April 28, 2009

တွေ့ချင်သူ(၁၀)၊မတွေ့ချင်သူ(၅)

မြင်ဖူးချင်တဲ့ ဆယ်ယောက်တဲ့ အစ်မမနော်ဟရီက အရောက်ပို့တော့၏။
(ဆယ်ယောက်သိပ်နည်းတာပဲ...)။
စကားဦး ။ ။ မြင်လဲမမြင်ဖူး...ပဲ Gtalk မှာတင်ထားသည့်
အဆင်အပြေဆုံးများထဲမှ ဖျစ်ညှစ်ရှာဖွေရွေးထားရသော..
လက်သန်းလက်သည်းခွံသာသာဓါတ်ပုံပိစိလေးကိုကြည့်ပြောနေသော..မှတ်ချက်ကို..
လူချင်းတွေ့ပြီးသောအခါ....မှားပါတယ်..အကြိမ်၁၂၀ ရေရွတ် ပြီး...
အိန္ဒြာ့ကို မှားပေးမိသောမှတ်ချက်ဟု ပိုစ့်တစ်ပုဒ်တင်ပြီးဖြေရှုင်းရလတ္တံ့)
( အစ်မ မနော် ၊ ကိုကြီးအောင်သာငယ် အပြင် ၄င်းမှတ်ချက်ပေးကြသော အားလုံးကိုဆိုလိုသည်။ ပေးမိသူများ..ပြန်စဉ်စားပြီး...အတွေးထဲမှာ..ပြင်လိုက်ပါ..။)


၁။ ဆရာမကြီး ကြည်အေး
(မျက်လုံးချင်းတည့်တည့်ဆိုင်ပြီး..ခဏလေး..ဖြစ်ဖြစ်ငေးကြည့်နေချင်ပါတယ်.။
ဒီစာရေးဆရာမအိုကြီးရဲ့မျက်ဝန်းတွေထဲမှာ ဘာတွေရှိနေလေမလဲပေါ့..။ )

၂။ဆရာမမေငြိမ်း
( ဒီလိုဆရာမမျိုးနဲ့ မြန်မာစာသင်ခွင့်သာရခဲ့ရင်လို့ စိတ်ကူးတွေယဉ်ကြည့်ခဲ့ဖူးပါတယ်..။
အရေးအခင်းကာလ ကျောင်းရက်ရှည်တွေပိတ်တော့ ကိုယ့်ဘာသာ ကိုယ်ဖတ်ချင်တဲ့စာအုပ်တွေနဲ့ တက်လူ ဆိုတဲ့ စာအုပ်ဆိုင်ကလေးဖွင့်ဖြစ်ပါတယ်.။
..မေငြိမ်းတို့ဂျူးတို့စာအုပ်တွေချည်းတင်ပြီး...လာငှားတာတွေမကြားဘဲ ကိုယ့်စာအုပ်ထဲ ကိုယ်ခေါင်းမြုတ်နေတတ်လွန်းလို့မေမေ့ အဆူခံခဲ့ရတာအကြိမ်ကြိမ်ပေါ့..။
စာရေးချင်စိတ်တွေက အဲဒီ့အချိန်မှာ ထိမ်းမရ သိမ်းမရဖြစ်ခဲ့တော့တာပါ..။
ဆရာမမေငြိမ်းစာအုပ်တွေကို မဂ္ဂဇင်းဝတ္ထုတိုလေးတွေကအစ ၀ယ်သိမ်းဖြစ်ပါတယ်..။
ရသစာအုပ်စင်မှာ ဆရာမအသံကိုကြားရတော့..လူချင်းတွေ့ဖူးချင်လိုက်တာ...၊
စကားတွေ ပြောလို့ကုန်နိုင်ဘူး..ထင်ရဲ့..။)

၃။ အစ်မ မနော်ဟရီ (ဖွပြီပဲ)
(အဖြစ်က တစ်နိုင်ငံထဲနေတုန်းက တစ်ယောက်ကိုယ်တစ်ယောက်မသိကြပဲ..
မျက်နှာသစ်တာချင်းတူပေမယ့် တစ်ယောက်က အိပ်ရာဝင်ဖို့ဖြစ်ပြီး..နောက်တစ်ယောက်က မိုးလင်းလာတဲ့ဘ၀တွေမှာမှ..အချိန်တွေလုယက်ပြီးချစ်ခင်နေခဲ့ရတဲ့ အစ်မပါ..။
တကယ်က မြန်မာပြည်မှာတုန်းက မာနကြီးတယ်ထင်ထားတာ..ကိုယ့်အတွေးနဲ့ကိုယ်..။
သူ့ဘ၀မှာကလဲ ဘယ်ထောင့်စမ်းစမ်း..မာနာကြီးချင်စရာတွေချည်းဆိုတော့လေ..။
သိပ်လှတယ်.နာမည်ကြီး သလောက် စာရေးကောင်းတဲ့စာရေးဆရာမတစ်ယောက်မို့
အစကတည်းက လေးစားခင်မင်ရင်းစွဲပေါ့..။
ဘယ်လောက်လှတယ်..နာမည်ကြီးသလဲဆို..
ဆရာမင်းလူရဲ့ စာပေကြော်ငြာစိတ်ရှိုးမှာ
ဘီဒီဘီဒီဗန်ဗန်သီချင်းနဲ့ ၀င်ကြော်ငြာခဲ့သေးတာ..။
( စုံတွဲပေါ့..တာရာရဲ့ အလှ တာရာရဲ့ စာ အဆင့်မြင့်မြင့်ဖတ်ကြပါဆိုတာ..)
ကာတွန်း ဆရာဆန်းထွန်းရဲ့လက်ရာနဲ့ ဆရာမင်းလူရဲ့ ၀တ္ထုကို
သရုပ်ဖေါ် ကာတွန်းဆွဲထားတာမှာတောင်မှ..
မနော်ဟရီရဲ့ပုံလေးကို..ဂါဝန်ဖါးဖါးလေးနဲ့ ချစ်စရာကောင်းအောင်ဆွဲပေးခဲ့ပါတယ်..။ )
တွေ့ဖြစ်မှာကတော့ သေချာပါတယ်..။ အမရေ ချိန်းပြီးရွာပြန်ကြမယ်နော်..။)


၎။အစ်မ မိုးချိုသင်း..
(ဘာလေးကိုဖြစ်ဖြစ်ဆေးစက်ကျရာအရုပ်ထင်ဆိုသလို ချရေးတတ်လွန်းတဲ့ အစ်မချိုသင်းကို အလိုလို့ကိုချစ်နေမိခဲ့ပါတယ်..။
သူ့မျက်နှာဖေါင်းဖေါင်းလေးမှာ..၊ လူတိုင်းကို..စာနာ ကြင်နာတတ်ပြီး..
စိတ်ကောင်းနှလုံးကောင်းရှိကြောင်းကို ပေါ်လွင်နေခဲ့တာ..
တွေးကြည့်မိတယ်..အစ်မချိုသင်းနဲ့များဆုံခွင့်ရခဲ့ရင်.. သူ့စာထဲကလို..စကားတွေနားထောင်ချင်စရာပြောတာကို..ငေးပြီး..
သဘောတွေကျ ရယ်ရမောရမှာပဲလို့ တွေးကြည့်မိပါသေးတယ်..။)


၅။လင်းပြာနွေ
(ဖွဲ့တည်ရာမဂ္ဂဇင်းကနေ...တဆင့်သူ့ဆီရောက်ခဲ့တာပါ..။
အခု မရေးတော့ဘူး ထင်ပါရဲ့..။
သိပ်ကို..လှပကျစ်လစ်တဲ့ စာရေးဟန်တွေကိုဖတ်ပြီး..တွေ့ချင်နေမိတယ်...။
စိတ်ဝင်စားနေမိတယ်လေ..။)

၆။ခင်လေးငယ်..
(ဒီမချောရဲ့ ချိုချိုချွဲချွဲ အပြောလေးတွေကြောင့် ချစ်ရပြန်ပါတယ်..။
မကြီးရေ..လို့ ခေါ်လိုက်ရင်..သူ့ကို ထိပ်ကို မနာအောင်ခပ်ဖွဖွထုချင်လာမိရော.။ )

၇။ကိုကြီးအောင်သာငယ် ၊ ကိုဆောင်းယွန်းလ...နဲ့....
(အွန်လိုင်းမှာခင်မင်ခဲ့ပြီး...ကဗျာနဲ့တော်စပ်ခဲ့တဲ့မောင်နှမတွေပါ..။
မောင်နှမတွေသိပ်များပါတယ်...
.ရေးရမှာ.များတော့ ချရေးမယ်ဆိုရင်..ကျန်နေမှာစိုးလို့ အားလုံးပါပါတယ်..လို့ပြောပါမယ်..။
ဖြစ်နိုင်ရင်အာလုံးကို တွေ့ချင်ပြီး..၊
ဖြစ်နိုင်ရင်..အားလုံးကို မတွေ့ချင်ပါဘူး..။
လူမမြင်ရရင်တော့ အထာကြီးနဲ့..ပေါ့..ဟဲဟဲ)

၈။ကိုကြီးမင်းသုခ
(ဘလော့မရေးဖြစ်ခင်ကတည်းက
စိတ်ပါလက်ပါ အားပေးခဲ့တဲ့အကိုကြီးပါ..။
စာတွေကဗျာတွေကို..သေသေချာချာထဲထဲဝင်ဝင်ကြီးဖတ်ပြီး
မြင်အောင်လဲကြည့်နိုင်လွန်းပါတယ်..။
တစ်ခါတစ်လေ.မန့်တာက ကဗျာတွေထက်ပိုကောင်းနေတဲ့ စတူရီယိုခေတ်က ကဗျာဆရာဟောင်းတစ်ယောက်ပါ..။
Gtalk မှာ ပဲတွေများပြီးဓါတ်ပုံတွေ တင်ထားလွန်းတော့
မျက်နှာကိုကောင်းကောင်းကျက်မိနေသလို..
အသားတော်တော်မည်းမှာကိုလဲ ခန့်မှန်းမိနေပါတယ်...။)

၉။တောကျောင်းဆရာ
(ရေးတဲ့ကဗျာတွေစာတွေကို ဖတ်ပြီး နာမည်နဲ့ဆက်စပ်စဉ်းစားမိတော့
တော်တော် ဂွကျနေပါတယ်..။
ပုဆိုးအစိမ်း တိုတိုနဲ့ ခမောက်တစ်ချပ်ဆောင်းထားမလား လိုလိုတွေးမိတတ်ပါတယ်..။
အဲဒီ့တောက ကျောင်းဆရာတစ်ယောက်ရဲ့
အသံတွေပေါက်ထွက်မတတ် ရင့်သန်နေတဲ့ကဗျာတွေ....။.)

၁၀။ညီဇေ
(နည်းနည်း လန့်ပါတယ်..။ ကွန်မန့်တွေထဲမှာ မြင်သလို စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောပြောသွားတဲ့အတွက်
တွေ့ရင်ရန်တော့ထောင်ဖြစ်မယ် ထင်ပါရဲ့..။
တကယ်က လုံးဝမမြင်ဖူးကြတဲ့တစ်နယ်တည်းသားတွေပါ..။
အိန္ဒြာဆိုတာကို..စောင့်ကြည့်ဝေဖန်ရေးလုပ်ပေးနေတဲ့အတွက်
အခုဆို ကဗျာတွေကို တော်ရုံမလွှတ်ရဲတော့ပဲ
ပိုပြီး ရိုရိုသေသေရေးဖြစ် (အင်း..) တင်ဖြစ်ပါတယ်..။
သူ့ကွန့်မန့်တွေက တစ်စုံတစ်ရာကို အမြဲသတိပေးနေသလိုပါပဲ.. ။ ညီဇေရေ...ရှဲ့ရှဲ့နိ)

ရှိနေပါသေးတယ်..။ ၁၀ယောက်ကပြည့်သွားတော့ရပ်လိုက်ရပါပြီ..။

အိန္ဒြာက မတွေ့ချင်မမြင်ချင်ပဲ
ပုန်းနေချင်တဲ့သူ ၅ယောက်ဆိုတာနဲ့ပါ tag ကိုချဲ့ထွင်လိုက်ပါတယ်..။


၁။မိုးမောင်(Happy Cloud)
၂။ဖိုးမောင်(Happy Cloud)
၃။မိုးမြင့်တိမ်(တိမ်ညိုတွေပြိုသွားတဲ့ကောင်းကင်)
၎။မိုးကြယ်(ယိမ်းနွဲ့ပါး)
၅။အိမ်မက်ရှင် တို့ပါ..။

နည်းနည်းအားနာတဲ့အနေနဲ့ မှတ်ချက်တွေရောရေးလိုက်ပါတယ်..။
သူ့တို့အကြောင်းကို သူတို့ ကွန်မန့်တွေကတဆင့်ဖေါ်ပါလိမ့်မယ်..။

အစ်မရေ..ဖုန်းမကိုင်လို့ ကျွန်တော့ကို အစ်မဖုန်းနဲ့ခေါ်ပေးပါဦးဟူသော

စိတ်ကောက်နေလို့ကဗျာလေးတစ်ပုဒ်လောက် ချော့ချင်လို့ပါဟူသော.(ကိုယ့်ထက်တောင်သူတို့အဆင်ပြေကြပါစေလို့ဆုတောင်းပေးမိပါတယ်.။ နားတွေညည်းလွန်းလို့၊ )

မကြီးက ကျွန်တော့်ကိုမူးနေတယ်ထင်လို့လားဟု..အစချီလာသည့်
ဖုန်းကို ပါဝါပါပိတ်ထားလိုက်ရသော..၊

သူများခေါ်ချင်မှန်းမခေါ်ချင်မှန်းမသိ..အတင်းဧည့်သည်လုပ်ချင်သော..

လာလည်သမျှလည်း..အားမနာလျှာမကျိုးရှိသမျှပြောင်အောင်စားသွားတတ်သော...

ဂျီတော့မှာအလိုက်ကမ်းဆိုးမသိ " တုံ "ကြသော..

.................................................................
တော်တော်များများရှိနေပါသေးသည်..။

စာကနည်းနည်းရှည်နေပြီဖြစ်သဖြင့် တော်လိုက်ပါပြီ..။

ကွန်မန့်တွင်ပြန်ဖွမှာသေချာသဖြင့် ဘာပြောပြောမယုံကြပါရန်..။

နောက်တစ်ခုအနေနဲ့...
အရင်ကလည်း...တွေ့ဖူးပြီးသား..၊ အခုလည်းတွေ့ချင်နေ..၊နောက်လည်း..အမြဲတွေ့သွားမယ့် လူ အကြောင်းရောရေးလို့မရဘူးလားဟု မေးရင်းအဆုံးသတ်လိုက်ပါသည်..။

အဖြေက တစ်ယောက်တည်းရှိတယ်..တဲ့..။


အိန္ဒြာ
(၂၈.၄.၂၀၀၉)

23 comments:

ဆောင်းယွန်းလ said...

ငါ့ညီမက သိပ်သဘောကောင်းမယ်ထင်လို့ တွေ့ချင်နေတာကြာပါပြီ...ဘလော့ပေါ်မှာ ဘလော်ဂါတွေနာမည်ရေးပြီး ဘယ်သူ့ကိုတွေ့ချင်တယ် ဘယ်ဝါကိုတွေ့ချင်တယ်ဆိုရင် ကျန်တဲ့သူတွေကျန်ခဲ့မှာ စိုးရိမ်လို့ အကိုတွေ့ချင်တဲ့ ၁၀ယောက်စာရင်းမှာတော့ ဘလော်ဂါတွေနာမည်ထည့်မရေးထားဘူး...

ရွှင်လန်းပါစေညီမရေ

အရုပ်ကလေး said...

အဖြေက တစ်ယောက်တည်း ရှိတယ်ဆိုတာလေးကို ဆက်ရေးပါ မကြီး ...

သေချာသလောက်တော့ ပီစိကွေးပေမယ့် မျက်စိအကြည့်မှာ လှတာတော့ သေချာတယ်
မကြီးရေ ....။ အရေးအသားတွေကလည်း ကောင်း တစ်ခါတစ်ရံ အဲအတွေးနဲ့ အရေးတွေကို
တော်နေတဲ့ မကြီးကို ရုပ်မချောရင်တောင် စာချောနေတာမို့ ရောင်ပြန်ဟပ်မှုနှင့်အတူ
စိတ်တော့ ချောနေမှာ အသေအချာပဲ ...။

အားပေးသွားတယ် ...။
ခင်မင်တဲ့
ချာတိတ် ..။

လင်းဒီပ said...

တော်ပါသေးရဲ့ မတွေ့ချင်တဲ့စာရင်းထဲ မပါလို့။
ဟီး..
အစ်မ အခုတလော ကိုအိပ်မက်ရှင်တစ်ယောက်လည်း အိပ်မက်တွေ သေနေတယ်ဗျ နော်..။

HAPPY CLOUD said...

(((သြော်))) ဂလိုဖွတယ်ပေါ့လေ။ စာပေကိုလေးစားလို့ လူကိုခင်မိတာပါ။ ဒုက္ခပေးတယ် မှတ်ရင်လည်း လာမယ့်ပိတ်ရက် ညမနက် နှစ်နှပ်စာ ထမင်းချက်ထားဖို့ အခုတည်းက သံချောင်းတီးခဲ့မယ်။

လူဆိုးစာရင်းဝင် (၅)ယောက်ရေ... အဟေးးး
ဒီတပတ်တော့ ၀မ်းပါနုတ်ခဲ့ကြဟေ့...။ ကျန်တာတွေ ကျနော့်ကို ဖွထားတာ ပိုများနေတယ်နော်။ ဟင်း ဟင်း.. တွေ့မယ် ဂွင်ကြုံမှ အင်တုံနဲ့ ထုမယ်မှတ်။

ပက်ပက်စက်စက် ခင်တဲ့..
မိုးမောင်(Myanmar Idol)

Moe Cho Thinn said...

အမလဲ ညီမကို တွေ့ဖူးချင်တာ။ စာလေးတွေ လှသလို လူလဲ သိပ်လှတာ တဲ့။ ကြားဖူးတာလေ။ :)

ညီအကိုများ said...

ဘာတဲ့.. မတွေ့ချင်ဘူးတဲ့လား.. ဟားဟားဟား..
ကြီးမိုးရေ ဂျိုတုအားကိုးထားတဲ့ဗျ...
လာမည့်အပတ်တော့ တွေ့ကြသေတာပေါ့လေ..
ဘာချက်ချက်.. ချက်ထားသမျှနာပြီသာမှတ်.. ဟွမ်းဟွမ်းဟွမ်း..

ခင်မင်လေးစားလျက်
မိုးကြယ်

emayarKhin said...

မ..ရေ....တွေချင်သူနဲ့မတေံ့ချင်သူတွေကို
စာရင်းလာကြည့်တယ်....မ..ပြောတဲ့အတိုင်းပဲ
ကွန်မန့်မှာတော့ကြိမ်းနေကြပါလား..........
မ...အတွက်....ဒီတပါတ်ကိုစိတ်ပူလိုက်တာ....
ပုန်းနေနော်..သိလား......

မေငြိမ်း said...

ဂျီးဒေါ်..
အရောက်ပို့ထားတယ်..
ဒါပေမဲ့ မရောက်သေးဘူး..။
ကိုယ့်အမ လှတာလည်း ပါဝူးးး ခိခိ

ATN said...

အောင်မြေမှာပဲ တွေ့ကြတာပေါ့လေ...

HAPPY CLOUD said...

အဲဒါပေါ့... မတွေ့ချင်ဘူး မတွေ့ချင်ဘူးနဲ့... တစ်ခုခုခိုင်းချင်ရင် (((မောင်လေး၊ မောင်လေး))) နဲ့ ၊ သူမလိုရင် ဟဲ့ကောင်လေးတဲ့။ လုပ်တတ်တာနော်...။ ဟွန်း... ဘာပဲဖြစ်ဖြစ်လေ... လာမဲ့ ဟောလီးေ
ဒးမှာ ချက်ပြုတ်ကြွေးမှာဆိုတော့ ဒီလောက်ပဲ ပြောတာကောင်းပါတယ်... တော်ကြာ စိတ်ပြောင်းသွားရင် အပြင်မှာစားနေရမယ်... :P
ဖိုးမောင်

MANORHARY said...

အမလေး ..နောက်ကျချက်က ကိုယ့်ရှေ့မှာ ၁၀ယောက်
တောင်မှ.း( ညကစောင့်ရင်းအိပ်ပျော်သွားတယ် သူများ
စာရေးနေတာကို ရစ်ပြီးရှုပ်တဲ့နာမည်မပါတဲ့သူလည်းရှိနေ
တာကိုးနော့..း)
အရောက်ပြန်ပို့ပုံကလည်းတော်ပါ့နော်..အကျီ င်္နီနီဆိုတာ
လေးပါထည့်လိုက်ပါဦးလား..ကိုမင်းလူရဲ့စာနဲ့ အိန္ဒြာရဲ့
သရုပ်ဖော်မှုနဲ့တင်တော်တော်လုံလောက်သွားပြီ..ပေါတော
တောလို့ အထင်ခံရဖို့လေး)

အိန္ဒြာ said...

အစ်မ နော် ရေ...

ဘယ်လိုထင်မတုန်း...
ဘယ်သူထင်လဲပြော တွေ့သွားမယ်..အိန္ဒြာနဲ့

ကာတွန်းဆွဲတာတောင်..မဆွဲရက်လို့ လှလှလေး..
ဆွဲပေးထားရပါတယ်..လို့ပြောတာတာပဲဟာပဲဟာကို...
ပြန်သတိရနေတယ်..
အဲဒီ့ ကာတွန်းကို...
ရယ်နေရတာ...
မိုးလုံးဟိန်းတဲ့ ၀င်းငြိမ်းတို့ ဘာတို့ ဟားဟား..

KPZ said...

ဟဲဟဲ.. တော်သေးတယ် ။ ကေပီဇက် လူဆိုးစာရင်းမ၀င်သေးဘူး။ အမက ဘယ်သူက ဘယ်လို မကြီးကို နှောင့်ယှက်တယ်ဆိုတာ မရေးပေမယ့် သေချာသိနေတယ် မကြီးရေ။ ခရမ်းသီးမီးဖုတ်သုပ်နဲ့ ထမင်းတစ်အိုးဆိုရင် အားလုံးအတွက် လုံလောက်ပီတဲ့။ မကြီးနဲ့ ကေပီဇက်က အပြင်မှာ စားမယ်.. နော် :P

Anonymous said...

((((ဟိုက် ... ရှားဘား)))))
အိပ်မက်ရှင်တော့ စာရင်းဝင် အင်းဝင် ဖြစ်ပြီ...
အေးဗျာ ကိုမိုး ...
ဒီတစ်ခါတော့ ဘာဖြစ်ဖြစ် မဖြစ်ဖြစ်တဲ့နည်းနဲ့ အရောက်သွားတွြေ့ပီး မနက်စာ နေ့လယ်စာနဲ့ ညစာပါ အားပေးရမယ်ဗျ ...
ဘယ်ရမလဲ ...ဟဲဟဲဟဲ
မကြီးရေ.. ဒဒိတာထားတော့ ...

:):):)

Bino said...

Nothing to say.
Bino

ကိုရင်နော်ခင်လေးငယ် said...

ချောချောလှလှ ပိန်ပိန်ပါးပါးလေးနဲ့ ချစ်မကြီးးးးး ရေရရရရ...

ဗိုက်.. ဆာ.. တယ်.. ;P

ထပ်တူ ထပ်မျှ အရမ်းချစ်တဲ့..
ခင်လေး...

ကိုရင်နော်ခင်လေးငယ် said...
This comment has been removed by the author.
ကိုရင်နော်ခင်လေးငယ် said...

မကြီးရေ...

ကဗျာရွတ်ပြ... ခင်လေးကို နှစ်ကိုယ်ကြားလေး..

သတင်းတွေ မွှေးလွန်းတယ်နော်...

မကြီး ကဗျာရွတ်တာလေးကို ငေးးးနေရတဲ့ အကြောင်းတွေ ခင်လေး သိနေတယ်နော်..

Anonymous said...

ကောင်းကြပါပေ.. တော်ကြပါပေသည်.. (ကလေးက လူကြီးလုပ်သွားပုံ)

minn thuka said...

အနက်နုရောင်လေးကို သူမို့ပြောရက်တယ်...
တော်သေးတာပေါ့...
ကျန်ဇိရင်..ချိုင်အိလင်..နဲ့ မယ်ကမ္ဘာတွေ မြန်မာစာမဖတ်တတ်လို့...မဟုတ်ရင် သူအသတ်ခံရမှာ။

ဇေဇော် said...

ကျနော် လူကြမ်း မဖြစ်ချင်ပါ...။ ဘ၀မှာ အကြိမ်ကြိမ်အခါခါ ၀ယ်ဖူးတဲ့ စာအုပ်ကလေးက ဆရာမ ခင်လေးမြင့်ရဲ့ မင်းသားလေးဆိုတဲ့ စာအုပ်ပါ...။ မကြာခဏ ပေးဖြစ်တဲ့ iD က မင်းသားလေးပါ...။ ဘ၀မှာ တစ်ကြိမ်တစ်ခါ လူကြမ်း ဖြစ်ခဲ့ဖူးတယ်ဆိုရင်လည်း အစ်မအိန္ဒြာရဲ့ ဘလော့ဂ်မှာပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်...။ အဖြစ်က ပန်းလှလှလေးတွေအနားမှာ တုတ်တစ်ချောင်းကိုင်ပြီး ဒီပန်းမပွင့်နဲ့..၊ ဟိုပန်းမပွင့်နဲ့ ဆိုသလိုဖြစ်နေပြီ...။ ကိုယ့်ကိုကိုယ် ရှက်မိပါတယ်...။ ကဗျာရဲ့ မြင့်မြတ်မှုကို မျက်တောင်မွှေးတစ်ဆုံးလေးပဲ ကြည့်ပြီး ပွစိပွစိ ရေရွတ်နေတတ်တဲ့ အရူးတစ်ယောက်လိုပါပဲ...။ ဖမ်းဆုပ်ဖို့ ခက်ခဲတဲ့ မသိစိတ်ရဲ့ အပိုင်းတွေကို လစ်လျှူရှုပြီး ဘာကြောင့် ကျနော်တို့ ရေးနေပြောနေကြလဲလို့ ခဏခဏတွေးမိပါတယ်...။ မကြာခဏဆိုသလို ငါ ဒီလို ကွန်းမန့်မျိုးတွေ မရေးသင့်ဘူးလို့ ပြောနေမိပါတယ်...။ ကိုယ့်ကိုကိုယ်လည်း အကြိမ်ကြိမ်အခါခါလည်း သတိပေးဖြစ်ပါတယ်...။ တစ်ခါတစ်ခါ ရှေ့က ကွန်းမန့်ပေးသွားတဲ့ လေးစားရတဲ့ အကိုတွေ၊ အစ်မတွေကိုများ စော်ကားသလိုများ ဖြစ်နေမလားဆိုတဲ့ အတွေးနဲ့ စိတ်မကောင်းဖြစ်ရပါတယ်...။ ဒါပေမယ့် ဘယ်လောက်ပဲ ထိမ်းချုပ် ထိမ်းချုပ် ကိုယ့်ရဲ့ အနုပညာဘ၀ အစမှာကတည်းက မှတ်မှတ်ရရ နှစ်သက်ခဲ့ဖူးတဲ့ အစ်မဆိုတဲ့စိတ်နဲ့ မရေးပဲ မနေနိုင်ခဲ့ပါဘူး...။ အဲဒီအတွက် အားလုံးနားလည်ပေးကြပါလို့ပဲ ပြောပါရစေတော့...။ ... ... ... ... ... ... ။ အော်..ဒါနဲ့ အစ်မရေ... အစကတော့ ဂျွန်လမှာ အစ်မနဲ့ တွေ့ဖြစ်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ထားတာ...။ အခုတော့ အစီအစဉ်ပြောင်းသွားပြီ...။ မနက်ဖြန်ကစပြီး တိုက်ကွန်ဒိုသင်တန်း သွားတက်တော့မယ်...။ ဟား...ဟား...

အိန္ဒြာ said...

ဟာ.ညီဇေရေ...

တွေ့ချင်ပါတယ်ဆိုမှ...မတွေ့ချင်ပါဘူး..လုပ်ပြန်ပြီ..
၁၀ယောက်ထဲလို့ သတ်မှတ်ထားတဲ့ အထဲတောင်ပါအောင်ထည့်ပြီး..တွေ့ချင်ထားတာနော်..။
လေးလေးနက်နက်ပြောချင်တာကတော့ အမှတ်တကယ်ကျေးဇူးတင်မိလို့ ထည့်ရေးထားတယ် ဆိုတာပါ..။
လာခဲ့ပါ..ဂျွန်လ...။ ညီမလေးနဲ့လဲ မိတ်လဲဆက်ပေးထားခဲ့ပေါ့...
တိုက်ကွမ်ဒို..တော့မတက်လိုက်ပါနဲ့ဟာ..
ဒီအတိုင်တောင်ကြောက်နေရတာ..ဟားဟား
(ဘယ်သူပြောလိုက်သလဲ..လူကြမ်းလို့)

တောကျောင်းဆရာ said...

ခုမှတွေ့ပြီး ခုမှရေးတော့ တစ်လကျော်တောင်ကြာသွားပြီ..
ဒီဘလော့မှာ ပထမဆုံးရေးဖြစ်တဲ့ ကွန်မန့်ဖြစ်မယ်
တောကျောင်းဆရာ နာမည်ကတော့ တော်တော်ဖွင့်ဆိုရမယ် ထင်တယ်
အဲဒီတော့ ထားလိုက်ပါတော့
ကျွန်တော်က တောကျောင်းနဲ့ ဆရာ အသွင်နှစ်ခုရဲ့ အဝေးက နေထိုင်မှုပါ

ကျွန်တော် ခင်ဗျားကို တွေ့ဖူးပါတယ်
နေရာတစ်ခုခုမှာပါပဲ
သိပ်တော့ မမှတ်မိတော့ပါဘူး
မအိက တွေ့သမျှ လူတွေကို မိတ်ဆက်ပေးနေသမို့
နောက်တန်းက ထိုင်နေတဲ့ ကျွန်တော်ပါ အလိုလိုသိသွားတာပါ
အမှတ်မှားတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့

အတ္တကိုအရောင်တင်တဲ့ အရေးအသားတွေ
ဖြစ်သွားတတ်တာမို့ အသံထွက်မတတ် ဖြစ်တာ ဖြစ်ပါလိမ့်မယ်...

သတိတရ ရှိတဲ့အတွက်
ကျေးဇူးတင်ပါတယ်ခင်ဗျ

တောကျောင်း