April 9, 2009

ဝတ်စုံအသစ်နဲ့ နှစ်


တကယ်ဆို...
ဧပြီဟာ...
အရူးဓါတ်နဲ့ဖူးပွင့်လာခဲ့တာ.....။

ပိတောက်နံ့တွေ နှလုံးအိမ်ကိုရစ်ဖွဲ့လာတဲ့အခါ..
နွေဦးလေပြည်နဲ့ မိုးပြေးခြေသံတို့...အာရုံမှာသက်ဝင်လာတဲ့အခါ..
ကျွန်ုပ်တို့ သင်္ကြန်ကို ဆာလောင်လာကြပြီပေါ့....မြန်မာပြည်..။

အလွမ်းတကာ့ အလွမ်းထဲမှာ...
ဓလေ့ရိုးရာကို လွမ်းတဲ့အလွမ်းလောက်
တမြည့်မြည့်နာကျဉ်စေတာ..
ဘာရှိမလဲ......။

သင်္ကြန်..ရေ....
အပ်ကြောင်းထပ်တေးသွားတွေနဲ့ပဲလာလာ..
ကကြိုးကကွက် အဟောင်းတွေနဲ့ပဲ..ဖြစ်ဖြစ်..
သင်္ကြန်ဟာ...
သင်္ကြန်ပီသစွာ..မြူးကြွလှပဆဲမဟုတ်လား...။

သင်္ကြန်..ရေ....
တစ်နှစ်လုံးသိုဝှက်ထားရသမျှ..အောင်းပူတွေကို..
အတာရေမှာ...စိမ့်အေးသွားအောင်...
စိမ်ကြမယ်တဲ့ကွယ်...

သင်္ကြန်..ရေ..
အမေ့မေ့..အလျော့လျော့နဲ့..
ကခုန်မြူးထူးနေကြမယ့် သူတို့ကို...
ကရုဏာရှေ့ထားပေးလိုက်ပါ...။

သင်္ကြန်..ရေ..
ဟစ်အော် ပေါက်ကွဲနေကြမယ့်
သူတို့ဆူညံသံတွေကို
စာနာ နားလည်ပေးလိုက်ပါ...

ဆေးကြော ပစ် လိုက်
ဆေးကြော ပေး လိုက်..
ကူးပြောင်းခြင်းဆိုတာပီသအောင်...
သူတို့ နှလုံးအိမ်တွေပေါ်က ဒဏ်ရာဒဏ်ချက်တွေက အ စ
သူတို့ စိတ်ဝိဥာဉ်တွေထဲက အရှိုးရာတွေအဆုံး....

ဆေးကြောပေးလိုက်စမ်းပါ့..သင်္ကြန်ရယ်...

သင်္ကြန်...ရေ...
ဒီနှစ်သစ်ကနေ စလို့....
သင်္ကြန်လေညှင်းရဲ့အနောက်မှာ.....
မုန်တိုင်းဆိုတာကို..ခေါ်မလာခဲ့နဲ့ကွယ်...။ ။


အိန္ဒြာ(၄.၄.၀၉)

13 comments:

လင်းဒီပ said...

ဟုတ်တယ် လွမ်းနေတာ အရမ်းပါပဲ အစ်မ

ပြောင်းလဲခြင်းစစ်စစ်တွေ ကိုလည်း နှစ်သစ်မှာ မျှော်မိပါရဲ့...

“သင်္ကြန်...ရေ...
ဒီနှစ်သစ်ကနေ စလို့....
သင်္ကြန်လေညှင်းရဲ့အနောက်မှာ.....
မုန်တိုင်းဆိုတာကို..ခေါ်မလာခဲ့နဲ့ကွယ်...။ ။”
အစ်မဆုတောင်းလေးကို ကူဆုတောင်းသွားပါတယ်။

အိုင်လွယ်ပန် said...

သင်္ကြန်..ရေ....
အပ်ကြောင်းထပ်တေးသွားတွေနဲ့ပဲလာလာ..
ကကြိုးကကွက် အဟောင်းတွေနဲ့ပဲ..ဖြစ်ဖြစ်..
သင်္ကြန်ဟာ...
သင်္ကြန်ပီသစွာ..မြူးကြွလှပဆဲမဟုတ်လား...။

သိပ်ဟုတ်တာပေါ့အစ်မရေ ...
ဆုတောင်းပြည့်ပါစေအစ်မ ....

မသက်ဇင် said...

အလွမ်းတကာ့ အလွမ်းထဲမှာ...
ဓလေ့ရိုးရာကို လွမ်းတဲ့အလွမ်းလောက်
တမြည့်မြည့်နာကျဉ်စေတာ..
ဘာရှိမလဲ......။

ဟုတ်တာပေါ့နော်---
တမြည့်မြည့်နာကျဉ် ပြီးလွမ်းတာ--
သင်္ကြန်နဲ့ပိတောက်ကို လည်းလွမ်းတယ်--
အရာရာကို လွမ်းပါတယ်လေ--

HAPPY CLOUD said...

လွမ်းတယ်... လွမ်းတယ်...
ဒီကဗျာလေး ဖတ်မိတော့ ငယ်ငယ်က အမျိုးဘာသာ သာသနာအတွက်လို့အော်ပြီး အကြိတ်အနယ် ဆင်နွဲခဲ့ရတဲ့ စတီးပြွတ်တိုက်ပွဲတွေကို မျက်လုံးထဲ ရုပ်ရှင်ကားတစ်ခုလို ပြန်အမှတ်ရတယ် အမရယ်...

ပက်ပက်စက်စက် ခင်တဲ့...
မိုးမောင်(Myanmar Idol)

Moe Myint Tane said...

အရူးဓါတ်နဲ့ ဖူးပွင့်ခဲ့တဲ့ ဧပြီမှာ
ဓလေ့ရိုးရာကိုတမ်းတတဲ့ အလွမ်းတွေနဲ့
ဖုံးအုပ်ကွယ်ဝှက်ထားတဲ့ အပ်ကြောင်းထပ်တေးသွားကို သီကျုးရင်း
မွေးရပ်မြေကို ဝေးကွာနေသူတစ်ယောက်အဖို့
သင်္ကြန်ဆိုတာ....
အရိပ်များစွာနဲ့ပေါ့...။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Mhu Darye said...

သင်္ကြန်..ရေ....
အပ်ကြောင်းထပ်တေးသွားတွေနဲ့ပဲလာလာ..
ကကြိုးကကွက် အဟောင်းတွေနဲ့ပဲ..ဖြစ်ဖြစ်..
သင်္ကြန်ဟာ...
သင်္ကြန်ပီသစွာ..မြူးကြွလှပဆဲမဟုတ်လား...။

အမှန်ပဲ။း)
လာ ဖတ်သွားပြီ။

ဆောင်းယွန်းလ said...

သင်္ကြန်...ရေ...
ဒီနှစ်သစ်ကနေ စလို့....
သင်္ကြန်လေညှင်းရဲ့အနောက်မှာ.....
မုန်တိုင်းဆိုတာကို..ခေါ်မလာခဲ့နဲ့ကွယ်...

ညီမနဲ့အတူ ထပ်တူညီမျှတဲ့ ဆုတောင်းမျိုးပဲ ဆုတောင်းပေးနေပါတယ်...အမိဗမာပြည်အတွက်ပေါ့
ကဗျာလေးဖတ်ပြီး ရင်ထဲမှာထိသွားတယ် ညီမရေ

MANORHARY said...

အဲဒီနှစ်သစ်
တကယ်ပဲဝတ်စုံသစ်ဝတ်ရစေသား.......

ကိုရင်နော်ခင်လေးငယ် said...

မကြီးရေ..

သင်္ကြန်ကို တကယ် လွမ်းနေပြီ..

သင်္ကြန်...ရေ...
ဒီနှစ်သစ်ကနေ စလို့....
သင်္ကြန်လေညှင်းရဲ့ အနောက်မှာ.....
မုန်တိုင်းဆိုတာကို..ခေါ်မလာခဲ့နဲ့ကွယ်...။ ။
တဲ့

ကဗျာလေး အရမ်းကောင်းတယ် မကြီးရေ..

မေငြိမ်း said...

ပျော်ပါစေကွယ်..
ဗမာတွေမှာ သင်္ကြန်သာ ထွက်ပေါက်ရယ်လို့ ရှိရှာကြတာလို့ အမတော့ ထင်တာပဲ...

minn thuka said...

ပိတောက်ပန်း မမြင်ရတာ ၁၀နှစ်ကျော်ပြီ
သတိတရနဲ့လွမ်းချင်ပေမဲ့
လတ်တလော....
ပင်..ပန်း..ခြင်းတွေက
တောက်..လျောက်ကို
ပိ..နေတော့...ပန်းတောက်ပိ ဖြစ်နေရတယ်
ကျွန်တော့်အတွက်တော့
သင်္ကြန်ဆိုတာ
သင်းကွဲ ငှက်တစ်ကောင်လို
ကျန် ရစ်နေတာပါပဲ။

ကဗျာဦး said...

ကဗျာတွေလာဖတ်ပါတယ်
ကောင်းတယ်

emayarKhin said...

ဖတ်ရင်းဖတ်ရင်းနဲ့
လွမ်းလို့ကိုမဆုံးနိုင်ဘူး...မရေ...
ကဗျာတအားကောင်းဗျို့.....