March 11, 2010

Poem __ not for One to read


In the last drawer of her right palm
Is a gown hidden from her *One.
In the very garden has she locked
Is a flower wild, which is not
Supposed t' be kissed by *daught'.
In, also, theaters darkened by herself
Are fake settings, not deserved.

In the urban current that she's omitted
Are tempestuous storms of sleight,
That, for One, are capable of dizziness.
In mouth of ox-bow lake she dried up,
A flock of *Ardeola grayii are awaiting, what
Her dear One hasn't learned yet.

In some pages that she's folded
Are prescripts her dear should not focus.
The red cross that she's marked out
Is the long poisoned road,
That her One shouldn't be curious about.

In the lullabies she must compose to soothe with,
There must not be .... bitter sobs of split.
In the stories she is going to tell up,
There must not be .... insane foolishness.

Dear Little Daughter is
__Just a door, that
She'll be abl' to open herself back.

Dear Little Daughter is
__The little audacious heroin
Who is gonna star in her dream,
__The most vivid comet line
That'll be heading up in her sky,
___The purest little bud of flower,
Whose scent is growing fragrant like her ideas,
__Her very new clone of role,
Who's gonna lighten with her souls.

Oh, Dear Little Daughter!
Just don't want you to know,
What all mothers have diaries,
Which can't be let to read from A-Z.

Craton
March 11, 2010.

(Translated, using American English, from "Tha Mee Layy Ma Phet Phot Gabyar" by Eaindra)

Quotation:
*One = Dear Little Daughter
*daught' = Daughter
*Ardeola grayii = Indian Pond Heron (or) Paddybird


+++++++++++++++++++++++++++++++++++++++++++++++++

သမီးလေးမဖတ်ဖို့ ကဗျာ

သူမ ညာလက်ထဲက နောက်ဆုံးအံဆွဲထဲမှာ
သမီးလေး မသိအောင်ဝှက်ထားတဲ့ ၀တ်စုံတစ်စုံ ရှိနေ
သူမ သော့ခတ်ထားတဲ့ ဥယျာဉ်သာထဲမှာ
သမီးလေး မနမ်းရှိုက်ရမယ့် ပန်းရိုင်းတစ်ပွင့် ပွင့်နေ
သူမ မှောင်မိုက်ထားတဲ့ ခန်းမသဘင်တွေထဲမှာက
သမီးလေးနဲ့ မထိုက်တန်တဲ့ ဆက်တင်အတုတွေ

သူမ ထိန်ချန်ထားတဲ့ မြို့ပြစီးကြောင်းမှာ
သမီးလေး မူးဝေစေနိုင်တဲ့ ပဉ္စလက်မုန်တိုင်းတွေ လှိုင်းထန်
သူမ ခမ်းခြောက်ထားတဲ့ မြစ်ကျိုးအင်းဝမှာ
သမီးလေး မသိနိုင်သေးတဲ့ ဗျိုင်းအောက် တစ်အုပ်က စောင့်ကြိုလို့

သူမ ခေါက်ထားတဲ့ စာမျက်နှာ တစ်ချို့မှာက
သမီးလေးမသင်အံသင့်တဲ့ ပြဌန်းချက်တွေ
သူမ ခတ်ချထားတဲ့ အနီရောင်ကြက်ခြေက
သမီးလေး မစူးစမ်းသင့်တဲ့ အဆိပ်သင့်လမ်းမရှည်

သူမချော့သီရမယ့် တေးချင်းတွေထဲမှာ
နာကျည်း ရှိုက်ငင်သံ ...........မပါစေရဘူး
သူမပြောပြဖြစ်မယ့် ပုံပြင်တွေထဲမှာ
ရှုးနှမ်းမိုက်မဲမှု .......မပါစေရဘူး။

သမီးလေးက.....
သူမကိုယ် သူမ အသစ်ပြန်လည်ဖွင့်နိုင်မယ့်
တံခါးတစ်ချပ်လေ..

သမီးလေးက....
သူမ အိပ်မက်တွေမှာ သရုပ်ဆောင်မယ့်
မင်နဲ့ မောင်းနဲ့ ဇာတ်လိုက် ပေါက်စလေး....
သူမ ကောင်းကင်ယံမှာ ၀ံ့ ကြွားမယ့်
အရွှန်းပဆုံး ကြယ်စင် ကြယ်တန်းလေး...
သူမ စိတ်ကူးတွေအတိုင်း မွှေးမြမယ့်
အသန့်စင်ဆုံး ပန်းဖူး ပန်းနုလေး...
သူမ၀ိဉာဉ် တွေနဲ့ တောက်စားမယ့်
အသစ်စက်စက် သူမ ကိုယ်ပွားလေး...

သမီးလေး.....ရေ
သမီးလေး မသိစေချင်ပါဘူး၊
အမေတွေ ဆီ မှာ......
တစ်အုပ်လုံး ပေးဖတ်လို့ မဖြစ်တဲ့...
ဒိုင်ယာရီတွေ ရှိတာကို...။ ။


အိန္ဒြာ

+++++++++++++++++++++++++++++++++++++++++++++++++++++++++++


မေးလ်ထဲကို တီဒြာအတွက်ကဗျာလက်ဆောင်ဆိုပြီး ကရေတွန်လေးဆီက စာလေးတစ်စောင်ဝင်လာပါတယ်။
ဒီလိုပဲ ဖေါက်ဖတ်လိုက်တော့ မထင်မှတ်ထားတဲ့ အတွက် အရမ်းအံ့သြ၀မ်းသာသွားမိပါတယ်။
တီဒြာ့ ကဗျာလေးကို သားတော်တော်ကြိုက်လို့ ဘာသာပြန်ကြည့်ထားတာတဲ့..။
အသံအစီးအဆင်းရော စကားလုံးတွေပါ ပြေပြစ်လှပနေလွန်းတာ တွေ့လိုက်ရတော့ ဒီကလေးကို ချီးကျူးပြီးရင်း ချီးကျူးရပြန်ပါတယ်။
အရွယ်လေးငယ်သလောက် အနုပညာရော အတတ်ပညာပါ မသေးတဲ့ ကလေးလို့ အသိအမှတ်ပြုထားရတာကတော့ ကြာပါပြီ။
စောင့်ကြည့်ရဦးမှာပါ အဆိုတော်ပဲ လုပ်မလား၊ စာရေးဆရာလုပ်မလား ၊ ဘာသာပြန်ပဲလုပ်မလား ဆိုတာ.။

"" သားငယ်လေးရေ ဒီလက်ဆောင်အတွက် အရမ်း အရမ်းကျေးဇူး ""

12 comments:

Angel Shaper said...

ဝေးးးးးးးးးးးးးး
တစ် ရတယ်ဟေ့။

Angel Shaper said...

ဟုတ်တယ်။
မူရင်းကဗျာလေးရော.... ဘာသာပြန်လေးကော အရမ်းကောင်းတယ်။
နှစ်ယောက်လုံးကို လေးစားအားကျသွားပါတယ်နော်။

Angel Shaper said...

ဒါကတော့ မောင်သေးသေးလေးအတွက်
တွန်ကြီးရေ.... ကွန်ဂရက်ကျူလေးရှင်းနော်။

ဇွန်မိုးစက် said...

Wow! What a marvellous translation by Craton! I do really appreciate his brilliant talent and English for translating a poem like this. :)

Anonymous said...

Thanks a million, Zun Moe Set!




Craton

သိင်္ဂါကျော် said...

အမေတိုင်းမှာ သမီးလေး မဖတ်ဖို့ ကဗျာတွေ ရှိနေနိုင်တာပဲနော်..

ကဗျာလေးကို ဖတ်ပြီး ကြိုက်သွားပါတယ်..

အိန္ဒြာ said...

I don't even know how to appreciate, That Nge. AMAZING!! It's really GREAT !!

T.Nor

သင်း said...

အကောင်ပေါက်လေးတော်တော်လက်စောင်းထက်တာပဲ
မချီးကျူးပဲမနေနိုင်အောင်ပါပဲ

မယ့်ကိုး said...

တော်လိုက်တာ ။ ကာတွန်းရုပ်လေးတို့များ ။ =)

Ree Noe Mann said...

တော်ချက်လို့ပဲပြောနိုင်တော့တယ်။

ဒဏ္ဍာရီ said...

သားငယ်ရဲ့ အခန်းဆက် ၀ထ္ထုလေး (ကျနော်နှင့် တစိမ်းများ)ကို ဖတ်ကတည်းက တော်မှန်းသိနေခဲ့တာ။ အခုလည်း ကဗျာလေးကို ဘာသာပြန်ပေးထားတာ တော်ပါပေတယ်။ တကယ် ချီးမွန်းတယ် သားငယ်။

ခင်မင်လေးစားလျှက်

emayarKhin said...

အားကျလိုက်တာ...