June 25, 2010

ဖက်ရှင်ကဗျာ

အဆင်မပြေဘူးဆိုတာ ဖက်ရှင်ဖြစ်လာတဲ့အခါ
ဒီကဗျာကလည်း...ဖက်ရှင်ကဗျာ။

မနေ့ ကညစ်ခဲ့တဲ့ စိတ်အဟောင်းထည်လေးကောက်ဝတ်ပြီး
ဒီနေ့ နဲ့ လေးလေးကန်ကန်ကြီး ပျော်ရည်စီးဆင်းဖို့
မာနကို အသာလေး ကျောသပ်ရပြန်ပြီ။

တစ်ပတ်မှာ ခြောက်ရက်တိတိ ခံတွင်းပျက်ခဲ့သမျှ
ဘယ် တနင်္ဂနွေကို..မှ ချိုလို့ မရတော့ဘူး..၊
ဆန် ပေးလို့ ဆေး ရပါတယ်ဆိုရင်
အရပ်စကား သိပ်ဆန်နေမလား..။ တွေးမိတယ် ။

ကြံရည်စက်ထဲက ထွက်လာခဲ့တဲ့ကြိတ်ဖတ်လို
ကိုယ်ရည်ကိုယ်သွေးအားလုံးကို
ညှစ်ညှစ် ပေး နေ ရလွန်းတော့
ကဗျာရေးတာတောင် စုတ် တီး စုတ် ဖွာ ဖြစ် ဖြစ် လာ..။

ဒီလိုပါပဲ..
အခြေအနေအရပ်ရပ်ဟာ ညည်းတွားရုံထက်ပိုလို့မရဘူး...၊
ခုလို ၊ ကဗျာကို ခုတုံးလုပ်ရတာများတော့လည်း....၊
အား နာ တယ် ။

သင့် မှာ ရော...။ ကျွန်မ မှာ လို
ဖက်ရှင်ကဗျာ တစ်ပုဒ်တစ်လေ ရှိ နေ ဦးမလား..။

တကယ်ပါ။
နောက်တစ်ခါ.....
ပေါ်လီယာနာလုပ်တမ်း ကစားကြည့်မယ်။

အိန္ဒြာ

ချာတိတ်တုန်းကရေးဖြစ်ခဲ့ တဲ့ ကဗျာလေးတစ်ပုဒ်ပါ..။ လုံမလေး မဂ္ဂဇင်းမှာပါဝင်ခဲ့ပါတယ်။
အတွေးက ကလေးဆန်ပြီး ရေးတာနည်းနည်းညံ့နေလို့ မတင်ဘဲသိမ်းထားဖြစ်ခဲ့ပါတယ်..။
ဗမာပြည်ကုမ္ပဏီတွေမှာလုပ်တုန်းက သူဌေးကို အစာမကြေဖြစ်ပြီးရေးဖြစ်ခဲ့တာလေးပေါ့..။
အခုအချိန်မှာတော့ ဒီစကားလုံးထက် ထိရောက်တဲ့ စကားလုံးရွေးကြည့်နေမိပါတယ်.။

ဘာပဲဖြစ်ဖြစ် ပေါ်လီယာနာလို ခြေထောက်တစ်ဘက်ကျိုးသွားတာကို နှစ်ဘက်မကျိုးတာ တော်ပါသေးရဲ့လို့

ကြံဖန်ဝမ်းသာတတ်အောင် ကြိုးစားစမ်းလို့ ကိုယ့်ကိုယ်ကို နှစ်သိမ့်ပေးချင်လို့ ပြန်ရှာကြည့်မိခဲ့ပါတယ်..။

ခံစားချက်တူနေသူတွေရှိနေမလား မျှဝေပေးလိုက်ပါတယ်နော်..။



13 comments:

emayarKhin said...

ရှိပါတယ်..ရှိပါတယ်..
မမအိန္ဒြာရေ..ညီမမှာမမလို
ဖက်ရှင်ကဗျာတော်တော်များများ
ရှိပါတယ်...ခုတလောမှာဆိုပိုဆိုး
ပါသေးတယ်..အသက်ရှိသေးရဲ့လားလို့
ကိုယ့်အသက်ရှုသံကိုယ်ပြန်နားစိုက်ထောင်နေရတဲ့ဘဝပါ...မတန်တရာခိုင်းနေကြပါတယ်..။။။
အခုတလောစဉ်းစားနေမိတာ..ရေဘဝဲခဏ
ဖြစ်ရင်ကောင်းမလားလို့ပါ။။လက်များများခြေများများဆိုခရီးပိုတွင်မလားလို့ပါ..။ကဗျာကလွှတ်ကောင်း..ကိုယ့်ခံစားချက်နဲ့ကတထပ်တည်းဆိုတော့ကွန့်မန်ကျောရှည်သွားပြီ..။။သူများတွေရိုက်လွှတ်တော့မယ်။။။:P

pandora said...

ချာတိတ်တုန်းက ကဗျာတဲ့လား.. ဖက်ရှင်ကဗျာက တလျှမ်းလျှမ်းလှနေပါတယ်း)

Maung Myo said...

အစ်မ ရဲ့ ငယ်၂တုန်းက မာန်လေးနဲ့ ကဗျာလေးဆိုတော့ ဖတ်လို့ပိုကောင်းတာပေါ့ ။။

မယ့်ကိုး said...

ရှိပါတယ် ချစ်မလေး =(
ငယ်ငယ်တုန်းက ကဗျာလည်း ခံစားချက်တူသူတွေ အတွက် အခုထိ ထိမှန်နေတုန်းပါ။

သိင်္ဂါကျော် said...

ပေါ်လီယာနာလုပ်တမ်း ကစားနိုင်ရင် ကောင်းမှာပါပဲ..

ဇွန်မိုးစက် said...

“တစ်ပတ်မှာ ခြောက်ရက်တိတိ ခံတွင်းပျက်ခဲ့သမျှ
ဘယ် တနင်္ဂနွေကို..မှ ချိုလို့ မရတော့ဘူး..၊” ဆိုတဲ့အဖွဲ့ကို သိပ်ကြိုက်တာပဲ။

ဇွန်ငယ်ငယ်က အရာရာကို negative view နဲ့ ကြည့်ဖူးတယ်။ ပေါ်လီယာနာဖတ်ပြီး အရာရာကို အလိုမကျဖြစ်နေတဲ့စိတ် လျော့သွားတယ်။ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတစ်ခုလို့ မှတ်ယူပါတယ်။း)

လင်းဒီပ said...

ဒီကဗျာက ညီမလေးအိန္ဒြာ ငယ်ငယ်က ရေးခဲ့တာဆိုပေမယ့် အခုခံစားနေရတာတွေနဲ့ အတူတူပဲနော် ။ :P

နေ၀သန် said...

အရမ်းမိုက်တယ်ဗျာ။။ အမရဲ့ ကဗျာဥာဏ်တွေက အံ့မခန်းပဲဗျာ...။

ခင်မင်တဲ့
နေ၀သန်

Anonymous said...

ကွိကွိ.. အခုကျတော့ရော?
ကြံရည်အကြိတ်မခံရတော့တာ မို့လို့လား?

ချစ်ကြည်အေး said...

သိတ်ကောင်းတာပဲ...အဲလိုကဗျာမျိုးလေးတွေ ဖတ်ရရင် ကိုယ့်ကဗျာတွေ ဘယ်နားဖွက်ထား ရမှန်းမသိအောင် ရှက်ရှက်သွားတယ် ဟားဟားဟား

တကယ်ပဲ...စကားလုံးလေးတွေ သိတ်လှတယ်...:)

MANORHARY said...

ပေါ်လီယာနာထက်ဆိုးတဲ့ ဘဝမှာလည်း ပြုံးနေခဲ့ရဖူးတာပဲ ...
တစ်ခါတစ်ခါ ထထအော်ချင်မိတာက ..
Come on, NEXT !! လို့ ...
ဘာလာလာပြေးတိုက်ပစ်လိုက်ဖို့ ခေါင်းကတော့ မာကျောနေခဲ့ပြီ......

Anonymous said...

မနေ့ ကညစ်ခဲ့တဲ့ စိတ်အဟောင်းထည်လေးကောက်ဝတ်ပြီး
ဒီနေ့ နဲ့ လေးလေးကန်ကန်ကြီး ပျော်ရည်စီးဆင်းဖို့
မာနကို အသာလေး ကျောသပ်ရပြန်ပြီ။

တစ်ပတ်မှာ ခြောက်ရက်တိတိ ခံတွင်းပျက်ခဲ့သမျှ
ဘယ် တနင်္ဂနွေကို..မှ ချိုလို့ မရတော့ဘူး..၊

ကြံရည်စက်ထဲက ထွက်လာခဲ့တဲ့ကြိတ်ဖတ်လို
ကိုယ်ရည်ကိုယ်သွေးအားလုံးကို
ညှစ်ညှစ် ပေး နေ ရလွန်းတော့
ကဗျာရေးတာတောင် စုတ် တီး စုတ် ဖွာ ဖြစ် ဖြစ် လာ..။

တောက်ပလိုက်တာ..စာသားတွေက..

ဂုဏ်ပကာသနအလွှာကြားက မာနထောင်လွှားတဲ့ ဓနရှင်လူတန်းစားတွေကြောင့်လို့ မစွပ်စွဲချင်ပါဘူး..
စိတ်အဟောင်းထည်လေးကလည်း ခဏခဏ ခ၀ါချနေရတော့ လက်နှီးစုတ်တောင် ဖြစ်နေပြီလား မသိဘူး..မအိန္ဒြာရေ..

သုခုမလေဒီ said...

ကဗျာလေးလာဖတ်သွားတယ် မအိန္ဒြာရေ..
အဆင်ပြေပျော်ရွှင်ပါစေ။