May 1, 2009

ချစ်သော အနက်ရောင်

လိုအပ်လာရင်
ချစ်သူကိုလည်း
သွားတစ်ချောင်းလိုနှုတ်ပစ်ရတယ်
ငါ့အနက်ရောင်ကိုလည်း..
လိုအပ်လာရင်
သစ်ပင်လိုနှုတ်ပစ်ရမယ်
ဆံပင်တွေ
မဖီးသင်သလိုမျိုး စိတ်ရှုပ်ထွေးရဲ့
မင်းအခန်းထဲ
တောင်တန်းအတုဖြစ်နေရတာ..
ငါ့စိတ်တစ်ခုတည်းနဲ့ဆို
ဘာမဆိုဖြစ်နိုင်တယ်။
အခု သွေးထိုးနေတဲ့ ဆာလောင်မှုဟာ..
အနက်ရောင်ဖြစ်တယ်
လိုအပ်လာရင်
ငါ့အခန်းကို ရွှေ့ပစ်ရမယ်
ငါ့ကဏ္ဍကိုရွှေ့ပစ်ရမယ်
မင်းအသံဆီငါမကြားအောင်
ခုတော့ မင်းက ငါ့ဘေးနား
ငါ့လက်လိုပဲဖြစ်ရဲ့
ခုတော့ ငါ့လက်က ငါပစ်ရမယ့်ပစ်မှတ်
အဲဒီပစ်မှတ်ပေါ်လောင်ကျနေတဲ့ လရောင်က
ငါ့အမှောင်
ငါချစ်တဲ့ အနက်ရောင်အတိုင်း အော်လိုက်မယ်
ရှိရှိသမျှ ကြွက်သားနဲ့...။ ။

( ချစ်သောကဗျာဆရာမ ဆီလ်ဗီယာပလာသ့် ၁၉၃၂-၁၉၆၃ သို့)

ဝင်းမြင့်
(လူစီရဲ့ အမှုန်အမွှားကင်းတဲ့လက်ဆောင် ကဗျာစာအုပ်မှ)

(ကြောက်စရာကောင်းလောက်အောင် လှပစူးရှတဲ့ ကဗျာမျိုးတွေရေးပြသွားတဲ့ ကဗျာဆရာမက
သူ့မရဲ့နောက်ဆုံးအချိန်မှာ
ဘာတွေစဉ်းစားသွားမလဲဆိုတဲ့ အတွေးမျိုးဝင်လာတဲ့အခါ..
ဆရာဝင်းမြင့်ရဲ့ဒီကဗျာကို သတိတရ ဖွင့်ဖတ်ဖြစ်ပါတယ်..။)


9 comments:

မယ်ကိုး said...

ကဗျာလေး လက်ဆင့်ကမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မ...

အရင်ကလည်း ဆီလ်ဗီယာပလာသ့်ရဲ့  နောက်ဆုံးအတွေးကို ပုံဖော်ပြီး အမျိုးမျိုးတွေးခဲ့...အခုလည်းတွေးနေမိပါတယ်။

ဆောင်းယွန်းလ said...

စဉ်းစားလို့သိပ်ကောင်းတဲ့ ကဗျာတပုဒ်ပါပဲ
အခုလိုမျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ညီမရေ

Minn said...

ကိုယ့်ကိုကိုယ် တော်တော်စုံအောင်ဖတ်ဖူးနေတယ်ထင်တာ
မဖတ်ဘူးသေးတဲ့ကဗျာတစ်ပုဒ် ဖတ်လိုက်ရတာ
ကျေးဇူးပါဗျာ...
တွေ့လား အနက်ရောင်ကိုချစ်တယ်တဲ့...
ငါကအနက်နုရောင်လေ။

အရုပ်ကလေး said...

အနက်ရောင်ကို ဆွဲငင်ပြုရင်း
လအရောင်က င့ါအမှောင်ဆိုရင်
ကွယ်ရာနေခြင်းရဲ့ ဆွယ်ရာကို
ရောက်နေသူမို့ ရောင်စဉ်ကြားက
အမှောင်ရဲ့တစ်ဖက် အနက်တစ်ခုကို
ငါ ပမာပြုလိုက်မယ် ..။

မကြီး ..ငယ်ငယ်ကတည်းကတော့ အနက်ရောင်တွေ ကြိုက်လို့လားတော့ မသိဘူး .. အနက်ဆိုတဲ့ စကားလုံး မြင်ရင်တောင် သဘောကျနေတယ် .. ကဗျာက အနက်ပါတော့ ပိုခံစား ဖတ်သွားတယ် ..။

nilar said...

ချစ်ရပါသော အိန္ဒြာ . . . ရက်စက်လိုက်တာနော် . . . အောင် ရဲ့ Comment ကို ဖျက်ရက်လိုက်တာ . . . အောင် စိတ်မကောင်းဘူး . . . ဟွမ်း . . . အောင် နဲ့ တစ်မိုးအောက်မှာ . . . တစ်ခန်းထဲမှာ. . . အတူနေခဲ့တာ ကို မေ့သွားပြီပေါ့နော် . . . တွေ့ ချင်သူ (၁၀)၊မတွေ့ ချင်သူ (၅) အဲဒီထဲမှာ ပါချင်တာ . . . သူ က ဖြစ်ကို့ ကို မေ့လို့  . . . အောင့်ရဲ့ Comment ကြောင့် တစ်လောကလုံး ပြောင်းဆန်သွားတယ်တဲ့ . . . ပျော်လိုက်တာ . . . ဟီး . . ဟီး . . . မအိန္ဒြာရေ . . . နီလာက စာမဖတ်ပင်မဲ့ မအိန္ဒြာ စာတွေကို နားလည်သည်ဖြစ်စေ . . . နားမလည်သည်ဖြစ်စေ ဖတ်နေပါတယ် . . . စိတ်ခရီးဆိုတဲ့ ကဗျာလေးကို လဲ အရမ်းကို ကြိုက်လို့  အလွတ်ကို ရနေပါတယ် . . . အားလုံးသောသူများ စိတ်နဲ့ ဘဲ ခရီးဆက်နိုင်ကြပါစေလို့ လဲ ဆုတောင်းမိပါတယ် . . . မီးမီး (အောင်) အပါအ၀င်ပေါ့လေ . . .

Bino said...

Thank you for share.
Bino

အိန္ဒြာ said...

နီလာအောင်....

ရက်စက်ပါပေ့.....

တွေ့မယ်...တွေ့မယ်...
နေနှင့်ဦးပေါ့

MANORHARY said...

ဝင်းမြင့်ဆိုတာက ဒါဏ်ရာတွေကိုမြင်တတ်တဲ့ကဗျာဆရာ
ဆယ်လ်ဗီယာပလာ့သ်ကတော့ ဒါဏ်ရာတွေကိုလှလှပပ
လှစ်ဟတတ်တဲ့ကဗျာဆရာမ...
..............................
ဘယ်နှစ်ခါဖတ်ဖတ်.......

ညီအကိုများ said...

အစ်မ ကဗျာကောင်းတယ်ဗျ..
အခုမှဖတ်ဖူးတာ...ဝေမျှပေးတာကျေးဇူး..

ခင်မင်လေးစားလျက်
မိုးကြယ်