အသက်ရှင်မှုအတွက်
ကဗျာရေးတယ် ထင်သလား
စားဝတ်နေရေးအတွက်
ကဗျာရေးတယ် ထင်သလား
ကျော်ကြားမှုဆိုရင်
ဂုဏ်သတင်းဟာ ငါတို့လွှင့်ပစ်ထားတဲ့ဖဲ
ဘ၀တွေဟာ ငါတို့နဲ့ နီးလို့
ခံစားမှုက အတက်အကျ မြန်လို့
သဘာဝဟာ သမိုင်းဆန်လာတယ်
ပြတိုက်ထဲက ပြေးထွက်လာတဲ့
အသွေးအသားက တောက်လောင်
ဦးနှောက်က ဗြောင်းဆန်လာသောအခါ
ငါတို့ကဗျာတွေရေးကြတယ်။
ငါတို့ ညစ်ထေးပေမယ့်
ငါတို့ကဗျာတွေ မညစ်ကြေးဘူး
ယဉ်ကျေးမှုက စည်းဝိုင်းထားသလို
ပတ်ဝန်းကျင်က သိုင်းဝိုင်းထားတယ်
လိုအပ်ရင် ဖောက်ဖျက်ဖို့နဲ့
ဖောက်ထွက်ဖို့ကအဆင်သင့်
ငါတို့လက်တွေ လှုပ်မရသောအခါ
ငါတို့ပါးစပ်တွေဆွံ့အသောအခါ
ငါတို့ကဗျာတွေရေးကြတယ်။
နိုင်ငံရေးက ငါတို့မလွှင့်တဲ့အလံ
လှုံဆော်မှုက ပစ်ချထားတဲ့ သေတ္တာ
ခေတ်ထဲမှာ နေထိုင်ပြီး
ခေတ်ကို ပြန်တွန်းလှန်ဖို့
ငါတို့ကဗျာတွေရေးကြတယ်။
ရိုးသားမှုဟာ ငါတို့ကဗျာမှာ စီးဆင်းသွားတဲ့မြစ်
စေတနာဟာ ငါတို့ကဗျာရဲ့ ကျောရိုး
ကဗျာလိုတွေးပြီး ကဗျာလိုရေးတယ်
ပတ်ဝန်းကျင်ထိန်းသိမ်းရေး စိတ်မ၀င်စားဘူး
လေထုညစ်ညမ်းမှု ငါတို့မတွေးဘူး
ဘတ်စ်ကားစီးတယ်
လမ်းလျှောက်တယ်
သာမာန်လူတစ်ယောက်လို နေထိုင်တယ်
ငါတို့ချွေးကို ငါတို့စတေးထားပြီးပြီ
ငါတို့သွေးကို ငါတို့ရေးထားခဲ့ပြီးပြီ
မရိုးမရွ နှိုးဆွလာသောအခါ
နှာချေသလို ငါတို့ကဗျာတွေ
ချေထုတ်လိုက်တယ်။
ငါတို့ကဗျာဟာ ဗိုက်ဆာတတ်တယ်
ရေသောက်တတ်တယ်
တခါတလေ အရက်နံ့တွေ နံတတ်တယ်
ဆောင့်ကြွားကြွားနဲ့ အနော်ရထာလမ်းပေါ်
ဖြတ်လျှောက်သွားတာ (ရပ်ပ်ပါ) မဟုတ်ဘူး
ကဗျာဆရာ
မာနဟာ ငါတို့ရဲ့ဓား
ဆင်းရဲမှုဟာ ငါတို့ရဲ့ ချမ်းသာမှု
ခေါင်ခိုက်မနေဘူး
လောင်မြိုက်မနေဘူး
ကဗျာလိုတွေးပြီး ကဗျာလိုရေးတယ်
ဘယ်သူ့ကိုမှ မထိခိုက်သလို
ဘယ်သူ့ကိုမှ မဝေဖန်ဘူး
ကမ္ဘာအကြောင်းရေးတယ်
ကောင်းကင်းအကြောင်းပြောတယ်
ကြယ်တွေဟာ ငါတို့ဝှက်ထားတဲ့ အိပ်မက်
မြစ်တွေဟာ ငါတို့နင်းသွားမယ့်လမ်း
လူတွေဟာ ငါတို့နဲ့ အမျိုးတူသတ္တ၀ါ
အတ္တကို အတ္တချင်း
အနတ္တကို အနတ္တချင်း
ရှင်းမနေဘူး
ပိရမစ်ကို ပြောင်းပြန်လှန်သလို
ငါတို့ကဗျာတွေရေးတယ်
စိမ့်ဝင်သွားသလို ထိုးဖောက်မှုနဲ့
ငါတို့ကဗျာတွေရေးနေတယ်
ဒါ ငါပြောချင်တဲ့ ငါ့ကဗျာအကြောင်း
ဒါ ငါပြောချင်တဲ့ ငါ့အကြောင်း
ဒါ ငါပြောချင်တဲ့ ငါတို့ကဗျာဆရာတွေနဲ့
သူ့တို့ကဗျာတွေအကြောင်း
ပြီးတော့ ခင်ဗျား ကျွန်တော့်တို့ကဗျာကို
ဘာအကြောင်းပြချက်နဲ့ စာမျက်နှာပေါ်က
ဆွဲဆုတ်ပစ်လိုက်သလဲဆိုတဲ့အကြောင်း။ ။
ကဗျာရေးတယ် ထင်သလား
စားဝတ်နေရေးအတွက်
ကဗျာရေးတယ် ထင်သလား
ကျော်ကြားမှုဆိုရင်
ဂုဏ်သတင်းဟာ ငါတို့လွှင့်ပစ်ထားတဲ့ဖဲ
ဘ၀တွေဟာ ငါတို့နဲ့ နီးလို့
ခံစားမှုက အတက်အကျ မြန်လို့
သဘာဝဟာ သမိုင်းဆန်လာတယ်
ပြတိုက်ထဲက ပြေးထွက်လာတဲ့
အသွေးအသားက တောက်လောင်
ဦးနှောက်က ဗြောင်းဆန်လာသောအခါ
ငါတို့ကဗျာတွေရေးကြတယ်။
ငါတို့ ညစ်ထေးပေမယ့်
ငါတို့ကဗျာတွေ မညစ်ကြေးဘူး
ယဉ်ကျေးမှုက စည်းဝိုင်းထားသလို
ပတ်ဝန်းကျင်က သိုင်းဝိုင်းထားတယ်
လိုအပ်ရင် ဖောက်ဖျက်ဖို့နဲ့
ဖောက်ထွက်ဖို့ကအဆင်သင့်
ငါတို့လက်တွေ လှုပ်မရသောအခါ
ငါတို့ပါးစပ်တွေဆွံ့အသောအခါ
ငါတို့ကဗျာတွေရေးကြတယ်။
နိုင်ငံရေးက ငါတို့မလွှင့်တဲ့အလံ
လှုံဆော်မှုက ပစ်ချထားတဲ့ သေတ္တာ
ခေတ်ထဲမှာ နေထိုင်ပြီး
ခေတ်ကို ပြန်တွန်းလှန်ဖို့
ငါတို့ကဗျာတွေရေးကြတယ်။
ရိုးသားမှုဟာ ငါတို့ကဗျာမှာ စီးဆင်းသွားတဲ့မြစ်
စေတနာဟာ ငါတို့ကဗျာရဲ့ ကျောရိုး
ကဗျာလိုတွေးပြီး ကဗျာလိုရေးတယ်
ပတ်ဝန်းကျင်ထိန်းသိမ်းရေး စိတ်မ၀င်စားဘူး
လေထုညစ်ညမ်းမှု ငါတို့မတွေးဘူး
ဘတ်စ်ကားစီးတယ်
လမ်းလျှောက်တယ်
သာမာန်လူတစ်ယောက်လို နေထိုင်တယ်
ငါတို့ချွေးကို ငါတို့စတေးထားပြီးပြီ
ငါတို့သွေးကို ငါတို့ရေးထားခဲ့ပြီးပြီ
မရိုးမရွ နှိုးဆွလာသောအခါ
နှာချေသလို ငါတို့ကဗျာတွေ
ချေထုတ်လိုက်တယ်။
ငါတို့ကဗျာဟာ ဗိုက်ဆာတတ်တယ်
ရေသောက်တတ်တယ်
တခါတလေ အရက်နံ့တွေ နံတတ်တယ်
ဆောင့်ကြွားကြွားနဲ့ အနော်ရထာလမ်းပေါ်
ဖြတ်လျှောက်သွားတာ (ရပ်ပ်ပါ) မဟုတ်ဘူး
ကဗျာဆရာ
မာနဟာ ငါတို့ရဲ့ဓား
ဆင်းရဲမှုဟာ ငါတို့ရဲ့ ချမ်းသာမှု
ခေါင်ခိုက်မနေဘူး
လောင်မြိုက်မနေဘူး
ကဗျာလိုတွေးပြီး ကဗျာလိုရေးတယ်
ဘယ်သူ့ကိုမှ မထိခိုက်သလို
ဘယ်သူ့ကိုမှ မဝေဖန်ဘူး
ကမ္ဘာအကြောင်းရေးတယ်
ကောင်းကင်းအကြောင်းပြောတယ်
ကြယ်တွေဟာ ငါတို့ဝှက်ထားတဲ့ အိပ်မက်
မြစ်တွေဟာ ငါတို့နင်းသွားမယ့်လမ်း
လူတွေဟာ ငါတို့နဲ့ အမျိုးတူသတ္တ၀ါ
အတ္တကို အတ္တချင်း
အနတ္တကို အနတ္တချင်း
ရှင်းမနေဘူး
ပိရမစ်ကို ပြောင်းပြန်လှန်သလို
ငါတို့ကဗျာတွေရေးတယ်
စိမ့်ဝင်သွားသလို ထိုးဖောက်မှုနဲ့
ငါတို့ကဗျာတွေရေးနေတယ်
ဒါ ငါပြောချင်တဲ့ ငါ့ကဗျာအကြောင်း
ဒါ ငါပြောချင်တဲ့ ငါ့အကြောင်း
ဒါ ငါပြောချင်တဲ့ ငါတို့ကဗျာဆရာတွေနဲ့
သူ့တို့ကဗျာတွေအကြောင်း
ပြီးတော့ ခင်ဗျား ကျွန်တော့်တို့ကဗျာကို
ဘာအကြောင်းပြချက်နဲ့ စာမျက်နှာပေါ်က
ဆွဲဆုတ်ပစ်လိုက်သလဲဆိုတဲ့အကြောင်း။ ။
တည်ရ
(သြဂုတ်လ၊၂၀၀၉ခုနှစ် ၊ စင်ကာပူနိုင်ငံထုတ်၊ သဇင်မဂ္ဂဇင်း)
11 comments:
ကျွန်တော့်ဖီလင်နဲ့လည်း တိုက်ဆိုင်ခံစားသွားပါတယ်...
ကဗျာလေးက တောက်တောက်လောင်လောင် ခံစားမှုကို ရတယ်...။
ဒီလိုပါပဲ ကျွန်တော်တို့ ကဗျာရေးကြတယ်..။
ဘာမှအထွေအထူး ပြောပြနေစရာတော့မရှိ..။
ဖတ်သွားပါတယ်အစ်မ :)
ငါတို့ ကဗျာတွေရေးတယ်.....
ကဗျာရေးသူတွေလည်း စိတ်ကူးကို တခါတလေ အချုပ်ချခံရတတ်သကိုး...
အမှန်တရားတစ်ခုကို မာန်ပါပါနဲ့ ဖွင့်ပြထားတာပဲ..
ခံစားဖတ်ရှုသွားပါတယ်....
ခင်မင်လေးစားချစ်ခြင်းအားဖြင့်..
ဒါ ငါပြောချင်တဲ့ ငါ့ကဗျာအကြောင်း
ဒါ ငါပြောချင်တဲ့ ငါ့အကြောင်း...
ကဗျာလေးကြိုက်တယ်...မ.
စိတ်နှလုံးကို ရိုက်ပုတ်လိုက်တိုင်း ကဗျာတွေရေးနေဦးမှာပါ။ ဖတ်မယ့်သူမရှိလည်း နားမလည်ဘူးဆိုကြလည်း ဘာပဲဖြစ်ဖြစ် ...ရေးနေမှာပါ။
ဒီကဗျာက အားသိပ်ပါတယ်မကြီး။ ကဗျာဖတ်ပြီး အတွေးတွေတွင်မဟုတ်ဘူး သွေးတွေပါ နွေးထွေးသွားတယ်။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ထွက်ပေါက်တစ်ခုအတွက်တော့ ကဗျာတွေ ချရေးမိပါတယ်...
ချစ်ခင်လေးစားစွာဖြင့်
မျောက်မျောက်
မရေ..အမရာဖီလင်နဲ့လဲ
ကွက်တိဘဲ...ဝေမျှပေးတဲ့အတွက်
ကျေးဇူးပါ......
လာဖတ်သွားပါတယ်
ကျနော်ထင်တယ်... အဲဒီကဗျာဆုတ်ပြစ်လိုက်တဲ့ လူက အတော်လေးဗိုက်နာနေလို့ ကြံရာမရ တွေ့မိတွေ့ရာ စာမျက်နှာကိုလုပ်လိုက်တာ ဖြစ်မှာပါ။ ခွင့်လွှတ်လိုက်ပါဗျာ... ။ အဲဒီလိုအခါမျိုးဆိုတော့ နားလည်ပေးသင့်ပါတယ်။ :)
အားကြီးခင်တဲ့...
မိုးမောင်
Post a Comment