August 7, 2009

ခုတလော..ကောက်ကြောင်း

(၁)တွေးနေမိတာက...
သိပ်ကြောက်စရာကောင်းတဲ့အတွေးပါ..
ကိုယ့်ဘာသာ ဘာလို့တွေးလိုက်မိတယ် မသိဘဲတွေးနေမိပါတယ်..
" သေခြင်းတရားဆိုတာ အကောင်းဆုံးအနိုင်ပိုင်းခြင်းပဲ.."

(၂)ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိတာက
"အိန္ဒြာ..ဘာလဲ..ဘယ်လဲ...!!!???."

(၃)ကျန်းမာရေး..
တိမ်တွေစီးနေရသလို..
တလွင့်လွင့်...
(သေချာတယ် သွေးပေါင်ကျနေတာ)

(၄)ဖတ်ဖြစ်တဲ့စာအုပ်
"ရူးးးးးးးးးးးတိုးတိုး"
(အကြွေးတွေ သိပ်များနေပြီ..၊ စာအုပ်ပို့ပေးသူများကို အားနာလို့..။)

(၅)ရွတ်နေမိတဲ့ကဗျာက
တိုတိုလေးပါ..ခဏခဏရွတ်မိတယ်။
ဆရာမောင်သွေးချွန်ရဲ့ ပိတောက်ပွင့်သစ်မှာပါတဲ့ ကဗျာလေး...
"နမောတေ"
ငြိမ်းချမ်းခေတ် ငွေလမင်း
စစ်ငပုတ်အိမ် အာခံတွင်း
လွတ်ကင်းပ၀င်း လင်းစသောဝ်..။

(၆)ဖြစ်ချင်နေတာက
duster လို
eraser လို
correction pen လို
blank core လို
Liquid paper လို
မှားနေတာတွေ အမြင်မတော်တာတွေကို သေသေသပ်သပ်ဖျက်စီးပစ်နိုင်တဲ့သူ

(၇)စားဖြစ်နေတာက
တရုတ်စာတွေပေါ့..း(

(၈)သနားနေမိတာက
ကိုယ်အပါအ၀င် သန်းခြောက်ဆယ်

(၉)ဖြစ်ချင်နေတာက
ဖြစ်ချင်နေတာတွေအကုန်

(၁၀)တောင်းမိတဲ့ဆုက
ဗမာပြည်မှာ ပြန်ဆုံနိုင်ကြဖို့

(၁၁)ရောက်ဖြစ်တဲ့နေရာ...
ရုံး၊အိမ်ရုံး၊အိမ်ရုံး၊
အိမ်ရုံးအိမ်ရုံး၊အိမ်ရုံး

(၁၂)မေ့ထားချင်တာတွေက..
ဒါတွေတကယ်မဖြစ်ခဲ့ဘူးပေါ့

(၁၃)ခါးသက်နေမိတာက
ဒါတွေတကယ် ဖြစ်ခဲ့ ပျက်ခဲ့တယ်..

(၁၄)ကြိတ်ချီးကျူးနေတာက
လက်ဖျားခါလောက်အောင်တစ်ဖက်ကမ်းခတ်သူများ

(၁၅)စိတ်ပျက်နေမိတာက
ကိုယ့်ကိုကိုယ်.(သိပ်ညံ့ခဲ့တယ်။ ညံ့နေတုန်းပဲ.)

(၁၆)ချစ်နေမိတာက
စာရေးချင်ဖတ်ချင်နေတဲ့ ဗီဇစိတ်

(၁၇)တမ်းတမိတာက
မေမေ

(၁၈)၀န်ခံချင်တာက
အသက်တစ်နှစ်ကြီးတိုင်း
စိတ်တစ်နှစ်လိုက်ကြီးမလာနိုင်သေးဘူး..

(၁၉)နားထောင်မိတဲ့ သီချင်း
ကိုယ့်အတွက်ကိုယ်ဆို
ဘယ်သူနဲ့ မင်းရှိနေမလဲ...ဘာတွေကို မင်းလုပ်နေမလဲ
သူ့အတွက် ကိုယ်စားနားထောင်ပေးတယ်ဆို
မင်း..ပြန်ဖို့တောင်စဉ်းစားရခက်နေပြီဆို...

(၂၀)ရေးဖြစ်တဲ့ကဗျာက

ခုတလော..
အချစ်နဲ့ အချစ်သက်သက်ချည်း ၊ခေါ်ပြောကြည်နူးကြ
အခုတလော..
အချစ်ကို ပိုပိုချစ်လာတယ်

အခုတလောသတိရခြင်းတွေက
စူးရှခါးသက်ခြင်းကျိမ်စာတွေ

ခုတလော...
အလွမ်းတွေကို ငွေ့ရည်ဖွဲ့ဖို့..
တိမ်ဆိုင်တွေဆီလွှတ်တင်တော့...
အချစ်ဆီ ရွာရန်ရာနှုန်းကျော်ကုန်ပေါ့

ခုတလော..
ကိုယ့်ကိုကိုယ် အချစ်ဆီမှာ မေ့မေ့ကျန်ခဲ့တယ်

ခုတလော..
ကိုယ်တဖွဖွရေရွတ်မိတဲ့
တစ်ကြောင်းဆွဲ ခဲ ပန်းချီဟာ...ချစ်သူ့နာမည်ပဲ...

ခုတလော....
..............................................

(အင်းးးးးးးးးးးးးးးးးးးးးးးးး)

စသည်ဖြင့်ပေါ့လေ......။

အိန္ဒြာ

( မမ နောက်ကျသွားတာ ခွင့်လွှတ်နော်..။)

15 comments:

MANORHARY said...

အင်း..
သူ့ခုလောလေးက လှတော့လှပါ့
လင်းဒီပ အားကျလို့ ကြော်ငြာလေးပါနေတာတစ်ခုပဲ
း))
ခုတလော
ကိုယ်တဖွဖွရေရွတ်မိတဲ့
တစ်ကြောင်းဆွဲ ခဲ ပန်းချီဟာ ချစ်သူ့နာမည်ပဲ...တဲ့
ကြည့်စမ်း
လှနေလိုက်ပုံ.......ရင်ခုန်ချင်စရာလေးး)))

သင်း said...

တစ်ကြောင်းဆွဲ ခဲ ပန်းချီဟာ...ဟိဟိ
မောင်.....
....ဇော်....
မောင်...
မောင်.....

လင်းဒီပ said...

ဟင်း...ဟင်း...ထမင်း...အဲလေ

ကျွန်တော်ကတော့ တစ်ကြောင်းဆွဲ ခဲ ပန်းချီ အစ်မကြီးကို အထင်ကြီးလိုက်ပါတယ် ကြေငြာပေမယ့် တကယ်ဟုတ်မှာပါ...။
(ကျွန်တော့်ကိုလည်း ပြန်အထင်ကြီးပေးနော်...နော်လို့)

အိုင်လွယ်ပန် said...

စသည်ဖြင့်ပေါ့လေ :)
ဖတ်သွားပါတယ်အစ်မရေ ...

ATN said...

သည်ခုတလောက ပန်းချီဆန်နေပါလား...
ခဲပန်းချီ...း)

ကိုရင်နော်ခင်လေးငယ် said...

ဘလာတဂေါက် အရာလောက်လို့
အခေါတလု ဖတ်ဖို့ ပြင်
ရေးပေါ့ သွင်သွင်..
မြင်နေတယ် အပြောသဘု
အခေါတလု စိတ်လွင့်မြော
ဘာလာဂေါက်တွေ အထာပေါက်ပေါ့
မြောလိုရာ လိုက်လို့ မြော..
ခလောလိုက ခလော..
မြောလိုက မြော..
ဘောလော.. ဘောလော..။

ချစ်ခင်စွာဖြင့်..
(ကိုရင်နော်)

မယ့်ကိုး said...

မရေ...ရေးဖြစ်တဲ့ ကဗျာကို ဆက်ရေးပါနော်...
ကိုယ်တဖွဖွရေရွတ်မိတဲ့
တစ်ကြောင်းဆွဲ ခဲ ပန်းချီဟာ ချစ်သူ့နာမည်ပဲ..တဲ့
မရေ...ကြွေသွားပြီ။
ဆက်ရေးနော်..မ...:)
အဆုံးမဲ့  ချစ်တဲ့...

ဆောင်းယွန်းလ said...

ရင်ထဲကိုကဗျာတပုဒ်စီးဆင်းသွားသလိုပဲညီမလေးရေ
စာမျက်နှာ၃၅မှာ...စာမျက်နှာ၁၅ကိုနားထောင်နေတယ်ပေါ့...

Sein Lyan Tun said...

တစ်ကြောင်းဆွဲ ခဲပန်ချီးက ချစ်သူ့နာမည်တဲ့

အောက်ကတော့

အင်းးးးးးးးးးးးးးးးးးး


တဲ့

အဲဒါချစ်သူ့နာမည်တဲ့လား... ဟိဟိ ခွိခွိ

အင်း
အင်း
အင်း

လှတယ်တော့်


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

မွန် said...

ဖြစ်ချင်နေတာ ကိုဖတ်ပြီး ဆင်ခြင်မိသွားတယ်
အမှားကင်းတဲ့ ပြည့်စုံသူကြီးဖြစ်ချင်ခဲ့တာလေ မမရေးတာဖတ်ပြီးမှ သြော်.. အမှားတွေကို သေသေသပ်သပ်ပြင်ဆင်နိုင်သူဖြစ်ရတာ ပိုပြီးပြည့်ဝပေမပေါ့လို့
ကျေးဇူးပါမမ

kay said...

တကြေင်းဆွဲ..ခဲပန်းချီတွေ ခေတ်စားနေပါလား။ အေးလေ.. တကယ်တော့..ဒီ ခဲပန်းချီမျိုးက..ရိုးသွားတယ်မှ မဟုတ်တာ။း)

ဆူးရင့် said...

ခဲပန်းချီတဲ့လား...တကယ်တော့
ရက်လှိုက်ဖိုတဲ့ အညိုရောင်ရင့်ရင့် ပန်းချီတစ်ချပ်ဖြစ်မှာပါ မကြီးရ။


ဆူးရင့်

emayarKhin said...

ခုတလော..
ကိုယ့်ကိုကိုယ် အချစ်ဆီမှာ မေ့မေ့ကျန်ခဲ့တယ်
ဒီစားသားကလည်းတော်တော်ဂွတ်တယ်....
အမရာတော့အရမ်းကြိုက်တယ်......
မရဲ့ခုတလောက...လွှတ်ကောင်းဗျို့......

Anonymous said...

အေးအေး.. မမက ခွင့်လွှတ်တယ်လို့ ပြောခိုင်းလိုက်လို့ :P////

ကောင်းကင်ပြာ said...

သူ့ ခုတလောလေးက လှလိုက်တာ ၊ ချစ်စရာ ပဲ ရေးထားတာ