ဒီဇင်ဘာ(၁)ရက်နေ့လေးက ကမ္ဘာ့AIDSနေ့ဖြစ်တဲ့အတွက် ကိုယ်တတ်နိုင်သ လောက်လေးနဲ့ အားဖြည့်ပါဝင်ချင် မိပါတယ်။ မြန်မာပြည်မှာ HIVကူးစက်ခံ မိဘမဲ့ကလေးငယ်များအတွက် သုခရိပ်မြုံဆိုတဲ့ ဂေဟာလေးတစ်ခုကို ဒဂုံမြို့ သစ်အရှေ့ပိုင်း တပင်ရွှေထီးလမ်းမှာ ဖွင့်လှစ်ထားခဲ့ပြီး အဲဒီ့ရိပ်မြုံလေးအတွက် အဖြူရောင်သက်တန့်ဆိုတဲ့ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ အနုပညာရှင်တွေ ပါဝင်တဲ့အဖွဲ့လေးက ကဗျာရွတ်ပွဲလေးတွေ ပြုလုပ်ပြီး အလှူခံငွေ ကောက်ခံ ပေးခဲ့ကြပါတယ်.။ အဖြူရောင်သက်တန့်အဖွဲ့လေး ဘယ်လိုတွေဆောင်ရွက်ခဲ့သလဲ..၊ ဘာတွေပြုလုပ် ခဲ့ကြသလဲ ဆိုတာကိုတော့ အခုပေးထားတဲ့ link လေးက တဆင့်ဝင်ရောက်ပြီး ကရုဏာတွေသက်..၊ မုဒိတာပွား..သာဓုတွေခေါ်နိုင်ပြီး သဒ္ဒါပေါက်ခဲ့ရင် ကုသိုလ်ပါဝင်နိုင်ကြပါတယ်လို့လဲ.. တိုက်တွန်းနိုးဆော်လိုက်ပါ တယ်။
အနာတရတွေနဲ့ ကျန်ရစ်မဲ့ သူတို့ရဲ့ရင်သွေးငယ်လေးတွေကို ထားရစ်ပြီး တမလွန်ကို ထွက်ခွာသွားရမယ့် အမေ တွေရဲ့ခံစားချက်ကို ရေးဖွဲ့ထားတဲ့ ကဗျာလေးဖြစ်ပါတယ်လို့ အစချီပြီး ၂၀၀၇ခုနှစ် ဇွန်လ၆ ရက်နေ့ နေ့လည် တစ်နာရီခွဲ အချိန်မှာ ဆရာစံလမ်းရှိ Mr.Guitar Cafe တွင် ကျင်းပခဲ့တဲ့ အဖြူရောင်သက်တံ ကဗျာရွတ်ဆိုပွဲ
( White Rainbow Poetry Performace ) မှာရွတ်ဆိုခဲ့တဲ့.. ကဗျာလေးဖြစ်ပါတယ်။
“အရှိမဲ့မေတ္ထာတော်”
ငါတို့ သွေးသားတွေကိုတောင်
ကမ္ဘာမြေက လက်မခံနိုင်တော့ဘူး
ဒီပြစ်မှုကို ဘယ်လိုစီရင်ကြသလဲ သိချင်တယ်...
ကျေးလက်စားကျက်ကွင်းတွေမှာ
နွားတစ်ရှဉ်းနဲ့ ထယ်တစ်စင်းနဲ့
သူ့လက်ဖျံပေါ်မှာ.. အမြတ်နိုးဆုံးနှင်းနဲ့
သူ့ဘေးနားမှာ အိမ်ရှင်ချစ်သူမလေးနဲ့
ယာသမားလေး ရိုးသားအေးဆေးရှာခဲ့တာ
သူ့ဘ၀မှာ.. ဆန်းကျယ်တာဆိုလို့
ချစ်သူ့နာမည်ကို အရေပြားပေါ် ဆေးဆိုးခဲ့တာပဲရှိတယ်တဲ့..။
ဟော့ဒီမှာ
အနန္တငါးပါးကို.. ညွှတ်တွား ကိုးကွယ်ခဲ့တဲ့လက်
ခင်ပွန်းသည်ကို ယုယတွဲကူခဲ့တဲ့လက်
ရင်သွေးငယ်လေးကို ပိုက်ထွေးချော့မြှူခဲ့တဲ့လက်
သနပ်ခါးနံ့တွေနဲ့ချည်း မွှေးပျံ့သင်းကြူခဲ့တဲ့လက်
အဲဒီ့လက်မှာ
ဝဋ်နာကံနာတွေ ဗရပွ
ဘယ်ကစဘယ်မှာဆုံးမယ်မှန်း မသိတဲ့ သံသရာအမှောင်ထဲ
နာကျင်ကြေကွဲခြင်းတွေနဲ့ချည်း.. ခရီးဆက်..။
ဘယ်လိုလော်လီမှုမျိုးမှ မစွက်ဖက်
ဝိဘက်ကြမ္မာ ချည်းသက်သက်ဘဝ
တော်လဲ.. ကျီးပြို..
တိမ်မည်းညိုတွေ အဆုတ်လိုက်အဆုတ်လိုက်..
နှင်းခါးရိုက်တဲ့ညမှာမှ
ဟောဒီ့သားလေးကို.. ဆွဲခေါ်မိခဲ့တော့...
သွေးရူးသွေးတမ်းဆန်ဆန်
အရာရာကိုတောင်းပန်...
နောက်အရာရာကို လက်လျော့..
အဖြူသက်သက်ဘ၀တွေထက်
ဆေးအနက်တွေ ကျဲပက်လိုက်သလိုမျိုး
ကံကြမ္မာဆိုတာ.. တောင်းပန်တိုးလျိုးလို့မရတဲ့
လက်မရွံ့အာဏာသားတဲ့ကွယ်..။
အတိတ်တွေကို ပြန်လှည့်မကြည့်ဝံ့ဘူး
အနာဂါတ်ကို လှမ်းမျှော်မကြည့်ဝံ့ဘူး..
ဝေဒနာနဲ့ငါ...
ပစ္စပ္ပုန်တည့်တည့်မှာပဲ စီးချင်းထိုးကြတဲ့ပွဲပေါ့
အံခဲ.. ဇွဲသံ...
အားမတန်သော်မှ လျော့လို့မရတဲ့ မာန်တွေနဲ့
ဒီလူမမယ်ကလေးလေးအတွက် ကြောင့်ကြ
အမေ....ဆိုတဲ့ရင်ဝမှာ...
မီးကျီး မီးခဲလို ပူလှပေါ့..။
သားရေ..
မင်းကိုပွတ်မွှေးထားတဲ့ လေပြည်မှာ
မေမေ့သောကတွေနဲ့များ ပူလောင်နေခဲ့သေးလားကွယ်...
အခု.. သားလေးရဲ ပြတင်းဝက..
အရောင်လှလှလိပ်ပြာလေးက မေမေပေါ့
သားလေးကိုလှုံထွေးထားတဲ့ နေခြည်နွေးနွေးဟာလဲ.. မေမေပေါ့..
သားလေးမက်နေဆဲ မသဲမကွဲအိပ်မက်တွေထဲမှာ
သားလေးကိုချီပိုး..
သားလေးကိုချော့မြှူ
သားလေးကိုနမ်းမွှေး
သားလေးကို ပိုက်ထွေးထားရင်း
သီလက်စသားချော့တေးတွေ တစ်ဝက်တစ်ပျက်
ဘယ်သုဂတိဘုံကိုမှ... ခရီးမဆက်နိုင်ပဲ
နှလုံးသားကွဲအက်နေတဲ့ တစ္ဆေ...
မေမေလေ....။
အပြစ်လုံးလုံးမရှိပေမယ့်
အပြစ်ဒဏ်ဆိုတာ ရှိတတ်တဲ့လောကမှာ
နာကျည်းခါးသီးစရာတွေကို.. မသိ
ရှက်ရွံ့သိမ်ငယ်စရာဆိုတာကို.. မသိ
တုန်လှုပ်ကြောက်လန့်စရာဆိုတာလည်း.. မသိ
ကိုယ့်အနာတရကိုတောင်မှ.. ကိုယ်မသိ
ဘာဆိုဘာမှမသိတဲ့
ပကတိဖြူစင်ရွှင်လန်း.. ကျမ်းမာသန်စွမ်းဆဲ.. သားလေး.....
အားတင်းထား သားရေ.....
ဟောဒီ့ အဖြူရောင်သက်တန့်ကြီးရဲ့နောက်..
ကိုယ်ယောင်ဖျောက်ထားတဲ့..မေမေ
မင်း....ဘယ်တော့မှ..
မ တွေ့ ချင် လေ နဲ့..။ ။
အိန္ဒြာ
အနာတရတွေနဲ့ ကျန်ရစ်မဲ့ သူတို့ရဲ့ရင်သွေးငယ်လေးတွေကို ထားရစ်ပြီး တမလွန်ကို ထွက်ခွာသွားရမယ့် အမေ တွေရဲ့ခံစားချက်ကို ရေးဖွဲ့ထားတဲ့ ကဗျာလေးဖြစ်ပါတယ်လို့ အစချီပြီး ၂၀၀၇ခုနှစ် ဇွန်လ၆ ရက်နေ့ နေ့လည် တစ်နာရီခွဲ အချိန်မှာ ဆရာစံလမ်းရှိ Mr.Guitar Cafe တွင် ကျင်းပခဲ့တဲ့ အဖြူရောင်သက်တံ ကဗျာရွတ်ဆိုပွဲ
( White Rainbow Poetry Performace ) မှာရွတ်ဆိုခဲ့တဲ့.. ကဗျာလေးဖြစ်ပါတယ်။
“အရှိမဲ့မေတ္ထာတော်”
ငါတို့ သွေးသားတွေကိုတောင်
ကမ္ဘာမြေက လက်မခံနိုင်တော့ဘူး
ဒီပြစ်မှုကို ဘယ်လိုစီရင်ကြသလဲ သိချင်တယ်...
ကျေးလက်စားကျက်ကွင်းတွေမှာ
နွားတစ်ရှဉ်းနဲ့ ထယ်တစ်စင်းနဲ့
သူ့လက်ဖျံပေါ်မှာ.. အမြတ်နိုးဆုံးနှင်းနဲ့
သူ့ဘေးနားမှာ အိမ်ရှင်ချစ်သူမလေးနဲ့
ယာသမားလေး ရိုးသားအေးဆေးရှာခဲ့တာ
သူ့ဘ၀မှာ.. ဆန်းကျယ်တာဆိုလို့
ချစ်သူ့နာမည်ကို အရေပြားပေါ် ဆေးဆိုးခဲ့တာပဲရှိတယ်တဲ့..။
ဟော့ဒီမှာ
အနန္တငါးပါးကို.. ညွှတ်တွား ကိုးကွယ်ခဲ့တဲ့လက်
ခင်ပွန်းသည်ကို ယုယတွဲကူခဲ့တဲ့လက်
ရင်သွေးငယ်လေးကို ပိုက်ထွေးချော့မြှူခဲ့တဲ့လက်
သနပ်ခါးနံ့တွေနဲ့ချည်း မွှေးပျံ့သင်းကြူခဲ့တဲ့လက်
အဲဒီ့လက်မှာ
ဝဋ်နာကံနာတွေ ဗရပွ
ဘယ်ကစဘယ်မှာဆုံးမယ်မှန်း မသိတဲ့ သံသရာအမှောင်ထဲ
နာကျင်ကြေကွဲခြင်းတွေနဲ့ချည်း.. ခရီးဆက်..။
ဘယ်လိုလော်လီမှုမျိုးမှ မစွက်ဖက်
ဝိဘက်ကြမ္မာ ချည်းသက်သက်ဘဝ
တော်လဲ.. ကျီးပြို..
တိမ်မည်းညိုတွေ အဆုတ်လိုက်အဆုတ်လိုက်..
နှင်းခါးရိုက်တဲ့ညမှာမှ
ဟောဒီ့သားလေးကို.. ဆွဲခေါ်မိခဲ့တော့...
သွေးရူးသွေးတမ်းဆန်ဆန်
အရာရာကိုတောင်းပန်...
နောက်အရာရာကို လက်လျော့..
အဖြူသက်သက်ဘ၀တွေထက်
ဆေးအနက်တွေ ကျဲပက်လိုက်သလိုမျိုး
ကံကြမ္မာဆိုတာ.. တောင်းပန်တိုးလျိုးလို့မရတဲ့
လက်မရွံ့အာဏာသားတဲ့ကွယ်..။
အတိတ်တွေကို ပြန်လှည့်မကြည့်ဝံ့ဘူး
အနာဂါတ်ကို လှမ်းမျှော်မကြည့်ဝံ့ဘူး..
ဝေဒနာနဲ့ငါ...
ပစ္စပ္ပုန်တည့်တည့်မှာပဲ စီးချင်းထိုးကြတဲ့ပွဲပေါ့
အံခဲ.. ဇွဲသံ...
အားမတန်သော်မှ လျော့လို့မရတဲ့ မာန်တွေနဲ့
ဒီလူမမယ်ကလေးလေးအတွက် ကြောင့်ကြ
အမေ....ဆိုတဲ့ရင်ဝမှာ...
မီးကျီး မီးခဲလို ပူလှပေါ့..။
သားရေ..
မင်းကိုပွတ်မွှေးထားတဲ့ လေပြည်မှာ
မေမေ့သောကတွေနဲ့များ ပူလောင်နေခဲ့သေးလားကွယ်...
အခု.. သားလေးရဲ ပြတင်းဝက..
အရောင်လှလှလိပ်ပြာလေးက မေမေပေါ့
သားလေးကိုလှုံထွေးထားတဲ့ နေခြည်နွေးနွေးဟာလဲ.. မေမေပေါ့..
သားလေးမက်နေဆဲ မသဲမကွဲအိပ်မက်တွေထဲမှာ
သားလေးကိုချီပိုး..
သားလေးကိုချော့မြှူ
သားလေးကိုနမ်းမွှေး
သားလေးကို ပိုက်ထွေးထားရင်း
သီလက်စသားချော့တေးတွေ တစ်ဝက်တစ်ပျက်
ဘယ်သုဂတိဘုံကိုမှ... ခရီးမဆက်နိုင်ပဲ
နှလုံးသားကွဲအက်နေတဲ့ တစ္ဆေ...
မေမေလေ....။
အပြစ်လုံးလုံးမရှိပေမယ့်
အပြစ်ဒဏ်ဆိုတာ ရှိတတ်တဲ့လောကမှာ
နာကျည်းခါးသီးစရာတွေကို.. မသိ
ရှက်ရွံ့သိမ်ငယ်စရာဆိုတာကို.. မသိ
တုန်လှုပ်ကြောက်လန့်စရာဆိုတာလည်း.. မသိ
ကိုယ့်အနာတရကိုတောင်မှ.. ကိုယ်မသိ
ဘာဆိုဘာမှမသိတဲ့
ပကတိဖြူစင်ရွှင်လန်း.. ကျမ်းမာသန်စွမ်းဆဲ.. သားလေး.....
အားတင်းထား သားရေ.....
ဟောဒီ့ အဖြူရောင်သက်တန့်ကြီးရဲ့နောက်..
ကိုယ်ယောင်ဖျောက်ထားတဲ့..မေမေ
မင်း....ဘယ်တော့မှ..
မ တွေ့ ချင် လေ နဲ့..။ ။
အိန္ဒြာ
11 comments:
အားတင်းထား သားရေ.....
ဟောဒီ့ အဖြူရောင်သက်တန့်ကြီးရဲ့နောက်..
ကိုယ်ယောင်ဖျောက်ထားတဲ့..မေမေ
မင်း....ဘယ်တော့မှ..
မ တွေ့ ချင် လေ နဲ့..။ ။
အမရေ ရင်ထဲကိုနင့်သွားတာဘဲ။ ဘယ်လိုပြောရမယ်မှန်း
တောင်မသိတော့တာ။ ဒီရောဂါဆိုးကြီးကို အမြန်ဆုံးပျောက်ကွယ်သွားအောင် တိုက်ထုတ်ဘို့ အမတို့ ကျွန်တော်တို့မှာ တာဝန်တွေအများကြီးရှိတာပေါ့ အမရေ။ ဘယ်လိုဘဲဖြစ်ဖြစ် ဒီကဗျာလေးကတော့ ရင်ထဲအထိ စူးရှနက်ရှိုင်းစွာ တိုးဝင်ထိရှသွားတယ် အမရေ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ကဗျာကနေတစ်ဆင့် ပေးချင်တဲ့အကြောင်းအရာလေးတစ်ခုကိုရအောင်ယူသွားပါတယ်။
ကြီးမိုးက ပိုစ့်အသစ်တင်ပေးနေတယ်ပြောလို့.. လာဖတ်တာ..
ကဗျာလေးတအားကောင်းပါတယ်..
လေးစားမှုဖြင့်
မိုးကြယ်
တစ်အားကောင်းတယ်ဗျာ....
ဝေဒနာသည်မိခင်တစ်ယောက်ရဲ့ရင်ထဲကပေါ်ထွက်လာတဲ့အနက်ရှိုင်းဆုံးခံစားချက်ကိုအကောင်းဆုံးလှစ်ဟထားတဲ့ကဗျာကောင်းလေးတစ်ပုဒ်ပါဘဲဗျာ..
ရင်နဲ့အမျှခံစားရပါတယ်..
လေးစားစွာဖြင့်...
ဆောင်းယွန်းလ
အဲဒီဘဝတွေ တစစီချွေခဲ့တာ..
မဖြစ်နိုင်တာမရှိဘူးဆိုပေမဲ့ ဖြစ်မလာသေးတာတွေကအနတ္တ
ဘဝဆိုတာ ကချင်သလိုကလို့ ရတဲ့ ပြဇာတ်တစ်ပုဒ်လို
ဇာတ်သိမ်းပိုင်းကို ပြင်ဆင်ခွင့်မှမရှိတာ
ကျွန်တော်အမြင်သက်သက်ဆို.
*ချစ်သူ့နာမည်ကို အရေပြားပေါ် ဆေးဆိုးခဲ့တာပဲရှိတယ်တဲ့*
အဲဒီအပိုဒ်လေးက ကဗျာတစ်ခုလုံးရဲ့ အနက်စိမ်းရောင် သွေးကွက်အစ..
အတတ်စမ်းချင်တဲ့ လူတစ်စုရဲ့ လူမကျ မျောက်မကဘဝတွေကနေ စလာခဲ့တဲ့ ဒုက္ခမျိုးစေ့တွေ..
ဘယ်အထိကျဲပက်နေမှာလဲ..
အစွယ်လိုသူက မင်းမိဖုရား..
အသွားစေခိုင်းသူက မင်းဧကရာဇ်..
လေးနှင့်ပစ်သူက သောနုထ္ထိရ်..
အဲဒီသုံးဦးမှာကံဆိုးသူက မုဆိုး..
သောနုထ္ထိုရ် လိုဘဝတွ ဘယ်လောက်များရှိနေမလဲ..
သေမိန့်ကျခံထားရသူတွေအတွက်..သက်ဦးဆံပိုင်ဘုရင်ခေတ်ကလို မကွပ်မျက်ခင် ကြိုက်တဲ့အစာတခုစားခွင့်..ကုန်မှကားစင်တင်မယ်ဆို..
သူတို့ လေးတွေအတွက်..ပီကေ..ဝေပေးမယ်..
ကဗျာနဲ့ မန့်ရတာနဲ့ လိုက်လျောညီထွေမဖြစ်ဘူးဗျာ..
ကြိတ်ပိုးနေတဲ့ကောင်မလေးက
စိတ်ဆိုးမှစိုးလို့ 
တိတ်တခိုးလေးကြည့်နေရသလိုမျိုး
ဆွေးမြေ့မြေ့လေးခံစားနေဖို့ကောင်းတာ...
တော်တော်ရေးတတ်တဲ့ ..တူသခင်မ...ဆရာမပါပဲဗျာ
မင်းသုခ..
လေးစားစွာဖြင့်
နောက်ကျမှ ရောက်လာပေမယ့်.. ကဗျာကတော့ အထပ်ထပ်ဖတ်ပြီးနေပါပြီ.. ခိုက်တယ်..အုန်းပါဆွဲလိုက်ရတယ် အမ..း)။
ဟား..ဟား.. စကားမစပ် ကိုသုခကြီးကတော့ ရေးချလိုက်ပြန်ပြီး.. “တူ.. သခင်မ” တဲ့.. ဒီသတင်း.. တော်တော်ပြန့်တာပဲ...း)။
ခင်မင်လျက်..
မိုးမောင်
ရိုးရိုးတန်းတန်းမြှောက်ပြောလဲရတယ်နော်....
တူ..ဇာတ်လမ်းတွဲက မပြီးနိုင်ကြတော့ဘူးလား...
(((((((ဖိုးမောင်))))))))...ဒင်းကြောင့်
အိန္ဒြာ
ကဗျာလေး ကောင်းလိုက်တာဗျာ။ ဖတ်ပြီး စိတ်ထိခိုက်မိတယ်။
အခုပြန်ယူလိုက် အခုလူလိုက် မင်းကုသရဲ့စရိုက်လို...
ဒေါသမဖက် မစ္ဆရိယ မဆက်တဲ့...ခိုးကြောင်ခိုးဝှက်နဲ့
တိတ်တခိုးလေး ဘယ်သူမှသတိမထားမိအောင်..ကြေကွဲကြည့်တာပါ..
မဟာသုဘဒ္ဒါကို မင်းဆဒ္ဒန်ပေးခဲ့တဲ့ ဆဒ္ဒန်အိုင်က
ပွင့်ချပ်ခုနစ်လွှာ သတ္တုဒ္ဒယ ပဒုမ္မာကြာ အတွက် စူဠသုဘဒ္ဒါလို အငြိုးအတေးနဲ့ ကျွန်တော်...
ရေးတဲ့သူက..မင်းဆဒ္ဒန်
ခင်ဗျားတို့က..မဟာသုဘဒ္ဒါ
ကဗျာလေးက..သတ္တုဒ္ဒယ ပဒုမ္မာကြာ..
ကျွန်တော်က..စူဠသုဘဒ္ဒါ..
ကဗျာထဲက အပြစ်မဲ့မိသာစုလေးက
ခါချဉ်ကောင်လေးတွေပေါ့.....
တကယ်တော့ ပဒုမ္မာကြာကို မနာလိုခဲ့ရိုးအမှန်ပါ
အင်ကြင်းပင်ကိုဦးကင်းတိုက်
ခြွေလိုက်တဲ့တခန လေအောက်က စူဠအတွက်
သစ်ခက်ခြောက်နဲ့  ခါချဉ် လောက်ပဲရခဲ့တာ
မင်းဆဒ္ဒန် တမင်ပေးတာမှမဟုတ်တာ..
ရှိရင်းစွဲ မနာလိုစိတ် (ကဗျာလေးကို ဇတ်အိမ်ချထားတာကောင်းတော့) ကနှိပ်စက်တော့
အအိပ်ပျက် အစားပျက် ရက်စက်မဲ့ဆုတွေတောင်းခဲ့တယ်..
အပြစ်လုံးလုံးမရှိတဲ့ ခါချဉ်လေးတွေရဲ့ဘဝ..
ဆင်ခြေပေးခွင့်မရှိတဲ့ ကံကြမ္မာ
အဖြူရောင်ဒဏ်ရာပရပွ မလိုချင်ပဲရခဲ့ကြတာ..
ဘယ်သူမပြု မိမိမူ့ ဆိုတာ ဟုတ်ပါ့မလား...ကံဆိုတာကချွင်းချက် ..ဆင်ခြေသက်သက်လို့ သာယူဆရင်..
မင်းဆဒ္ဒန်ပေးတဲ့ ပဒုမ္မာကြာ..ခင်ဗျားတို့ ရကြမှာပါ..
မင်းဆဒ္ဒန်ပေးတဲ့ အင်ကြင်းပန်း..ခင်ဗျားတို့နမ်းရမှာပါ..
ကျွန်တော့်မှာ သစ်ကိုင်းချောက်နဲ့ ခါချဉ်..နာကျင်စေမဲ့
အငြိုးအတေးတွေနဲ့  သောနုထ္ထိုရ် ကိုမွေးခဲ့တယ်..
ဒါပေမဲ့ဗျာ...နောက်ဆုံးတော့..စူဠ ကိုယ်တိုင် ရင်ကွဲနာကျခဲ့ရတယ်...
ကဗျာလေးဖတ်ရင်း လွမ်းဆွတ်စွာခံစားရတယ်
ကဗျာကောင်းလေးတပုဒ်ပါပဲ--
ဒီကဗျာလေးကို..နှစ်သက် သဘောကျမိတယ်..အိန္ဒြာ။
ခင်မင်လျက်-
Post a Comment