October 2, 2009

လွတ်တဲ့..ငါး


ကြယ်တွေကြွေမှ
ကောင်းကင်ကြီးက တန်ဖိုးကြီးလာ ။

ငါတို့ မက်ခဲ့ကြတာ
အိပ်မက် ကြီးကြီး
ငါတို့ မျှားခဲ့ကြတာ
သမုဒ္ဒရာ ကြီးကြီး
ငါတို့ ကြီးခဲ့ကြတာ
ငရဲ ကြီးကြီး ။

စပျစ်သီးချဉ်မှာလား
လွတ်တဲ့ငါးက
ကမ္ဘာကြီး ။

သုခမိန်လှိုင်


(အကိုတင်မင်းထက် ငါးပြတိုက်ကိုလာရောက်လှူဒါန်းသွားတဲ့ ငါးတစ်ကောင်ပါ..။ အကိုရေ..ကျေးဇူးတင်ပါတယ်..။)

6 comments:

Mogok Thar said...

စပျစ်သီးတိုင်း မချဉ်မိစေဖို့
လွတ်တဲ့ငါးတွေ မကြီးမိစေဖို့
တင်းတိမ်ရောင့်ရဲရင်း
ကမ္ဘာကြီး စိုပြည်စိမ်းလန်းဖို့တော့.....

MANORHARY said...

ဟုတ်တယ်
လွတ်တဲ့ငါးက
ကမ္ဘာကြီး
နောက်တစ်ခါမိရင်
...........လို့ကြုံးဝါးရင်း
လွတ်ပြီးရင်းလွတ်လွတ်နေတဲ့ ကမ္ဘာကြီး....

emayarKhin said...

ကြယ်တွေကြွေမှ

ကောင်းကင်ကြီးက တန်ဖိုးကြီးလာ ။
ဒါအမှန်တရားလား..?????

Anonymous said...

စပျစ်သီးချဉ်လိမ့်မယ်
ငါးလွတ်သွားသူအဖို့
ကမ္ဘာကြီးက ကျေနပ်လောက်အောင်ကြီးပါ့မလား

မယ့်ကိုး said...

ဆရာသုခမိန်လှိုင်ကဗျာလေးတွေဆို ဘာပဲရေးရေး နှစ်သက်မိတယ်။

Moe Z said...

ပန်းချီကားတွေကို ပုံတူပြန်ဆွဲကြတာကို replica လို့ခေါ်ကြတယ် ...။ ကဗျာကိုလည်း replica လုပ်လို့ရတာတွေများပါတယ်။ ပုံတူပေါ့ ...။ အလုံးစုံတူအောင် မရေးဘဲ ပုံစံတူရေးလို့ရတယ်။ ကဗျာအများစုကိုreplica လုပ်လို့ရတယ်။

ကိုယ်ပိုင် သင်္ကေတတွေမသုံးနိုင်တဲ့သူတွေဟာ သူတို့ရဲ့ ကျွမ်းကျင်မှုကို တခြား သင်္ကေတ အားကောင်းတဲ့သူရဲ့ သင်္ကေတတွေကို replica လုပ်ပြီး ပေါင်းစပ်ကြတယ် ...။ အဲဒီအခါမှာ အားကောင်းတဲ့ ပုံစံတစ်ခုရလာတယ်။

ဂီတမှာဆိုရင် ဆန်တာနားတီးတာတွေကို နားထောင်ကြည့်ရင် တစ်လုံးနှစ်လုံးတီးသွားတာနဲ့ ဆန်တာနားဟန်ကို ထင်းခနဲထွက်လာတာကို သတိထားမိကြပါလိမ့်မယ်...။ Guitarist တော်တော်များများဟာ ဆန်တာနားလို မဖန်တီးနိုင်တဲ့အခါ ဆန်တာနားရဲ့ တီးကွက်တစ်ချို့ကို replica လုပိပြီးကိုယ်ပိုင်ဟန်နဲ့ပေါင်းစပ်ကြတယ်။

replica လုပ်ထားတာနဲ့ မူရင်းနဲ့မှာ အဓိက ကွာခြားတာကတော့ အနုပညာစွမ်းအားဖြစ်ပါတယ်။ တစ်ချို့ကဗျာတွေမှာ replica လုပ်ပြနိုင်တာကို ဂုဏ်ယူနေတာ တွေ့ရတတ်ပါတယ်။ replica လုပ်ထားတာ၊ replica လုပ်ပြီး ကိုယ်ပိုင်ဟန်နဲ့ပေါင်းထားတာတွေဟာ မူရင်း ဖန်တီးသူနဲ့ယှဉ်လိုက်တဲ့အခါ သိသာပါတယ်။ (replica ပန်ချီးကားတစ်ချပ်ကို ဘယ်သူမှ သန်းချီပေးမ၀ယ်ပါဘူး။ )

ကဗျာတစ်ပုဒ်ကို နှလုံးဘယ်လောက်သွင်းပြီးရေးလိုက်သလဲဆိုတာ ကဗျာရဲ့ ရိုက်ခတ်တဲ့ဂယက်ကဖော်ပြနေတာပါပဲ။ ကဗျာဆိုတာ အတတ်ပညာတစ်ခုတည်းနဲ့ ရေးပြလိုက်တယ်ဆိုတာမျိုးထက် အနုပညာအားကောင်းစွာ ရေးဖွဲ့ပေးလိုက်နိုင်တယ် ဆိုတာမျိုးပဲ ပိုခံစားလို့ရပါတယ်။

ဦးလှိုင်ကဗျာတွေဟာ replica လုပ်ဖို့ အခက်ဆုံးကဗျာတွေလို့ခံစားရပါတယ်။

မလိုအပ်ဘဲလေရှည်သွားတယ်ဆိုရင်လည်း Sorry ပါ။
ဦးလှိုင်ဆိုတာကလည်း ကြေငြာကောင်းမှ လူသိမယ့် အရောင်းထိုင်းပစ္စည်းမဟုတ်ပါဘူး။ ကဗျာကို အကျစ်လျစ်ဆုံးရေးပြီး အရိုးဆုံးနိုင်တဲ့ မြန်မာပြည်က လက်တစ်ဆုပ်စာ ကဗျာဆရာစစ်စစ်တွေထဲက တစ်ယောက်ဆိုတာ အားလုံးသိမှာပါ။

ဦးလှိုင် ကဗျာကို ဖတ်လိုက်ရတိုင်း "ဒါဟာ ကဗျာပဲ" လို့ မသိစိတ်ရော သိစိတ်ကပါ လက်ခံမိလျက်သားဖြစ်နေလို့ ၀င်မန့်လိုက်တာပါ။

ကဗျာအတွက် ကျေးဇူးတင်ပါတယ်။ ။