August 19, 2009

ငါး..

ငါးအသေကောင် လိုချင်ရင်
ဈေးမှာဝယ်ပါ

ကြောက်လန့်နေတဲ့ ငါးတစ်ကောင်လိုချင်ရင်
ပိုက်ကွန်တွေနဲ့ ဖမ်းပါ

ဒဏ်ရာ ရနေတဲ့ ငါးတစ်ကောင် လိုချင်ရင်
ငါးမျှားချိတ်မှာ အစာတပ်ပြီး မျှားပါ

အရုပ်နဲ့ တူတဲ့ ငါးတစ်ကောင် လိုချင်ရင်
မှန်တွေနဲ့ လုပ်ထားတဲ့ ရေကန်အတုထဲမှာ မွေးပါ

ငါးအစစ် တစ်ကောင် လိုချင်ရင်တော့
ကျောက်ဆောင်တစ်ခုလို ရပ်နေပါ

ရင်ဘတ်ကို ဖွင့်ထားပါ
လမ်းမှားလာတဲ့ ငါးအစစ်တစ်ကောင်က
မင်းရဲ့ နှလုံးသားကိုတောင်
ဝင်ပြီး တိုးခွေ့သွားလိမ့်မှာ

အသက်ရှုသံတွေနဲ့
ရေလှိုင်းတွေကို ဖန်ဆင်းလိုက်တဲ့အခါ
ပျော်ရွှင်စွာ ကစားနေမယ့်
ငါးအစစ်တစ်ကောင် ကိုရရှိမှာ

မင်းရဲ့ လက်ချောင်း တွေနဲ့ သူ့ကို
ဖမ်းဖို့ မကြိုးစားတဲ့အထိသာ။


မြင့်မိုးအောင်

18 comments:

ကိုရင်နော်ခင်လေးငယ် said...

မင်းရဲ့ လက်ချောင်း တွေနဲ့ သူ့ကို
ဖမ်းဖို့ မကြိုးစားတဲ့အထိသာ။..

မကြီးရေ မျှဝေပေးတာ ကျေးဇူး..

Moe Cho Thinn said...

ကျောက်ဆောင်တခုလို ငြိမ်ငြိမ်လေး ရပ်နေမိပြီ။

emayarKhin said...

ကဗျာကောင်းလေးတပုဒ်
ဖတ်သွားတယ်...မရေ...
ဝေမျှပေးတာကျေးဇူး....
မရဲ့ကဗျာလဲဖတ်ချင်သေး
တယ်လေ...လုပ်ဦး...


ချစ်ခင်စွာဖြင့်
အမရာ

Moe Myint Tane said...

မင်းရဲ့ လက်ချောင်း တွေနဲ့ သူ့ကို
ဖမ်းဖို့ မကြိုးစားတဲ့အထိသာ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

မယ့်ကိုး said...

ကဗျာကောင်းလေးတွေကို အပင်ပန်းခံရိုက်ပြီး မျှဝေပေးတဲ့ မကို အရမ်းကျေးဇူးတင်ပါတယ်။ တကယ်။

အဆုံးမဲ့ချစ်တဲ့
=)

Yu Ya said...

ကောင်းလိုက်တဲ့ ကဗျာလေးဗျာ.. Idea ကောင်းကောင်းလေးကို သဘောကျသွားပါတယ်..

yu ya

မေဇင် said...

မမရေ...ကဗျာလေး ကောင်းလိုက်တာ..။

ဆောင်းယွန်းလ said...

ကိုယ့်ဆရာအကိုကြီးကဗျာကိုဖတ်သွားပါတယ်
ဖတ်ဖူးပြီးသားပေမယ့် ဘယ်အချိန်ဖတ်ဖတ်ကောင်းနေပါတယ်

Mhu Darye said...

မင်းရဲ့ လက်ချောင်း တွေနဲ့ သူ့ကို
ဖမ်းဖို့ မကြိုးစားတဲ့အထိသာ။

;)

တေလေ said...

ကဗျာလေးက အရမ်းကောင်းတယ်ဗျ.............

IDEA MAGAZINE said...
This comment has been removed by the author.
MANORHARY said...

ငါဟာကျောက်ဆောင်တစ်ခုပေါ့
လမ်းမှားလာမဲ့ငါးအစစ်တစ်ကောင်ကို
စောင့်ကြိုနေခဲ့တယ်
သူတွန်းတိုက်တိုးခွေ့သွားဖို့
နှလုံးသားကိုတောင်အသင့်ပြင်ထားခဲ့ရဲ့
ဒါပေမယ့်
မူမမှန်တဲ့ ငါ့အသက်ရှူသံအောက်
ငါးကလေးပျောက်ဆုံးသွားမှာတော့
စိုးနေမိ.............
တစ်ချို့ဘဝတွေက မုန်တိုင်းထန်နေခဲ့ကြတယ်။
(ခပ်တည်တည်နဲ့ရေးချလိုက်ပြီ
ခွင်လွှတ်ပါတော့ကိုမြင့်မိုးရေ..:P )

လင်းဒီပ said...

မဖမ်းတော့ဘူး ကျွန်တော့်လက်ကို သူကိုက်တယ် ဖြစ်မှာစိုးလို့..:P

Anonymous said...

လန်းလှချည်လား ကဗျာက..

ဇေဇော် said...
This comment has been removed by the author.
အိန္ဒြာ said...

ညီဇေရေ..

မျှော်နေတာ..ဟ

အိန္ဒြာ

mgngal said...

အပိုအလို မရှိ ကွက်တိ ရင်ထဲ ရောက်ပါ၏ ။

Unknown said...

ကျနော်တော့ ငါးကင်ကပို ကောင်းမယ်ထင်တာပဲ