ရာသီဥတုက မိုးရွာပြီးစနေပူရှိန်နဲ့ နွေးမြကြည်လင်လို့
ရုံးပိတ်ရက်တို့ ထုံးစံအတိုင်း ၉နာရီကျော်တဲ့ အထိခြေကန် အိပ်နေရာမိရက လူးလဲထမိခဲ့တယ်.။.
ဒီနေ့ မြန်မာပြည်က ပန်းချီဆရာတွေရဲ့ ပြပွဲကိုသွားမှာ....ပဲ.။
သူများတိုင်းပြည်မှာမို့လားမသိ ကိုယ့်တိုင်းပြည်ကလာပြီးကျင်းပတဲ့
အနုပညာနဲ့ဆိုင်ရာ..ဘာပွဲလေးတွေပဲ ရှိရှိ ရင်ခုန်လှုပ်ရှားလို့
မြန်မာပြည်ရဲ့ နာမည်ကျော် ပန်းချီဆရာတွေ...တဲ့
ပန်းချီတွေ အနုပညာပြကွက်တွေ ရဲ့သိမ်မွေ့နူးညံ့စေတတ်တဲ့ ဖမ်းစားမှု အတိုင်း မျောလွင့်လိုက်ပါရင်း
ကဗျာရေးချင်စိတ်ဆီကို တစိမ့်စိမ့်ကူးပြောင်းသွားခြင်းစိတ်အလျင် အစီးအဆင်းက
ကြည်နူး ကျေနပ်စရာကောင်းလွန်းလှတယ်လေ.။
+++++++++++++++++++++++++++++++++++++++++++++++++
နေရာက Dhoby Ghaut MRT ၊ Plaza Singapura ရဲ့နောက်ဘက်
OSAGE Singapore
11B Mt Sophia, #01-12
ဒီလှေခါးအတိုင်းတက်ရခြင်း ဆင်းရခြင်းကိုက ဘယ်အရာပဲဖြစ်ဖြစ်သက်တောင့်သက်သာရှိလွန်း
အဆင်တသင့်နိုင်လွန်းသော ဒီနိုင်ငံ မှာ ခံစားမှုတစ်မျိုးကို ရရှိနေစေမှာ သေချာနေပါတာပေါ့..။
ဒီဝန်းကြီးထဲက အဆောက်အဦထဲမှာ...ပြပွဲက ငြိမ်သက်တိုးတိတ်စွာ ခန့်ငြားနေခဲ့တာ..။
ပြပွဲရဲ့နာမည်က
ပြပွဲမှာ ပါဝင်ပြသကြမယ့် အနုပညာရှင်တွေ
ပထမဆုံးဝင်မိသည်က ပန်းချီဆရာကိုစိုးနိုင်ရဲ့အခန်းလေးပါပဲ
တစ်ခန်းလုံး ကို Installation Art နဲ့ဖန်တီးတင်ဆက်ထားပြီး အခန်းထဲဝင်လိုက်တာနဲ့
ဘယ်လိုမှန်းမသိတဲ့ မွန်းကြပ်လှုပ်ရှားမှုတစ်ခုကို ဟုန်းကနဲရသွားခဲ့ပါတယ်။
ခြင်ထောင်ချထားတဲ့ အထဲက ရှေးဟောင်းရုပ်ကြွင်းလို အရာတွေ နံရံတွေ တောက်လျှောက်မှာ
တရုတ်စာတွေလို အရောင်တောက်တောက်ပန်းချီကားတွေ
နောက်..
ပန်းချီဆရာရဲ့ လက်ရေးမူနဲ့ စာသား နစ်ကနဲရင်ဝကိုစိုက်ဝင်သွားခဲ့ရသည်ပေါ့..။
အိမ်မှာတော့ လက်တွေဟာ လေယက်တောင်ဖြစ်ရ
မိုးဘယ်တော့ရွာမလဲ...
တစ်နေ့တစ်နေ့ အပူဒဏ်ကို စင်းစင်းကြီးတွေခံနေရ
မိုးဘယ်တော့ရွာမလဲ...
တစ်နေ့တစ်နေ့ အပူဒဏ်ကို စင်းစင်းကြီးတွေခံနေရ
နောက် The Taste Of Liquid လို့အမည်ပေးထားတဲ့ Emily Phyo ရဲ့ ပြကွက်
ကွဲနေတဲ့ အိုးထဲမှာ ကိုကာကိုလာ အချိုရည်တွေ.....
တင်ဆက်သူက
From the village to city , from plain water to Coca Cola,
လို့အစချီပြီး သူ့တင်ဆက်မှုကို မိတ်ဆက်ပေးထားခဲ့တာပါ..
ဆရာစိုးနိုင်နဲ့ကပ်ရက်အခန်းမှာက ဆရာမြတ်ကျော့ရဲ့ ပန်းချီကားတွေ ..
နောက် ဗုဒ္ဓရဲ့ဆုံးမ ဟောညွှန်ပြသ ခဲ့တဲ့ ဖြစ်မှုပျက်မှုတွေနဲ့ ကံကြမ္မာဇယ်တောက်ရာမှာ စင်းစင်းခံနေကြရတဲ့ ဘ၀တွေ
နောက်ထပ်အခန်းကျယ်ကြီးတစ်ခုထဲမှကြတော့..
ဆရာMPP Yei Myintရဲ့လက်ရာတွေ..
နောက် ဆရာဦးအောင်မြင့်ရဲ့လက်ရာ..
နောက် ဆရာသည်မော်နိုင်ရဲ့ အတွေးလက်ရာ
စာတွေကိုဖတ်နေရင်း တစ်ကိုယ်လုံးမျောပါသွားသလိုပါပဲ...ရေစုန်လား..ရေဆန်လား.....
ကျွန်မတို့ ဒီလို မဆုံးအောင် လှော်ခတ်နေခဲ့ကြရတာ...။
အဲဒီ့အခန်းလေးထဲမှာပဲဗွီဒီယို ဆလိုက်နဲ့ပြသထားတဲ့ မ၀ါနုရဲ့လက်ရာ ပြကွက်ကို
တိုက်ဆိုင်လွန်းအားကြီးနေတာမို့ တအံ့တသြကြည့်နေမိပါတယ်
၁၉၉၇ လောက်ကနေ ၂၀၀၀ ခုနှစ်အထိ ကိုယ်ကိုယ်တိုင်ဆောက်လာခဲ့တဲ့ တိုက်တွေ
၂၀၀၁ခုနှစ် တစ်နှစ်လောက်ကိုယ်တိုင်နေခဲ့ဖူးခဲ့တဲ့တိုက်တွေ...
တောင်ဒဂုံ ၂၆ ရပ်ကွက် ယဉ်ကျေးမှုတက္ကသိုလ်နားမှာရှိတဲ့.....
အောင်ဇေယျတန်ဖိုးနည်းအိမ်ရာက အခု ဒီနေရာက ပိတ်ကားလေးထဲမှာ.......
There was no electricity regular supply , whether day or night .
When the light goes out in the darkness some chat and some move about friendless .
Others eat,work,teach and learn under the candlelight.
အဲဒီ့ကာလ..ဖယောင်းတိုင်မီးထဲမှာ ရေးခဲ့တဲ့စာတွေကဗျာတွေ ဘယ်နည်းလိမ့်မလဲလေ။
နောက် အဲဒီ့အခန်းထဲမှာပဲ
ဆရာဇာမင်းထိုက်ရဲ့ ရဲရင့်ထက်မြက်သော ရေးဟန်တွေးဟန် ရေးချက် တွေးချက်တွေ
ကိုဇက်ရဲ့ ပိတ်ဖြူစတစ်စဆန့်လာခဲ့တဲ့ ခရီိး...နောက်ဓါတ်ပုံတွေ ဗွီဒီယိုပြကွက်
Since a few year ago , I have become very interested in the movement and senses of animals
လို့ အစချီပြီး...
ငါးကနေ ဒိုင်နိုဆောအထိ........ ပြကွက်ရဲ့နာမည်က Room ဖြစ်ပါတယ်
သိပ်ကောင်းလွန်းတဲ့ ပြကွက်တွေထဲက ပုံထွက်ကောင်းတဲ့ ပုံလေးတစ်ပုံပဲ တင်ပြခွင့်ရတာ နှမျောစရာပါ...
သိပ်ထူးခြားတာကတော့ ဆရာမင်းသိမ်းဆောင်ရဲ့ REST ROOM လို့ အမည်ပေးထားတဲ့ installation art ပြကွက်ပါပဲ..။
I have notice that the rest room is one place used by every one . It provide a moment of respite -even for a moment _from stress and anxiety. Rest in a rest room: in an enclose space , find a moment of respite . In this room , you can forgo all inhibition.
နေရာဒေသမျိုးစုံကို ရောက်ရှိလာခဲ့တဲ့ ဘိုထိုင်အိမ်သာ အဟောင်းတစ်လုံးနဲ
့ဆရာ့ရဲ့အာဘော်တစ်စွန်းတစ်စ ၊ သင်ဘာတွေရလိုက်မလဲ...၊ ကျွန်မရော.....
တွေးစရာတွေ သိပ်များသွားတဲ့ ပြကွက်မျိုးတွေပါပဲ..
နောက်တော့ ဆရာထွန်းဝင်းအောင်ရဲ့ရထားမှာ လိုက်ပါစီးနင်းလို့
In the train , I reconsidered the relationship between my life and myself .
ကျွန်မတို့ရော ကျွန်မတို့စီးနင်းခွင့်ရခဲ့တဲ့ရထားပေါ်မှာ..ကျွန်မတို့ဘ၀နဲ့ကျွန်မတို့စိတ်အကြား
တစ်သားတည်းပေါင်းစည်းနေနိုင်ပါရဲ့လား...။
+++++++++++++++++++++++++++++++++++++++++++++++++
နောက်ဆုံးတော့ ဒီအဆောက်အဦးကြီးရဲ့အမိုးပေါ်က လယ်ကွင်းဆီကိုရောက်လာခဲ့ပါတယ်။
စိမ်းမြနေတဲ့ စပါးပင်ပေါက်လေးတွေနဲ့
လယ်သမားတစ်ဦးလို ဘောင်းဘီအနားစမှာ မြေစမြေနတွေနဲ့ ရေစိုလက်စတွေနဲ့ ဦးထုတ်အဟောင်းတစ်လုံးနဲ့
ဒီကဏ္ဍကို ဖန်တီးတင်ဆက်သူ ပန်းချီဆရာပိုပို..
ကျန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ဒီပြကွက်အတွက် စမ်းသပ်မှုတွေ အဆင့်ဆင့်ပြုလုပ်ပြီး
အတော်လေးကို အပင်ပန်းခံပြီးမှ ပြသနိုင်ခဲ့တယ်လို့ သိရပါတယ်..။
အနုပညာသမားတိုင်း သူ့ဖန်တီးမှုတွေအတွက် ၀ါယမစိုက်ထုတ်နိုင်မှုဟာ..သိပ်ကို အံ့သြလေးစားစရာကောင်းနေမှာပါ
အခု မလေးရှားကမြေကြီးတွေ နဲ့ စင်ကာပူနေ စင်ကာပူမိုးမှာ စမ်းသပ်စိုက်ပျိုးထားတဲ့
ဖေါ့ဘူးအဖြူ၂၅၀၀ ထဲကစပါးခင်းလေး..
တစ်ချို့က ကြီးထွားအောင်မြင်လို့
တစ်ချို့က အပင်တောင်ဖြစ်မလာနိုင်အောင် အလှီလှီ အကျုံကျုံ..
ဒီစပါးပင်လေးတွေရဲ့ ဆင့်ကဲဖြစ်စဉ်....
ဒီစပါးပင်လေး..ရဲ့ အဆင့်ဆင့်ကြီးထွားရင့်သန်ခြင်းအနုပညာ..
အဖြူရောင်ဘူးထဲက အစိမ်းရောင်စပါးပင်တွေ..
ရာသီဥတု ကျေးငှက်တိရစ္ဆန် သဘာဝဘေးအန္တရယ်တွေရဲ့ဒဏ်ကို ဒီဖေါ့ဘူး၂၅၀၀ ထဲက ဘယ်နှစ်ပင် တောင့်ခံနိုင်မလဲ
ဘယ်နှစ်ပင် အရွယ်ရောက်မလဲ........
ဘယ်နှစ်ပင် အသီးတွေအောင်မလဲ........
သင်ရော စပါးမစိုက်ချင်ဘူးလား..
သင်ရော..လယ်သမားတစ်ယောက်မဖြစ်ချင်ဘူးလား....
ပန်းချီဆရာ ပိုပိုက ဖေါ့ဘူးအဖြူလေးတစ်လုံးကို (သစ်ရွက် ၃ ရွက် )နှုန်းနဲ့ရောင်းချပေးသွားမှာပါ။
စပါးပင်လေးတွေကို ၂၀.၅.၂၀၁၀ လောက်မှာ ပြပွဲအောက်ထပ်က stage မှာ လှေခါးထစ်စိုက်ခင်းတစ်ခု စိုက်ပျိုးပြဦးမှာပါ.
စပါးပင်လေးတွေ ကြီးထွားရင့်သန်လာခြင်း အဆင့်ဆင့်ကို ဗွီဒီယိုပရိုဂျက်တာတွေနဲ့ တင်ဆက်ပြသဦးမှာပါ...
ဆရာပိုပိုက စပါးပင်လေးတွေကိုနေ့စဉ် ပေါင်းသင်လို့
အတိုင်းအတာတွေ တိုင်းတာတွက်ချက်လို့
မအောင်မြင်ရှာတဲ့ စပါးပင်လေးတွေကို ကြိုးစားပမ်းစားကုသလို့
လိုအပ်ရင် နှုတ်သင်ဖယ်ရှားလို့..
အဲဒီ့ စပါးပင်တွေကနေ သူ့အနုပညာတွေ ရင့်မှည့်လာမှာကို သူမြင်ယောင်ကြည်နူးလို့....
+++++++++++++++++++++++++++++++++++++++++++++++++
ပြန်လာတော့ ကြည်နူးကျေနပ်မှုတွေနဲ့ ရင်ခုန် လှုပ်ရှားလို့ရယ်
အနုပညာဆိုတာရဲ့ ကျယ်ပြောလွပ်လပ်လွန်းလှတဲ့ အာရုံခံစားမှုအသိအမြင်လမ်းစတစ်ခု
ထင်းကနဲ လင်းပွင့်လို့
စီးထွက်ဖို့ခက်ခဲနေတဲ့ ရေမျောင်းတစ်ခုကို ဖေါက်ချခံလိုက်ရသလို...
စိတ်ကူးတွေ...အလျင်မပြတ်..စီးမျောရွေ့လျား...
သူများမြေပေါ်က..ကိုယ့်လူမျိုးတွေရဲ့အနုပညာစွမ်းအား...တွေ
နောက်အနုပညာဆိုတာ တိုင်းပြည်တစ်ပြည်နဲ့ တိုင်းသူပြည်သားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးပြယုဂ်တစ်ခု
တို့ ဗမာတွေ...
တို့မြန်မာတွေ...အဲသလို နှလုံးအိမ်ကနေ သွေးကြောမတွေအထိ ပဲ့တင်ရိုက်ခတ်နေခဲ့ပါတယ်..။
+++++++++++++++++++++++++++++++++++++++++++++++++
ကဲ မိတ်ဆွေကိုယ်စိတ်ပျိုးသမျှ ကိုယ်ပြန်ရိပ်သွားဖို့ မသေချာတာသေချာနေပေမယ့်
ကျွန်မတို့ စပါးစိုက်ကြရအောင်လား..။
+++++++++++++++++++++++++++++++++++++++++++++++++
အိန္ဒြာ(၁၅.၅.၂၀၁၀)
သိချင်တဲ့ အချက်ကလေးတွေကို ပြောပြပေးတဲ့ ဆရာပိုပို့ကို ကျေးဇူးအထူးတင်ရှိပါတယ်..။
14 comments:
သားငယ် ပထမ!!!!!!!!!!
ခုမှ ပို့စ်ပြန်ဖတ်ရမှာ .. တီသင်းသင်းကို ကြောက်လို့။
:P
ကဗျာဆရာမလေး အိန္ဒြာ.........
အနုပညာ တူညီစီးဆင်းမှုတစ်ခုလို့ ပြောပါရစေ...
အခုလို မျှဝေ ဖော်ပြပေးတဲ့အတွက် ကျေးဇူးပါပဲ....
မမအိန္ဒြာရေ..ကိုယ်တိုင်ရောက်ခဲ့လိုက်
သလိုပဲ..ဖတ်ရင်းကြည့်ရင်ခံစားရတယ်...
ထင်တဲ့အတိုင်းပဲ။ ပို့စ်လည်းဖတ်ကြည့်ပြီးရော သူများကွန်းမန့်တွေက ချက်ချင်းကိုတက်လာတယ်။ ဟွင့်။ တော်သေးးးးးတာပေါ့ကွာ...။
ကိုယ့်လူမျိုးတွေရဲ့ အနုပညာကို တစ်ဝကြီးခံစားသွားတယ်။ စကားမစပ်
လယ်ကွင်းထဲက တောခပ်ကျကျ လယ်သူမတစ်ယောက် ကောင်စိုက်နေတာကို သားငယ်မြင်လိုက်တယ် :P
အမရေ ဒီနေ့ရောက်ခဲ့တယ်ဗျ... မိုးကလည်းရွာ ညနေပိုင်းလည်းဖြစ်တော့ သေချာ မကြည့်နိုင်ခဲ့ဖူး... ဘယ်လိုဖြစ်ဖြစ် ရောက်ဖြစ်တော့ သူတို့တွေရဲ့ပြကွက်တွေမှာ လေးစား အံ့သြရင်း ပြန်လာခဲ့ရတယ်... မှတ်မှတ်ရရ လမ်းမှားပြီး တခြားနေရာတွေရောက်ကုန်လို့...
ကျွန်တော် မသိလို မသွားဖြစ်လိုက်ဘူး...။ အစ်မေ၇းထားတာလေးတွေပဲ ဇိမ်နဲ့ ထိုင်ဖတ်တော့မယ် ..ဟဲဟဲ..။
ဒါနဲ့ နောက်ဆုံးပုံထဲက ချောချောနဲ့ လယ်သူမကြီးက ဘယ်သူလဲဗျ..။
nice!
ဒီနေ့ သွားရောက်ခံစားဖြစ်ပေမယ့်
စိတ်ထဲ တစ်ခုခု အတွေးတွေ လိုနေတယ်လေး)
ခု ပို့စ်လေး ဖတ်လိုက်ရတော့ ကျေနပ်သလို
ကြည်နူးပျော်ရွှင်သွားကြောင်းပါ....
(ကိုယ့်ဟာကိုယ် အဖြေရှာမရတာတစ်ချို့ တွေ့သွားလို့ :D)
ကျေးဇူးပါ...
art show ရှိတာတောင် မသိလိုက်ဘူး။
ပြန်လည်ဝေမျှ ခံစားခွင့်ပေးလို့ ကျေးဇူးပါ...မရေ။
အောင်ကို သတင်းပေးလို့ ဒီပွဲကို သိနေခဲ့တယ်။ ခွင့်မကြုံ လိုက်ဘူးပေါ့။ နောက်တစ်ပွဲရှိသေးတယ် ။
အစ်မရေ ဂုဏ်ယူဝမ်းမြောက်မိပါတယ်..
ခင်မင်လေးစားလျက်
မိုးကြယ်
ပန်းချီကားတွေကြည့်သွားတယ် မအိန္ဒြာရေ..။ မျှဝေတာကျေးဇူးပါ။
ကျေးဇူးနော် ပင်ကွင်းငှက်နေပူလို့စောင်ချုံထားတာ
လေးကတော့ တော်တော်လေးကိုပီပြင်တယ်နော်
ကျေးဇူးပါမရောက်လိုက်ဘဲ ရောက်ခဲ့ရတဲ့အတိုင်း
ခံစားလိုက်ရလို့
ပန်းချီကားတွေလာကြည့်သွားပါတယ်။
ပြတိုက်ထဲ ကိုယ်တိုင်ဝင်ကြည့်လိုက်ရသလိုပဲ..
ကျေးဇူးးနော်။
မသိခဲ့ဘူး ....သွားခွင့်မရပေမယ့် ဖတ်ခွင့်ရလို့ ကျေးဇူးပါနော် ချစ်မလေး။
နောက်တစ်ပွဲကျရင် မယ့်လည်း ခေါ်ပါနော် =)
Post a Comment