September 30, 2009

ငါးပြတိုက်သို့ ထပ်ပို့မည့် ငါးတကောင် ရဲ့အမည်


ငါ ဆူပွက်လာပြီ

ငါ ဆူပွက်လာပြီ

အေး ကောင်းလိုက်တာ၊ ငါ ဆူပွက်လာပြီ

ငါ့ ..ဆူးတွေပွက်လာပြီ ငါ့ ...ဆူးတွေ ပွင့်လာပြီ

လေထီးဟာ သူ့အသက်ကို မြေမှာဆောင့်ညှစ်ထုတ်ခြင်းမခံရခင် လက်မတင်ကလေး ပွင့်လာသလို

ငါ့ ဆူးတွေ ပွင့်လာပြီ

ငါး ဆူးတွေ ပွင့်လာပြီ ငါးရဲ့ကျောကုန်းက ဆူးတောင်တွေ

ပင်လယ်ရေပြင်မျက်နှာပြင်အောက်ကနေ ဘွားကနဲ

ငါး ဟာ တခဲနက်ပေါ်လာတယ် ဆူးတောင်ကြီးက ငွားစွင့်လို့

ငါး ဟာ ဆူပွက်လာတယ် သွေးဆာလာတယ်

သွေးဟာ ဆာနေတယ်

ဆာနေတဲ့သွေးကို သွေးပဲတိုက်ကျွေးရသတဲ့

သွေးကြွေးဆပ်စရာရှိနေလား

သွေးကို အကြွေးနဲ့ ယူလို့မရဘူးလား

လူနာက နာရီပိုင်းအတွင်းသွေးမရရင် မရှင်နိုင်တော့ဘူး

သွေးမရရင် မရှင်နိုင်တော့ဘူး

ရှင်!….သွေးစိမ်းရှင်ရှင် ဟုတ်လား ကျွန်မလိုက်မကြည့်ပါရစေနဲ့ရှင်

ရှင်တို့ဟာရှင်တို့သာ သေသေရှင်ရှင် တော်သလိုကြည့်လုပ်လိုက်ကြတော့

သေစာရှင်စာလေးမှမတတ်တော့ လက်မှတ်တောင် အရမ်း မထိုးခိုင်းရဲဘူး

သေစာရင်းလက်မှတ်ကို တခါထဲ စောင့်ယူခဲ့

သေတဲ့လူကို လူသေကစောင့်ရမယ်လို့ ..ကဲ..ဒီမှာ..

စောင့်ပြီးသေမယ်လို့မှ မဖြစ်နိုင်တာ သေတာကိုအောင့်ထားလို့ရတာကျနေတာပဲ

အသက်အောင့်ထားပြီး ရေထဲမှာ အကြာကြီးငုပ်နေရင်း ဖြစ်သွားတာ

သူက ငုပ်နေတာကြာပြီ ခုမှ ပေါ်လာတာ

ဘွားကနဲ ငါးဟာ တခဲနက်ပေါ်လာတယ် ဆူးတောင်ကြီး ငွားစွင့်လို့

ငါး ဟာဆူပွက်လာတယ် ငါး ဆူးတွေပွင့်လာပြီ

လေထီးဟာ သူ့အသက်ကို မြေမှာဆောင့်ညှစ်ထုတ်ခြင်းမခံရခင် လက်မတင်ကလေး ပွင့်လာသလို

ငါ့ ဆူးတွေပွင့်လာပြီ၊ ငါ့ ဆူးတွေ ပွက်လာပြီ

ငါ ဆူပွက်လာပြီ၊ အေး ကောင်းလိုက်တာ

ငါ..ဆူပွက်လာပြီ။ ။


ခင်အောင်အေး

၃၀၊ စက်တင်ဘာ၊ ၂၀၀၉ ဘန်ကောက်စံတော်ချိန် ၁၁း၁၈

6 comments:

Craton said...

သေစာရင်းလက်မှတ်ကို တခါထဲ စောင့်ယူခဲ့ ..

ငါ ဆူပွက်လာပြီ၊ အေး ကောင်းလိုက်တာ
ငါ.. ဆူပွက်လာပြီ..

ကဗျာကြီးကလည်း ကြောက်စရာ..း(

Kay said...

ဒီတပုဒ်ကို ဖတ်နေတာ..အိန္ဒြာ့ လက်ရာ နဲ့တူနေတော့.. အေးအေးဆေးဆေး ကို ဖတ်နေမိတာ.. ( ရှင်-- ဆိုတဲ့.. အာမေဋ္ဋိတ် ကလဲ ပါတာကိုး)

အောက်ဆုံးကျမှ.. ကိုခင်အောင်အေး ဖြစ်နေတယ်..
ခုတလော..အဲဒလို..စာလုံးတူ အနက်ခြား ကာရန်အပွား..ကဗျာလေး တွေ..တွေ့တွေ့နေရတယ်..ဖတ်လို့ကောင်း..။း)

အမရာ said...

မမရေ..ကဗျာလာဖတ်သွားတယ်...

မယ်ကိုး said...

သူများငါးတွေလေး ငါးပြတိုက်ထဲ လှလှပပကူးနေတော့ အားကျလိုက်တာ။
မယ့်ငါးလေးကတော့ ငါးခြောက်ဖြစ်သွားပြီ မရေ... =)

tin min htet said...

အိန္ဒြာ အတွက် နောက်ထပ် ငါးတကောင်
.............................

လွတ်တဲ့ငါး

ကြယ်တွေကြွေမှ
ကောင်းကင်ကြီးက တန်ဖိုးကြီးလာ ။

ငါတို့ မက်ခဲ့ကြတာ
အိပ်မက် ကြီးကြီး
ငါတို့ မျှားခဲ့ကြတာ
သမုဒ္ဒရာ ကြီးကြီး
ငါတို့ ကြီးခဲ့ကြတာ
ငရဲ ကြီးကြီး ။

စပျစ်သီးချဉ်မှာလား
လွတ်တဲ့ငါးက
ကမ္ဘာကြီး ။

သုခမိန်လှိုင်

ကိုလူထွေး said...

အိန္ဒြာအတွက် နောက်ထပ် ငါးတပုံး...

http://koluuhtwe.blogspot.com/2009/09/blog-post_29.html

(ဒီလိုကဗျာမျိုး မဖတ်ဖူးဘူး... တကယ် ထူးခြားတယ်...)

းဝ)