အပွင့်ကိုခူး
အဖူး ငါ့မှာကျန်သေးတယ် . .
အဖူးကိုဖျက်
အခက် ငါ့မှာကျန်သေးတယ် . .
အခက်ကိုချိုး
အရိုး ငါ့မှာကျန်သေးတယ် . .
အရိုးကိုနှုတ်
အငုတ် ငါ့မှာကျန်သေးတယ် . .
အငုတ်ပယ်ရွှေ့
မျိုးစေ့ ငါ့မှာကျန်သေးတယ် . .
မနက်ဖြန်ဆို ငါပင်ပျိုသည်
ဝေစည်စိမ်းလျက် သီးပွင့်ရွက်နှင့်
ခက်လက်ဝေဆာ မြေကမ္ဘာမှာ
သာယာဝင့်လန်း မေတ္တာဖျန်းပြီး
ငါ့လမ်း ငါလျောက်နေဦးမယ် . . .။
ဒေါင်းနွယ်ဆွေ
10 comments:
အပွင့် အဖူး အခက် အရိုး အငုတ် .. တွေ မကျန်နေပေမယ့် ဘ၀ဟာ တစ်ဆစ်ချိုးကွေ့များစွာနဲ့
ကြုံနေရတာမို့ ဘာမှ မကျန်လဲ တစ်ဆစ်ချိုးကွေ့မှာ
အသစ်တစ်မျိုးတွေ့မလားလို့ ဆက်လျှောက်နေဆဲပဲ ..။
ကဗျာနဲ့ သိပ်မဆိုင်လောက်ဘူး ထင်တာပဲ ...
ကိုယ်ဖြစ်တာ ကိုယ်ပြောသွားတယ် မကြီး ...။
ခင်ခင်မင်မင်
မောင်လေး ..။
အိုး...။ ဒါဟာ ကဗျာတစ်ခုမဟုတ်ဘူး...။ သွေးကြောထဲစီးဆင်းနေတဲ့ ၀ိဥာဉ်တစ်ခုရဲ့ တွန်ကြူးသံ သာ ဖြစ်လေရဲ့...။
သွေးတွေပူနွေးသွားပါတယ် ...
ကျေးဇူးပါအစ်မရေ .....
မာန်.......
မာန်........
မာန်.......
.................
.............
နေ့စဉ်ရှင်သန်နေထိုင်မှုမှာလည်း
အဲဒီမာန်လေးတော့ လိုနေသေးတာပဲ...
.............
သာယာဝင့်လန်း မေတ္တာဖျန်းပြီး
ငါ့လမ်း ငါလျောက်နေဦးမယ် . . .။
ကဗျာရဲ့  လှုံဆော်မှုကို ယူသွားပါတယ်။
မျှဝေပေးတဲ့အတွက် ကျေးဇူးအထူးပါ မ..
"မာန်"
ကောင်းလိုက်တာနော်
ဒီလိုနဲ့ဘဲ မာန်တွေတင်း ဘ၀တွေကိုခင်းကျင်းပြသနေကြရပေါ့ မကြီးရေ။
ပုထုဇဉ်သဘာဝ လူဖြစ်နေကြရပြီဆိုမှတော့ ကျွန်တော်တို့ အဲဒီ့မာန်ကြိုးတွေကို တင်းနေအောင် ကျစ်ကြရဦးမှာပေါ့။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ကဗျာလေး ကောင်းလိုက်တာဗျာ။
ဆရာဒေါင်းနွယ်ဆွေကို ကဗျာရေးမှန်းသိပေမယ့် အခုမှ ဖတ်ဖူးပါတယ် အစ်မ...။
မာန်ဆိုတာလေးက အားပါလိုက်တာ..။
လောကမှာ ဒီလိုမာန်နဲ့ ရသလို ရှင်သန် တန်ပြန် တိုက်ခိုက်နေတဲ့သူတွေ ရှိလို့လည်း..
အလကားနေ မာန်တက်နေတဲ့ လောကအမှိုက်တွေ ခေါင်းကိုက် နေရတာပေါ့..။
ဆရာကြီးရဲ့ ကဗျာကို ဖော်ပြပေးတဲ့အတွက် ကျေးဇူးပါပဲ။.။။။
Post a Comment