ဘယ်ပန်းချီဆရာမှ မစပ်ခဲ့ဖူးတဲ့ အရောင်အသွေး ဆေးစက်တွေကျခဲ့ရာ ..
သာမာန်လူတွေ နားလည်လို့မရတဲ့ စိတ်အဆင်အသွေးနဲ့ ပန်းချီကားတစ်ချပ်
စည်းသတ်ချက်တွေ၊ ဥပဒေသတွေ၊ ထုံးတမ်းစဉ်လာတွေ၊ မိရိုးဖလာတွေ နဲ့ ကင်းဝေးခဲ့တဲ့
အရာအားလုံးနဲ့ လွတ်မြောက်နေတဲ့ လွတ်မြောက်သံစဉ်တွေ ……………….
ထုံးစံအတိုင်းပေါ့ .. အမေ့မေ့ အလျော့လျော့ ပေါ့ပေါ့လျော့လျော့နဲ့ပါပဲ …
ဒါတွေအားလုံးကို တည်မြဲမှု လို့ ထင်ခဲ့ .. (ဘယ်လောက်ရူးနှမ်းလိုက်သလဲ ..)
အဲဒီအရောင်တွေထဲကနေ ပြန်ခေါ်ယူလို့မရတဲ့ ငှက်တစ်ကောင်လို ငါ ပျံထွက်ခဲ့မိသလား
(တစ်ယောက်ကပြောတယ် အဲဒီပန်းချီကားထဲမှာ နဂိုတည်းက ငှက်တစ်ကောင် ပါဝင်မနေခဲ့ဘူးတဲ့)
တစ်ရက်ပြီး တစ်ရက် တစ်နှစ်ပြီး တစ်နှစ် ဆုံးရှုံးခဲ့ရတဲ့ အရောင်တွေ အရိပ်တွေ
ပြီးတော့ ဝင်သက် ထွက်သက်တွေဘယ်သောအခါမှ ပြန်မရနိုင်တော့တဲ့ ဆေးစက်တွေ …
ဖြစ်ရိုးဖြစ်စဉ် နာကျင်မှုတွေ .. လမ်းအဆုံးမှာ ဘာရှိမယ်မှန်း မသိပဲ ဆက်နေရတဲ့ ခရီးတွေ …
ဝန်ပိုမတင်ချင်ပါပဲ ကောက်ကောက်တင်နေရတဲ့ ပညတ်ချက်တွေ … နီတိအကျိုးအပဲ့တွေ
လူ့ကျင့်ဝတ်မျက်နှာဖုံးတပ်ထားတဲ့ အမနာပ မစ္ဆိယစိတ်တွေ …
ဒါတွေတစ်ခုမှမပါဝင်တဲ့ .. ခု ဆိုလက်စ သက်ငြိမ် ပန်းချီကားတစ်ချပ်ရဲ့ သံစဉ်က ..
တကယ်တော့ ဒီဇင်ဘာကိုင်းဖျားကိုင်းနားက ပန်းပွင့်လေးတွေရဲ့ပုံတူပဲ ..
ပွင့်ဖတ်တိုင်းရဲ့ အသံထွက်က လန်းဆန်းစိုပြေလို့..
နောက် တစ်ကြိမ်ပြန်ပွင့်ခွင့်မရှိတဲ့ ဆေးစပ်တွေနဲ့ ချိုမြိန်ခဲ့သမျှ
အလွမ်းတွေကတော့ ချင်းချင်းရဲအောင်ဆက်တိုက်ပွင့်ဝေခဲ့ ...
အဲဒီသီချင်းကို မဆိုချင်တော့ဘူး.... ……………………..
တစ်နာရီ....နောက်ထပ်တစ်နာရီ.... တစ်စက္ကန့်တိုင်း အရွေ့အလျားက လှောင်ပြောင်နေသလို....
စိတ်တခေါ်အမျှော်အဝေးအတိုင်း.....ဒီဇင်ဘာဟာ...အလွမ်းနဲ့ ထွက်ခတ်ခတ်သွားခဲ့ပြန်ပေါ့....။ ။
မနော်ဟရီ၊ အိန္ဒြာ
4 comments:
.ဒီဇင်ဘာဟာ...အလွမ်းနဲ့ ထွက်ခတ်ခတ်သွားခဲ့ပြန်ပေါ့....။ ။
အဲဒီတော့ ဇန်န၀ါရီက အချစ်တွေ အပြည့်နဲ့ လက်ကမ်းနေတယ် ထင်ပ
^_^
နောက် တစ်ကြိမ်ပြန်ပွင့်ခွင့်မရှိတဲ့ ဆေးစပ်တွေနဲ့ ချိုမြိန်ခဲ့သမျှ
အလွမ်းတွေကတော့ ချင်းချင်းရဲအောင်ဆက်တိုက်ပွင့်ဝေခဲ့ ...
အဲဒီသီချင်းကို မဆိုချင်တော့ဘူး.... ……………………..
ထွက်ခတ်သွားတဲ့ ဒီဇင်ဘာကို ဇန်န၀ါရီကနေ ခြင်္သေ့လည်ပြန် လှည့်ကြည့်လိုက်သေးတယ်
Post a Comment