August 15, 2009

အခု ဘယ်နှစ်မိုင်ရှိနေပြီလဲ.. ခရီး

မင်း ကျစ်နေတဲ့ ကြိုးက ဘယ်သူ့အတွက်လဲ..
အဲဒီ့ကြိုးက အာဃာတဆက်ထုံးတွေနဲ့ချည့်နဲ့..

ငါတို့ဟာ ကွဲလွဲဖို့ ချစ်မက်မိကြတယ်ထင်ပါရဲ့..။


မင်းနှလုံးအိမ်ထဲမှာ ဘယ်အရာတွေ စုံးစုံးချုပ်သွားလဲ

ငါ့ မျက်ဝန်းအိမ်တွေမှာ ဘယ်အရာတွေ ဟုန်းဟုန်းတောက်နေသလဲ....

မင်းနဲ့ ငါ့ရဲ့အကြားမှာ..... ၊
အရာရာဟာ.....
ပြတ် ပြတ် သား သား ပြင်းထန်သွားခဲ့ပြီ..၊

မင်း တည်ခင်းလိုက်တဲ့ ညစာစားပွဲက

ကြယ်တွေကိုတောင် မူးဝေစေခဲ့တာရော သိလား..

သွေးထဲမှာ တရိပ်ရိပ်တက်နေတဲ့ ထမင်းဆိပ်တွေကိုတော့

လရိပ်မှာ လက်ထိုးအန်ပစ်ဖို့ လင့်မျှော်နေကြပြီ..။


ဇာတ်လမ်းက သိပ်ရှင်းလွန်းနေတော့

သိသိကြီး မင်း ဆက်ဟန်ဆောင်မနေပါနဲ့တော့ကွာ

ငါက မင်းကို ထိုက်ထိုက်တန်တန် တန်ဖိုးထားချင်သလိုမျိုး

မင်းက ငါ့ကို အတော်အသင့် လေးစားဖို့တော့ကောင်းခဲ့တယ်..။


ဘာ တွေ မှ ကြီးကြီးကျယ်ကျယ်မမျှော်လင့်ဘူး..

ဘာ တွေ ကို မှ ခမ်းခမ်းနားနား မပိုင်ဆိုင်လိုပါဘူး..

ငါတို့ ဥယာဉ်ထဲက ပန်းတွေ မွှေး ပျံ့ သင်း ရီ ဖို့.....၊

ဘာ ကို မှ လောဘတကြီး မတပ်မက်ပါဘူး..

ဘာ တွေ ကို မှ မတန်တရာ တမ်းတနေတာ မဟုတ်ဘူး..

ငါတို့ သောက်သုံးနေတဲ့ရေတွေ အေး သန့် လင်း ကြည် ဖို့..


တကယ်ဆို.......
ငါတို့က

ကျောသားရင်သားမခွဲခြားတဲ့ ကောင်းကင်ကြီးရဲ့အောက်

စိတ်ကြီးဝင်လောက်စရာ ပေါက်ရောက်ခဲ့သူတွေမဟုတ်ဘူးလား..။


ငါ့ဝိဉာဉ်မှာ တွယ်ကပ်နေတဲ့ အချစ်စိတ်ဆိုတာ

မင်းသဘောပေါက်ထားတာထက် နီစွေးလှပနေပေမယ့်..

မင်းရဲ့ ချောင်အကျဆုံး နှလုံးသားထောင့်ထဲက

အရေးကြုံတိုင်း ထုတ်ထုတ်သုံးတတ်တဲ့

အကြီးကျယ်ဆုံး မေတ္တာဓါတ်ဆိုတာက ဒါမျိုးလား..။


မင်းဆုပ်ကိုင်ထားသမျှတွေကို အကုန်အစင်ပစ်ချထားရစ်ခဲ့

ငါ့ ဆန္ဒတွေကို ခဏခေါက်သိမ်းထားလိုက်မယ်.
ဒီကနေ့..

ငါတို့ရဲ့ ပကတိမျက်ကြည်လွှာတွေနဲ့..

အရှိကိုအရှိအတိုင်း ရှုမျော်ခင်းကို မျှော်ငေးကြည့်ရအောင်..


ခုချိန်မှာ
လေထုထဲက အောက်ဆီဂျင်လောက်ကို
သံသယ၀င်မနေသင့်တော့ဘူး..။

တကယ့်ကို.
ကိုယ့်အရိပ်နဲ့ကိုယ်တောင်
စိတ်ချလက်ချမအိပ်စက်ရသေးပါဘူး.....

ကိုယ်စိုက်ပျိုးမိသမျှ စိတ်စိုက်ခင်းထဲက
ကိုယ်တိုင်ရိတ်သိမ်းလို့ မရနိုင်သေးတဲ့

ယုံကြည်ချက်ဆိုတာကို ကျောမသပ်ချင်တော့ဘူး..။

ငါ ညည်းညူမိသမျှတေးချင်းတွေအားလုံးက.....
ရေမျောကမ်းတင်ဖြစ်လွန်းတော့

ငါ ပြောတတ်တဲ့ပုံပြင်တွေကိုလည်း
သားကပျင်းရိလွန်းပြီ..လေ..။


ကြက်လိုယက်ရှာခဲ့ကြတဲ့ လက်တွေက.

မျောက်တစ်ကောင်လို တွဲလောင်းခိုရပြန်တယ်ဆိုလည်း
ဘယ်ဆန်းမလဲ..


အဲသလို ပြင်းထန်ခဲ့တဲ့ လေနီကြမ်းရဲ့နောက်ကွယ်မှာ

လွမ်းလောက်စရာ လေပြည်လေညှင်း ရှိ မ ရှိ...။


အို…..!

အခု ကိုယ်လာခဲ့တဲ့ခရီးရဲ့

အ ဝေး...
အ နီး......

ဘယ်ယာဉ်ကိုပဲစီးစီး ငြီး.. ငွေ့... ပြီ ။ ။


အိန္ဒြာ

ရေးထားဖြစ်တာတော်တော်ကြာပါပြီ..၊ အသစ်ကလည်းမရေးဖြစ်တော့ ဘာတင်ရင်ကောင်းမလဲ
လျှောက်မွှေရင်း ထွက်လာတာပါ..၊ ၀မ်းသာအားရပေါ့......၊ တင်ပေးလိုက်ပါတယ်..။

14 comments:

pandora said...

"အဲဒီ့ကြိုးက အာဃာတဆက်ထုံးတွေနဲ့ချည့်နဲ့..
ငါတို့ဟာ ကွဲလွဲဖို့ ချစ်မက်မိကြတယ်ထင်ပါရဲ့..။ "

ဘယ်ယာဉ်ကိုစီးပြီး ထွက်လာတဲ့ ကဗျာလေးလဲ
ဘယ်တုန်းကရေးတာလဲ
ဘာကြောင့်လဲ
မမေးတော့ဘူးနော်

emayarKhin said...

မင်းနှလုံးအိမ်ထဲမှာ ဘယ်အရာတွေ စုံးစုံးချုပ်သွားလဲ
ငါ့ မျက်ဝန်းအိမ်တွေမှာ ဘယ်အရာတွေ ဟုန်းဟုန်းတောက်နေသလဲ....
မင်းနဲ့ ငါ့ရဲ့အကြားမှာ..... ၊
အရာရာဟာ..... ပြတ် ပြတ် သား သား ပြင်းထန်သွားခဲ့ပြီ..၊

မရေ....အကြိုက်ဆုံးစာသားလေးပါ....။။။

မယ့်ကိုး said...

မရေ...

ဘယ်ယာဉ်ကိုပဲစီးစီး ငြီး.. ငွေ့... ပြီ ... တဲ့လား။

ငါ့ဝိဉာဉ်မှာ တွယ်ကပ်နေတဲ့ အချစ်စိတ်ဆိုတာ
မင်းသဘောပေါက်ထားတာထက် နီစွေးလှပနေပေမယ့်..
.
ဆိုခဲ့ပြီးမှ

အဲသလို ပြင်းထန်ခဲ့တဲ့ လေနီကြမ်းရဲ့နောက်ကွယ်မှာ
လွမ်းလောက်စရာ လေပြည်လေညှင်း ရှိ မ ရှိ...။
ဆိုတော့

ထိထိရှရှ သံဝေဂ ရစေတဲ့ ကဗျာလေးပါ။

အိုင်လွယ်ပန် said...

ဒီလိုလေးလည် တစ်မျိုးကောင်းတာပဲအစ်မရေ ...

Anonymous said...

အစ်မရေ...
ကဗျာဟာ ၀ိုင်တစ်ခွက်ဆိုပါစို့
နှစ်ချို့တော့ ပိုကောင်းတာပေါ့နော်...။
ဟဲဟဲ...အမြဲတမ်းအားပေးနေပါတယ်။

Sein Lyan Tun said...

အို…..!
အခု ကိုယ်လာခဲ့တဲ့ခရီးရဲ့
အ ဝေး...
အ နီး......
ဘယ်ယာဉ်ကိုပဲစီးစီး ငြီး.. ငွေ့... ပြီ ။

တကယ်ငြီးငွေ့နေပြီး မမ

လေနီကြမ်းတွေ ထန်နေတဲ့ ဘဝမှာ

ရေမျောကမ်းတင်ဘဝနဲ့


ကြက်လို ယက်ရှာနေခဲ့ပေမယ့်

မျောက်တစ်ကောင်လို သစ်ကိုင်းလွတ်နေလို့

မှီရာကိုင်းမှာ တွဲလောင်းခိုနေရတဲ့ဘဝ...

ဒီဘဝ ငြီးငွေ့လာပြီး...

အခုဘယ်နှမိုင်ရှိနေပြီးလဲတော့မသိ....

လမ်းဆုံးချင်ပြီး....


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

MANORHARY said...

အို
အခုကိုယ်လာခဲ့တဲ့ခရိးရဲ့
အဝေး
အနီး
ဘယ်ယာဉ်ကိုပဲစီးစီး
ငြီးငွေ့ပြီ..................

အဲဒီဆက်ထုံးတွေနဲ့ကြိုးကလည်း
ခပ်တည်းတည်းနဲ့ အယုံအကြည်မဲ့စေခဲ့

အရာအားလုံးကိုအန်ထုတ်ပစ်လိုက်တဲ့ထဲ
ညက
အနာဂါတ်တွေပါဝေါကနဲပါသွားခဲ့

သံသယနဲ့အမှောင်ကလွဲလို့
ဘာကိုမှ ငါမမြင်ရတော့ဘူး ....

MANORHARY said...

အို
အခုကိုယ်လာခဲ့တဲ့ခရိးရဲ့
အဝေး
အနီး
ဘယ်ယာဉ်ကိုပဲစီးစီး
ငြီးငွေ့ပြီ..................

အဲဒီဆက်ထုံးတွေနဲ့ကြိုးကလည်း
ခပ်တည်းတည်းနဲ့ အယုံအကြည်မဲ့စေခဲ့

အရာအားလုံးကိုအန်ထုတ်ပစ်လိုက်တဲ့ထဲ
ညက
အနာဂါတ်တွေပါဝေါကနဲပါသွားခဲ့

သံသယနဲ့အမှောင်ကလွဲလို့
ဘာကိုမှ ငါမမြင်ရတော့ဘူး ....

မွန် said...

ဖတ်သွားတယ် မ
ဝမ်းသာအားရပေါ့
ဘာ တွေ မှ ကြီးကြီးကျယ်ကျယ်မမျှော်လင့်ဘူး..
ဘာ တွေ ကို မှ ခမ်းခမ်းနားနား မပိုင်ဆိုင်လိုပါဘူး..
ငါတို့ ဥယာဉ်ထဲက ပန်းတွေ မွှေး ပျံ့ သင်း ရီ ဖို့.....၊
ဘာ ကို မှ လောဘတကြီး မတပ်မက်ပါဘူး..
ဘာ တွေ ကို မှ မတန်တရာ တမ်းတနေတာ မဟုတ်ဘူး..
ငါတို့ သောက်သုံးနေတဲ့ရေတွေ အေး သန့် လင်း ကြည် ဖို့..
အဲဒီနားလေးကိုတော့ မျှဝေခံစားတဲ့စိတ်နဲ့ တလေးတစားဖတ်မိပါရဲ့

minn thuka said...

သူကိုယ်တိုင်မေ့နေတဲ့ကဗျာ လက်စမသတ်ခင်မှာ ကျနော့်ကို ရွတ်ပြခဲ့ဖူးတယ်
အဲတုန်းက ကျနော်ပြောခဲ့တဲ့စကားပဲထပ်ပြောရမှာပေါ့..။
အဲတုန်းက နောက်ဆုံးအပိုဒ်မပါသေးဘူး..
ပထမ ရွတ်ပြပြခြင်း အချစ်ကဗျာပဲထင်ခဲ့တာ
မသိစိတ်က ..လက်မခံချင်ဘူး...
ဘာလို့ ဆန့်ကျင်ဘက်တွေ ဒီလောက်သုံးထားရသလဲ..တခုခုပေါ့လေ
ဒါနဲ့...ထပ်ရွတ်ခိုင်းမိတယ်..
""ဘာ တွေ မှ ကြီးကြီးကျယ်ကျယ်မမျှော်လင့်ဘူး..
ဘာ တွေ ကို မှ ခမ်းခမ်းနားနား မပိုင်ဆိုင်လိုပါဘူး..
ငါတို့ ဥယာဉ်ထဲက ပန်းတွေ မွှေး ပျံ့ သင်း ရီ ဖို့.....၊
ဘာ ကို မှ လောဘတကြီး မတပ်မက်ပါဘူး..
ဘာ တွေ ကို မှ မတန်တရာ တမ်းတနေတာ မဟုတ်ဘူး..
ငါတို့ သောက်သုံးနေတဲ့ရေတွေ အေး သန့် လင်း ကြည် ဖို့.."'
ထပ်ပြီး ခိုင်မာစေတာကတော့
"ငါ ညည်းညူမိသမျှတေးချင်းတွေအားလုံးက.....
ရေမျောကမ်းတင်ဖြစ်လွန်းတော့
ငါ ပြောတတ်တဲ့ပုံပြင်တွေကိုလည်း
သားကပျင်းရိလွန်းပြီ..လေ..။"
......
ကျနော် သူ့ကိုအဲညက နားထောင်ပြီးတာနဲ့ပြောခဲ့တယ်..ဒါ အချစ်ကဗျာမဟုတ်ဘူး...သူဝန်မခံသလို မငြင်းခဲ့ပါဘူး...
လတ်တလောအခြေအနေနဲ့ ညီမျှခြင်းချကြည့်ရင်...အခုမှဖတ်ရတဲ့ နောက်ဆုံးအပိုဒ်က ...မုန်တိုင်းတခုလို ကြိုသိနေနိုင်ပါရက်နဲ့ ကာကွယ်ရခက်တဲ့ ဒုက္ခကို ငိုချင်းချလိုက်တာပဲ...
သေချာတယ် ဒါဟာ အချစ်ကဗျာမဟုတ်ပါ...
လက်ကုန်မြုပ်ထားတဲ့ သိုက်စာ...
အမြင်ကွဲလွဲနိုင်ပါသည်..။

Yu Ya said...

ကဗျာလေး လာရောက်ခံစား ဖတ်ရှုသွားပါတယ် အစ်မရေ..

yu ya

လင်းဒီပ said...

အချစ်ကဗျာမဟုတ်ခဲ့ရင် ခွဲခွာခြင်းဆီကိုရောက်ဖို့ အစပြုနေတဲ့ နာကျည်းခြင်းတေးသံ...။

ဆောင်းယွန်းလ said...

ကိုမင်းသုခပြောခဲ့သလိုပဲ
ဒါဟာအချစ်ကဗျာတပုဒ်မဟုတ်ခဲ့လေဘူးလို့ဆိုချင်တဲ့
ခံစားသူရဲ့ဆန္ဒအတိုင်းပဲ ကဗျာကိုရှိကြစေသတည်းပေါ့

ဝမ်းသာအားရတင်ပေးလိုက်တာကို ဝမ်းသာအားရဖတ်မိပေမယ့်
ဝမ်းနည်းမှုတွေက အလိပ်လိုက်တက်တက်လာပေါ့ညီမလေးရေ

မင်း တည်ခင်းလိုက်တဲ့ ညစာစားပွဲက
ကြယ်တွေကိုတောင် မူးဝေစေခဲ့တာရော သိလား..
သွေးထဲမှာ တရိပ်ရိပ်တက်နေတဲ့ ထမင်းဆိပ်တွေကိုတော့
လရိပ်မှာ လက်ထိုးအန်ပစ်ဖို့ လင့်မျှော်နေကြပြီ..။

စကားလုံးတိုင်းကိုနှစ်သက်မိပါတယ်ညီမလေးရေ

Moe Myint Tane said...

အို…..!
အခု ကိုယ်လာခဲ့တဲ့ခရီးရဲ့
အ ဝေး...
အ နီး......
ဘယ်ယာဉ်ကိုပဲစီးစီး ငြီး.. ငွေ့... ပြီ ။ ။


အခုအချိန်မှာ ဖြစ်နေတဲ့ စိတ်ခံစားမှုနဲ့ တစ်ထပ်ထဲဘဲ မကြီး။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်