အားလုံး..စိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့..ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေလို့..မေတ္တာပို့သလိုက်ပါတယ်
နှုတ်ခွန်းဆက်စကားလေး..နည်းနည်းတော့..ရှည်ချင်မိပါတယ်..။
အနုပညာဆိုတာစိတ်ဖိစီးမှုတွေ..အတွက်အလှပဆုံးနဲ့..အညင်သာဆုံးထွက်ပေါက်တစ်ခုပါပဲ။
အခုလိုရပ်တည်နေရတဲ့..ဘ၀အခြေတစ်ရပ်မှာ..ကိုယ့်စိတ်ထဲ အနုပညာဆိုတာသာမရှိခဲ့ရင်လို့.. အလန့်တကြား.တွေးကြည့်ဖူးပါတယ်။
ရန်ကုန်မှာတော့ ၁၉၉၆ခုနှစ်လောက်ကစပြီး ချယ်ရီမဂ္ဂဇင်းရဲ့ဖူးပွင့်ချယ်ရီကဏ္ဍကနေမဂ္ဂဇင်းစာမျက်နှာ ပေါ်ရောက်ခဲ့ပေမယ့်..တွေးပြီးမရေးဖြစ်တာတွေ..၊ ရေးပြီးမပို့ဖြစ်တာတွေ..၊
ပို့ပြီး..မပါတာတွေ.၊ ပါပြီး..အဖြုတ်ခံရတွေ.နဲ့လုံးချာလည်နေခဲ့ရတော့”အိန္ဒြာ"ဆိုတာ ဘယ်သူမှ
မကျက်မိတဲ့..ငုတ်လိုက်မြုတ်လိုက်. ကလောင်တံသေးသေးကလေးအဆင့်လောက်ပါပဲ..။
အခု..Blog ဆိုတဲ့..လောကကြီးကိုတွေ့လိုက်ရတဲ့အခါ.. ပိတ်ထားတဲ့..ပြတင်းတွေကို..ဆွဲအဖွင့်မှာ..
မယုံနိုင်လောက် အောင်ဝေဆာနေတဲ့.ပန်းဥယဉ်.ကြီးတစ်ခုကို..ဘွားကနဲတွေ့လိုကရသလိုပါပဲ..။
စိတ်ရှိလက်ရှိ ဖူးပွင့်ဝေဆာနေလိုက်ကြတာ..။ လှပမွှေးမြနေလိုက်ကြတာ.။
ကိုယ်ကစံပယ်ပန်းနံ့လေးတွေကိုကြိုက်တော့..စံပင်ပင်ရုံတွေဆီသွားပေါ့..။ သစ်ခွတွေကို..စိတ်ဝင်စားတတ်တော့..သစ်ခွရုံတွေဆီလျောက်လိုက်တာပေါ့..။
နောက်..တစ်ယောက်ကိုတစ်ယောက် အားပေးကြ..ချီးကျူးကြ..၊ နှစ်သိမ့်ကြ.။ တစ်ယောက်.အဆင်
်မပြေဘူးကြားရင်..စိုးရိမ်ပူပန်ပေးကြ..အနုပညာသမားဆိုတာ.အကြောင်းပြချက်မလိုပဲ..စည်းလုံး
ချစ်ခင်သွားတတ်ကြသူတွေလေ..ဒီလောက်နွေထွေးလှပပြီး..ချစ်ခင်စရာကောင်းတဲ့.အသိုင်းအ၀ိုင်း
လေးထဲမှာ.ကိုယ်လည်းကြည်နူးချမ်းမြေ့ချင်လာတယ်..။ စိတ်ရှိတဲ့အတိုင်းဖူးပွင့်မွှေးမြချင်လာတယ်.။
ဒီလိုနဲ့ http://happycloud1000.blogspot.com/မှာရေးဖြစ်ခဲ့ပြီး.အဲဒီကနေအိန္ဒြာဘလော့စပေါ့ဒေါ့
ကွန်းဆိုတာလေး..ကို.မဖြစ်မနေ.ဖန်တီးရတော့တာပါ။ ကြိုဆိုကြပါ.၊ အားပေး.ဝေဖန်ကြပါဦးလို့..
ကိုယ့်စာတွေကို ကိုယ်.ပရိုမိုးရှင်းလုပ်ရတော့တာပေါ့..ကဗျာကိုလဲလေးပုဒ်ကြီးများတောင်..
တင်ပစ်လိုက်ပါတယ်။
တကယ်က အောက်ဘက်က..သုံးပုဒ်က Blogတင်ပြီးသားတွေပါ.။
အခု..Blog ကိုတော့..အိမ်..ငါး ဆိုတဲ့.ကဗျာလေးနဲ့.ဖွင့်လိုက်ပါတယ်..။ဘ၀ဆိုတာ..မှန်ပုံးထဲက..
ငါးတွေလိုပါ လားလို့..တွေးမိပြီး..၀မ်းပမ်းတနည်းရေးဖြစ်ထားတဲ့ကဗျာလေး.. တစ်ပုဒ်ပဲ ဆိုပါတော့။
( မှတ်ချက်ကလေးတွေက..ကဗျာလေးတွေရဲ့..သမိုင်းကြောင်းကို..မှတ်တမ်းတင်ပေးထားတာပါ.၊ကဗျာရွတ်ပွဲတွေမှာ..
ရွတ်ရတာကလဲ..ရွတ်မယ့်သူ..မရှိဘူး..ရွတ်ပါဆိုပြီး..အတင်း..ရွတ်ခိုင်းကြလို့ပါ..။ သိပ်ကလည်း..မရွတ်ချင်ဘူး..ဆိုတော့..လေ)
4 comments:
blogger အနုပညာရပ်ဝန်းမှာ စစ်သည်တစ်သိန်းနဲ့ ညီမျှတဲ့အားဆေး တစ်ခုတိုးလာပြီပေါ့ အစ်မရာ..။ :) ကျွန်တော်တို့ ချစ်တဲ့ အနုပညာတွေကို အောင်မြင်စွာ ဆက်လက် ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..။
လာဖတ်မယ်လေ...:))))
ရိုး ... Welcome
အားပေးနေမယ် အမရေ၊ ကဗျာတွေ စာတွေကို အားပါးတရ ဖတ်ရမယ့် အိမ်ကလေးတစ်လုံး အသစ်တိုးလာတာ ၀မ်းမြောက်ဝမ်းသာ ရှိလိုက်တာဗျာ။
ကြိတ်ထား၊ လုပ်ထားဗျ ...။
ခင်မင်လေးစားမှု များစွာဖြင့်
ညီမရေ
ခရီးကပြန်လာလို့ ခုမှ လာရတယ်။ ဖတ်စရာ တခု တိုးပြီမို့ ၀မ်းသာနေတာ။ အမြဲလာမယ် ညီမရေ့။
အားပေးလျက်ပါ။
Post a Comment