April 4, 2009

ဒုံးခွင်း ကဗျာ


တာသုံးတာနဲ့....ပြေးထွက်ဖို့
အဆင်သင့် စောင့်နေတဲ့..
ဒုံးကျည်.....။

စိုးရိမ်ပူပန်မှုတွေနဲ့..
တဆတ်ဆတ်ခါနေတဲ့..
နှလုံးသားတွေပေါ်က..
ရွှီးကနဲ ဖြတ်ပြေးသွားမယ့်
ဒုံးကျည်....။

နည်းပညာ...တွေရဲ့...
သွေးဆာလောင်မှုလား...
ကမ္ဘာ့ဂရက်ကို...
ခပ်သွက်သွက်..လှုပ်ခါလိုက်တာလား...
ဒုံးကျည်ဟာ...
သူ့ပြေးလမ်းကြောင်းအတွက်...
ခွာရှပ်သံတွေပေးနေပြီ....။

တေပိုဒေါင်ရဲ့ခန်းငြားထည်ဝါမှုအတွက်....
ကင်ဂျုံအီ...ရဲ့ရင်ခုန်သံတွေဟာ..
နေရောင်အောက်က ဓါးသွားလို..
တ ဖျတ် ဖျတ် လက် ဖြာ နေ ခဲ့ တယ်.....။

ပြုံယမ်းရဲ့ ဥပဇာမှာ....
စစ်ခရာတွေ..တွန်လို့...။ ။


အိန္ဒြာ(၄.၄.၂၀၀၉)

20 comments:

သင်း said...

ကျေးဇူးပဲသူငယ်ချင်း
သောကတွေ ပူပန်မှုတွေကိုမျှဝေခံစားပေးလို့လေ
တကယ်ပါဟာ

ကိုရင်နော်ခင်လေးငယ် said...

မကြီးရေ...

ဟို တစ်စ ဒီတစ်စ ကြားကြားနေရတာတွေ
ခင်လေးတောင် ဟိုနေ့က ဘာသာပြန်ရေးချင်စိတ် ပေါက်ခဲ့မိသေးတာ
တိုက်တိုက် ဆိုင်ဆိုင်ပါပဲ...
ဒီကဗျာလေးနဲ့ အတွေးတူနေခဲ့မိတာ..

မကြောက်ဖူးလည်း မဟုတ်
ကြောက်တယ်လို့လည်း မဆိုသာ
မဖြစ်ခင် စက္ကန့်လေးအထိ
ဒီမှာရှိနေတဲ့ စက်ရုပ် ပုရွက်ဆိတ် လူသားတွေကတော့...
ပုံမှန်နှုန်းတွေနဲ့ အသက်ရှုရင်း စက်ရုပ်ပီသ ပြနေကြမှာ မြင်ယောင်မိသေးရဲ့..

အရမ်းချစ်တဲ့...
ခင်လေး

Moe Myint Tane said...

ဟူးးးးး

အဲဒီ့ တာသုံးတာမှ ဘ၀များစွာ ဆုံးခဲ့ရင်...
ချစ်လို့ဘဲ ဖြစ်ဖြစ်..မုန်းလို့ဘဲ ဖြစ်ဖြစ်..
စစ်တို့ရဲ့ အဘိဓမ္မာဟာ သောက မငြိမ်းချမ်းနဲ့ဘဲ ရေးချယ်တယ်..

တကယ်တော့
နည်းပညာဆိုတာ ကွန်ရက်ကို ဖြစ်စေတာလား
ကျွန်သက်ကို ဖြစ်စေတာလား
ဘ၀များစွာရဲ့ နှလုံးသားတွေက
နည်းပညာရဲ့ အထွဋအမြတ်ရမ္မက်တွေကြားမှာ
ကြောက်ရွံ့စွာနဲ့ တုန်ခါလို့..။

တေပိုဒေါင်တဲ့
ဝင့်ထည်ခမ်းနားနေလိုက်တဲ့ အဓိပတိတစ်ပါး
အသက်ပေါင်းများစွာက ဦးညွှတ်ထားခဲ့ကြတယ်..။

စစ်ခရာတွေ လွင့်ပျံ့နေတဲ့
ပြုံယမ်းရဲ့ အခမ်းအနားမှာ
ပြုံးနေကြတဲ့ အတ္တမျက်နှာတွေကို
ဘယ်ဥပဒေနဲ့ အရေးယူမလဲ
သူတို့ကိုယ်တိုင်ဘဲ အဲဒီ့အရာတွေကို ဆုပ်ကိုင်လို့လေ..။


မကြီးရေ ကဗျာလေးဖတ်ပြီး စိတ်ထဲရှိတာ မန့်ခဲ့တယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

pandora said...

အင်း .. ကဗျာဆရာမရဲ့ နှလုံးသားလှလှမှာလည်း
စစ်အရိပ်မည်းကြီးက ဖြတ်ပြေးသွားရတယ်...

လင်းဒီပ said...

ဘာမှတော့ မပြောချင်တော့ပါ..
ကမ္ဘာကြီးကို ငြိမ်းချမ်းစေချင်တာပဲ ရှိပါတယ် အစ်မရယ်..

အိန္ဒြာ said...

သင်းသင်းမနဲ့ခင်လေးရေ...

အိပ်ရေးပျက်ကြရတော့မယ်ပေါ့....
မြောက်ကိုရီးယား...တောင်ပိုရီးယား..ဂျပန် နဲ့ တရုတ်ဆိုတာ..အမျိုးအရင်းခေါက်ခေါက်တွေ....

သူတို့မျက်လုံးတွေကို...
ဘာ တွေ...
ဖုံးနေတာပါလိမ့်

Mhu Darye said...

စစ် ဆိုရင် အသံကြားတာနဲ့ ရင်ထဲ တစစ်စစ်နာလာတော့တာပဲ။
း(

မကြီးပြောသလိုပဲ သူတို့ မျက်လုံးရှေ့ မှာ ဘာတွေဖုံးထားမှန်း မသိတော့ဘူး။

မသက်ဇင် said...

စိုးရိမ်ပူပန်မှုတွေနဲ့..
တဆတ်ဆတ်ခါနေတဲ့..
နှလုံးသားတွေပေါ်က..
ရွှီးကနဲ ဖြတ်ပြေးသွားမယ့်
ဒုံးကျည်....။

ကမ္ဘာကြီး-------------?
တိမ်ပြာတွေအောက်---ချိုးဖြူတွေ ပျံသန်း--
မျှော်တလင့်လင့်--?

ainlwaepan said...

L.p ဆန်တယ်အစ်မ ...

အရိပ်တွေ အကုန်ပေါ်တယ် ...

ကောင်းတယ်အစ်မ အိန္ဒြာရေ ....

အိုင်လွယ်ပန် said...

account မှားသွားလို့အစ်မရေ ..

ainlwaepan နာမည်နဲ့ မန့်က ကျွန်တော်ပေးတာအစ်မ ...

MANORHARY said...

အိန္ဒြာ..စစ်ရိပ်စစ်ယောင်ဆိုတာက တုန်လှုပ်စရာ
ကောင်းပါတယ်..ဟိုနေ့က..၂၀၀၉အတွက်ရွေးထား
တဲ့လူကြမ်းကြီး(ယဉ်ယဉ်ကျေးကျေးပဲသုံးရအောင်..)
ဆယ်ယောက်ထဲမှာ.ပြုံယမ်းကပုဂ္ဂိုလ်လည်းပါတာသွား
သတိရပြန်တော့..........သူတို့ကိုဘာဂြိုဟ်တွေက
များစီးနင်းထားပါလိမ့်..

ဆောင်းယွန်းလ said...

မငြိမ်းတဲ့မီးတွေ...
မှားယွင်းတဲ့ အယူလွဲတွေကြောင့် တောက်လောင်နေရတဲ့
မီးတွေပေါ့ညီမရေ...တကယ်တော့ ရှို့သူတွေမှာလည်း
အပူမကင်းဘူးဆိုတာကို သတိမထားမိနိုင်ကြလို့ တမြေ့မြေ့နဲ့ လောင်မြိုက်နေရတဲ့ မီးတောက်တွေပေါ့...
အကျိုးပြုခြင်းအလျင်းမရှိတဲ့ တောက်လောင်မှုမျိုးတွေပေါ့

HAPPY CLOUD said...

ဖြစ်နိုင်မယ်ဆိုရင် ကင်ဂျုံအီကို ဘီအီးတိုက်ပြီး အင်းတာဗျူးချင်တာ၊ ကိုးရီးယားစကားမပြောတတ်လို့ ခက်နေတာ။ လမ်းကကြုံတယ်ဗျ။ အဲဒီဖက် ခဏခဏရောက်နေတာ။ ဈေးဝယ်ထွက်တာလေ...။

အားကြီးခင်တဲ့..
မိုးမောင်

Anonymous said...

ကမ္ဘာမြေကြီးက အမြဲတမ်း ငြိမ်းချမ်းနေပြီး မေတ္တာတရားတွေနဲ့ ပြည့်နေရင်ဘယ်လောက်များကောင်းလိုက်မလဲ ။
သူတို့ကို ဘယ်လိုအရာတွေကများပူုးကပ်ထားတာပါလိမ့် လောဘလား အာဏာလား သူတို့စိတ်အပြောင်းလဲလေးတစ်ခုမှာ လူပေါင်းများစွာရဲ့ အသက်တွေက ချနင်းခံစရာပစ္စည်းတွေကိုဖြစ်လို့ ။ ဟူးးးးးးးးးး

minn thuka said...

"သူ့ပြေးလမ်းကြောင်းအတွက်...
ခွာရှပ်သံတွေပေးနေပြီ....။."
.................
ကျွန်တော့်အမြင်သက်သက်ဆို
တစ်ပုဒ်လုံးရဲ့အသက်က
အဲဒီ စာလေးနှစ်ကြောင်းပါ...
........
ဘယ်မှာတွဲတွဲ လေးနက်တဲ့ အဓိပ္ပါယ်ထွက်နေတယ်..
ရွေးတတ်လိုက်တဲ့ စကားလုံး၊
အောက်ဖက်လေးတွေမှာ တွဲပြီးခံစားကြည့်မိတာပါ၊၊

လင်းဦး(စိတ်ပညာ) said...

မငြိမ်မသက်တွေနဲ့ တကယ့်ကို ကြောက်ရွံ့မှုတွေပါပဲလားဗျာ.... လွှတ်တင်လိုက်ပြီဆိုကတည်းက ကမ္ဘာ့နိုင်ငံအားလုံး လန့်နေကြ၊ လူတွေ စိတ်ထဲမကောင်းကြ....

ATN said...

အားစမ်းနေကြတာဆိုတော့...
ပိုမိုက်တဲ့သူက ပိုလုပ်ပြမှာပေါ့လေ...း)

ဇေဇော် said...

Blogger Minn said...

"သူ့ပြေးလမ်းကြောင်းအတွက်...
ခွာရှပ်သံတွေပေးနေပြီ....။."
.................
ကျွန်တော့်အမြင်သက်သက်ဆို
တစ်ပုဒ်လုံးရဲ့အသက်က
အဲဒီ စာလေးနှစ်ကြောင်းပါ...
........
ဘယ်မှာတွဲတွဲ လေးနက်တဲ့ အဓိပ္ပါယ်ထွက်နေတယ်..
ရွေးတတ်လိုက်တဲ့ စကားလုံး၊
အောက်ဖက်လေးတွေမှာ တွဲပြီးခံစားကြည့်မိတာပါ၊၊


အလင်းပြတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်...။

နှင်းရည် said...

"ဒုံးခွင်း ကဗျာ"
ဖတ်သွားပါတယ်ရှင့်

Unknown said...

ကဗျာက ကောင်းပါတယ်။
ဥပစာ ဖြစ်ရမယ်။ ဥပဇာ* မဟုတ်ဘူး။