...ဆိုဗီယက်ခေတ်ကလားလို့။

ဒီတစ်ခါတွေ့ရင် ဇွန်မုန့်ဝယ်ကျွေးမယ်နော်။း)

kay said...

ကိုယ့်အကြိုက်က.. လေးပုံ သုံးပုံ လေး လေ.. မြင်ပြီး ပြီ..။း)

နွေဆူးလင်္ကာ said...

ကျနော်ကတော့ နိမ့်တယ်ဗျို့။ ငယ်ငယ်က Black eye Susan ကိုတောင် ဘာသာပြန်ဖို့ ပျင်းတတ်တယ်။

Eaindra said...

ဇွန်ရေ..

ဒီကဗျာကို ၁၈၂၇ ခုနှစ်မှာရေးခဲ့တာဖြစ်ပြီး

၁၈၂၅ခုနှစ်၊ဒီဇင်ဘာ ဇာဘုရင်လက်ထက် အရေးတော်ပုံ ရှုံးနိမ့်ခဲ့တဲ့အချိန်မှာ ရုရှ မျိုးချစ်တွေကို
ဆိုက်ဗီးရီးယားလို့ခေါ်တဲ့ လူသူမနီးတဲ့ သတ္တုတွင်းတွေဆီအပို့ခံခဲ့ကြရတယ်.။

ကဗျာဆရာက သူ့မျိုးချစ်ရဲဘော်ရဲဘက်တွေအတွက်ရည်ရွယ်ပြီး ဒီကဗျာကို ရေးခဲ့တာပါလို့ ဆရာကြီးမောင်သာနိုးရဲ့ထင်းရူးပင်ရိပ်စာအုပ်ထဲက အမှာစာကတဆင့် သိခွင့်ရခဲ့ပါတယ် ညီမလေး။

ခုလို စိတ်ဝင်တစားမေးမြန်းတဲ့အတွက်ကျေးဇူးပါ.။

မုန့်ဝယ်ကျွေးချင်ရင်တော့ မနီးလေးနော်

နေတာ ဒိုဘာ
ရုံးက ကလန်မန်တီး)

ညီအကိုများ said...

မေတ္တာစိတ်နဲ့ မိတ်ဆွေစိတ် သင်တို့ဆီကို
မှောင်မည်းမည်း မင်းတုံးများကို ဖြတ်ပြီးရောက်လာမယ်

ကဲ..ဘယ်တော့လည်း ကြက်သားပလာတာ..


မိုးကြယ်

emayarKhin said...

မရေ..မကြိုက်တဲ့ကဗျာက
အားမာန်အပြည့်ပဲနော်..
ထပ်တူထပမျှခံစားသွားပါတယ်...

Unknown said...

အစ်မမျှဝေလို့ ကဗျာကောင်းလေးတစ်ပုဒ် ဖတ်ရပါတယ်။ မူရင်းရုရှားလိုရှာဖတ်ကြည့်ပါဦးမယ်..။ ကျေးဇူးပဲနော်အစ်မ..

ဇွန်မိုးစက် said...

ညီမသိချင်တာလေး သေချာရှင်းပြပေးတဲ့မမကို ကျေဇူးအထူးတင်ပါတယ်နော်။

အံမယ်.. မုန့်ကျွေးဖို့ တစ်ခါတည်း စကားခေါ်ထားလိုက်တာ။ စိတ်ချ ကျွေးမှာနော်။း)

မယ့်ကိုး said...

ချစ်မလေး အကြိုက်ကို ကြိုက်လိုက်တာ =)