March 13, 2010

သူ့ရေတွေဖေါက်ချခံနေရတဲ့ ငါး

ငါးဟာ
အပျင်းပြေ အသတ်ခံဖို့အတွက်တော့
နွံအိုင်ကို ခံတပ်လုပ်မနေဘူး....

သူ့အကြေးခွံ လှန်မပစ်နိုင်သေးသ၍...

သူ့ယုံကြည်ချက် ရွှံ့တွေ နွံတွေကြား
သူ့သစ္စာတရားကနေ
ပတ္တမြား ထပွင့်နိုင်ကြောင်း ပြလိမ့်မယ်။

အိန္ဒြာ
(၁၃.၃.၂၀၁၀)

13 comments:

Angel Shaper said...

သူ့အကြေးခွံ လှန်မပစ်နိုင်သေးသ၍...
သူ့ယုံကြည်ချက် ရွှံ့တွေ နွံတွေကြား
သူ့သစ္စာတရားကနေ
ပတ္တမြား ထပွင့်နိုင်ကြောင်း ပြလိမ့်မယ်။

ဟုတ်တယ်နော်။ တိုတိုနဲ့ ထိတဲ့ စကားလုံးတွေ။
ကြိုက်တယ်။

tin min htet said...

ဒါမှ .. ကဗျာ

မေငြိမ်း said...

ဟုတ်ပါ့..
သေချာပေါက် အိန္ဒြာ ဟာ.. ကဗျာဆရာမ..
အရသာရှိလိုက်တဲ့ ကဗျာ..။

MANORHARY said...

တချို့ကစားကွက်တွေက သိပ်ပျင်းစရာကောင်းတယ်လို့ ထင်ရပေမယ့် အန္တရာယ်လည်းများရဲ့ .. ယုံကြည်ချက် တွေကို ချလောင်းလို့ ဘာပြန်ရနိုင်မှာမို့လဲ .. အဲဒီ သစ္စာ တရားရနံ့သင်းတဲ့ ယုံကြည်ချက်တွေနဲ့ပဲ ဆက်ပွင့်လိုက် ကြရအောင် ..

မယ့်ကိုး said...

အနှစ်တွေ သိမ်းထုပ်ထားပြီး ရောင်စဉ်တွေ ဖြာထွက်နေ သလို ... အရမ်းကြိုက်တာပဲ မရယ်

Anonymous said...

ကောင်းလိုက်တာ..............
အဲ့လိုငါးမျိုး များများပေါက်ပါစေ။

Anonymous said...

ကောင်းလိုက်တာ..............
အဲ့လိုငါးမျိုး များများပေါက်ပါစေ။

လင်းဒီပ said...

ငါးတစ်ကောင်ရဲ့ မာန်...။

Ree Noe Mann said...

ရွှံ့တွေ နွံတွေကြားမှာ ရောက်နေကြတဲ့
ငါးတွေသာ ပတ္တမြား ပွင့်နိုင်ခွင့်ရခဲ့ရင်
သိပ်ကောင်းမှာပဲနော်။

ခုတော့.........

Moe Myint Tane said...

အများကြီးပဲ။ ဖြန့်ကျက်တွေးခေါ်စရာတွေပေါ့။
ကဗျာနဲ့ တူသောကဗျာ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Mogok Thar said...

သစ္စာတရား
ပတ္တမြားထပွင့်မဲ့
ငါးးးးးးးးးးးးးးး

emayarKhin said...

ကဗျာကအစ...ရဲရင့်နေလိုက်ပုံ.......

1ashinsasa said...

ရေးပြနိုင်တဲ့ စာသားတွေထက်
ပိုပြီး လေးနက်တဲ့အတွေးတွေပါပဲ။