February 12, 2009

လွတ်လပ်သောနိဗ္ဗာန် (ဂီတဉ္ဇလီ အမှတ် ၃၅)


စိတ်က မကြောက်ဘဲနှင့် ခေါင်းကို မတ်စွာထားနိုင်သောအရပ်၌လည်းကောင်း၊
ပညာသည် လွတ်လပ်ရာ၌လည်းကောင်း၊
ကမ္ဘာကို ကျဉ်းမြောင်းသော လူမျိုးစုနံရံများဖြင့် တောက်စိပ် ပိုင်းခြားမှု မရှိရာ၌ လည်းကောင်း၊
စကားသည် နက်ရှိုင်းသော သစ္စာတွင်းမှ လာသောအရပ်၌လည်းကောင်း၊
မနေမနားသောအားထုတ်မှုသည် နိဗ္ဗာန်သို့ လက်လှမ်းသော အရပ်၌လည်းကောင်း၊
ဆင်ခြင်မှု ချောင်းရေသန့်သည် အကျင့်ဆွေး သဲကန္တာရ တွင်ခရီးလမ်းစ မပျောက်ရာ၌ လည်းကောင်း၊
စိတ်ကို အစဉ် ပြန့်ပြူးသော တွေးဆ ပြုလုပ်မှုတို့သို့ အရှင်ရှေ့ဆောင်ရာ၌ လည်းကောင်း၊
ထိုလွပ်လပ်သောနိဗ္ဗာန်၌ ငါ တို့ ၏ တိုင်း ပြည် သည် နိုး ကြား နိုင် ပါ စေ သ တည်း..။

ရာဘင်ဒြာနတ်တဂိုး
(တဂိုးစာပဒေသာ ၊ မောင်ဖြူး၊ ဇော်ဂျီ၊ မင်းသုဝဏ်)


အဖြူရောင်သက်တန့်ကဗျာရွတ်ပွဲကလေးတစ်ခုမှာ ကိုလွပ်လပ်အိမ်ရွတ်ခဲ့တဲ့ ဒီကဗျာစာသားတွေဟာ
တစ်ခါတစ်လေ..ကြားယောင်နေတတ်တဲ့အထိ လွမ်းမိုးနေခဲ့ပါတယ်..။
တစ်ယောက်တည်း အသံထွက်ရွတ်ကြည့်နေမိတတ်ပါတယ်..။
အခုလည်း..မျှဝေပေးချင်လာတာနဲ့...

7 comments:

Moe Myint Tane said...

အရမ်းကောင်းတဲ့ ကဗျာစာသားတွေပါလား မကြီး။
ဖတ်ရင်းကြိုက် ကြိုက်ရင်းဖတ် အကြိမ်ကြိမ်ဖတ်မိသွားတယ်။
မျှဝေပေးတာ ကျေးဇူးပါ မကြီး။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ဇေဇော် said...

အစ်မရေ... ဘလော့ဂ်လေးက နည်းနည်း အပြန့်ကျယ်လာပြီ...။ ကောင်းပါတယ်..။ တစ်ခါတစ်လေ စဉ်းစားစရာလေးတွေ ဖတ်ရတော့ ကောင်းတာပေါ့..။ ဒါပေမယ့် ဘာစိတ်ကူးနဲ့ တင်လိုက်တာလဲ သိချင်တယ်...။ ဂန္ဒီက အစဉ်အလာသမား၊ အမျိုးသားရေးကို ရှေ့တန်းတင်သူ...။ တဂိုးကတော့ အနုပညာသမား၊ သို့သော် လွတ်လပ်ပြီး အမြော်အမြင်ရှိတဲ့သူ...။ ကျနော့် အတွေးမှာတော့ တဂိုးကို ဂန္ဒီထက် ပို တန်ဖိုးထားမိတယ်...။ အခု လက်ရှိက ချစ်သူများနေ့ဆိုတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ပုံရိပ်ကြောင့် ဗိုလ်ချုပ်မွေးနေ့ဆိုတဲ့ အမျိုးသားရေးက ဆေးမှိန်ရလုလု အချိန်...။ ဒီလို အချိန်မှာ ဒီပို့စ်လေးကို တင်ပေးတော့ စိတ်ထဲမှာ စဉ်းစားစရာတွေက ပေါ်လာပြန်ရော...။ ဒီပို့စ်လေးအတွက် ကျေးဇူး..။

ဇေဇော် said...

မျှဝေပေးချင်လို့ တင်တာလို့ပဲ ပြောမလို့လား...? ဒါပေမယ့် တစ်ယောက်တည်း အသံထွက် ရွတ်နေတာတော့ မကောင်းဘူးဗျ..။ ကျနော်တို့ရှေ့မှာ အသံထွက်ရွတ်ပြမှ ကောင်းမှာပေါ့...။ ဟုတ်တယ်..ဟုတ်..။

MANORHARY said...

တဂိုး ရဲ့ကဗျာလေးတွေက အကြောင်းအရာတိုက်ဆိုင်မှု
တစ်ခုနဲ့ဖတ်ရင်ပိုပြီးအဓိပ္ပာယ်ရှိတတ်တယ်။
တစ်ခါတစ်လေတော့လည်းအဲဒီအဓိပ္ပာယ်တွေနဲ့ဝေးနေ
ချင်တဲ့အတွက်ဖတ်ရတာအသက်ရှုကြပ်လာပြန်ရော..

ဇေဇော် said...

အစ်မရေ... ခေါင်းစဉ်မှာ ၌ ကို ဘာလို့ ချန်ထားခဲ့တာလဲဗျာ..။ ၌ မပါတော့ တဂိုး ပြတဲ့ လမ်းမရောက်ပဲ လမ်းတွေ မှားနေတယ်ဗျာ...။

ဆောင်းယွန်းလ said...

အလွန်တန်ဖိုးရှိသော တဂိုးရဲ့ ကဗျာစာသားလေးတွေ
မျှဝေပေးတဲ့ ညီမကို ကျေးဇူးအရမ်းတင်ပါတယ်...

Unknown said...

သြော်.. ဆရာလုပ်ချင်တာ.. ဆရာလုပ်ချင်တာ။ တပိုင်းကို သေနေတဲ့ပုံပဲနော်။ အဟက်..ဟက်။ နောက်ဆို ဒီဘလောဂ့်လာရင် ကဗျာပဲဖတ်ပြီး ကွန့်မန့်တွေ မဖတ်ပဲထားခဲ့မှနဲ့ တူတယ်။ ကွန့်မန့်တွေဖတ်ရင် တချို့အညီနံ့တွေတောင်ရတယ် ပုတ်နေတာလေ.. ပုတ်နေတာ ဟား ဟား။