(၁)။
ဒီတစ်ခါပိုစ့်က ဟာသလိုလိုဘာလိုလိုဆိုတော့ အိန္ဒြာကထူးထူးဆန်းဆန်းတွေလုပ်ထားတယ်ဆိုပါတော့..။
ဘာလို့လဲဆိုတော့ ကိုယ့်ဘလော့ကိုယ်ဖွင့်ရင်တောင်စိတ်တွေညစ်ညစ်လာလို့ပါ..။
လာလာဖတ်ကြတဲ့သူတွေကိုလည်း ကြာတော့အားတွေနာလာရော..
တစ်ခါတစ်လေလောက်..ပေါ့ပေါ့ပါးပါး..ပျော်ပျော်ရွှင်လေးပြန်သွားစေ့ချင်တာပေါ့လေ...
တကယ်တော့ ဘလော့ကိုစတည်ကတည်းက အက်ဆေးလေးတွေလဲရေးမယ်ပေါ့..။
ပန်းချီ မတောက်တခေါက်လဲဆွဲပစ်လိုက်မယ်ပေါ့၊ ကဗျာတွေကိုလဲ ဆောင်းပါးတွေနဲ့ အပီအပြင်ခံစားပစ်မယ်ပေါ့..။
စိတ်ကြိုက်ရေးပစ်လိုက်မယ်ဟဲ့ လွပ်လွပ်လပ်လပ်ဆိုတာ..လက်တွေ့မှာ စိတ်ကူးထဲတောင်မနည်းဖြစ်နေရပါတယ်..။
အခုဆို ကိုယ့်ရှိပြီးသား ကဗျာလေးတွေ..၀တ္ထုလေးတွေကလဲ ကုန်သလောက်ဖြစ်လာတော့ ပိုစ့်မှန်မှန်တင်နိုင်ဖို့ မျက်ခုံးကလည်းလှုပ်လာပြီဆိုပါတော့..
အဲဒါနဲ့ ပေါ့ပေါ့ပါးပါး အက်ဆေးလေးတွေရေးကြည့်ဖို့ သတိရလာတာလည်းဝန်ခံပါတယ်နော်...
ကဗျာဆရာမ(ကိုယ့်ကိုကိုယ်ကဗျာဆရာမလို့ခံယူပါတယ် တစ်ပြားမှမလျှော့နိုင်ပါ..။)ရေးတဲ့ အက်ဆေးဆိုတော့ နည်းနည်းအချိုးမပြေဖြစ်နေလည်း အော်သာသွားကြပါတော့လို့..။
(၂)
ဇာတိမွေးရပ်ကဧရာဝတီအရှေ့ဘက်ကမ်းနဖူးပေါ်ကပါ..။ (ထိန်တောမိုးညိုဆိုရင် လူမိုက်တွေဆိုပြီးနည်းနည်းလန့်သွားကြမလားမသိ..)
ဟိုးတုန်းက သိပ်ကိုခေါင်ခဲ့တဲ့ ရွာလေးတစ်ရွာပေါ့..။ဒီလိုပဲ ဧရာဝတီရဲ့ အနောက်ဖက်ကမ်းမှာလဲ ဒီလိုပဲ ရွာစဉ်ရွာတန်းလေးတွေ ရှိနေခဲ့ပါတယ်..။
ခပ်လွယ်လွယ်ပဲ အရှေ့ဘက်ကမ်းကလူတွေက အနောက်ဖက်ကမ်းသားတွေပေါ့ အနောက်ဘက်ကမ်းကလူတွေက အရှေ့ဘက်ကမ်းသားတွေပေါ့..
ဒီလိုပဲ ရောင်းဝယ်ဖေါက်ကားကြပေမယ့် တစ်ချို့ သိပ်ရှေးရိုးဆန်သူတွေရဲ့စိတ်ထဲမှာ အစွဲအလန်းတစ်ခုကရှိနေကြခဲ့ပါတယ်..။
အဲဒါက စုန်းကဝေ အတတ်တွေ တတ်သူတွေရှိတယ်လို့ တစ်ဖက်နဲ့တစ်ဖက် အထင်တွေကြီးနေကြတာပါ..။
ငယ်ငယ်က ထိမ်းကျောင်းပေးခဲ့တဲ့ ဒေါ်အေးတိုဆိုရင် စုန်းကဝေကိစ္စ သိပ်ကို စိတ်ဝင်စားတော့ကာ..တစ်နေ့တစ်နေ့သူ့ဆီက စုန်းကဝေပုံပြင်တွေလဲမထပ်အောင်နားထောင်ခဲ့ရပါတယ်..။
အနောက်ဖက်ကမ်းသားတွေစုန်းတတ်တာ.ညညမီးလုံးတွေ အပြိုင်အဆိုင်တက်နေတာ ဒီဘက်ကမ်းကလှမ်းမြင်နိုင်ကြောင်း..။
ဈေးလာဝယ်ရင်းဈေးဆစ်တာမလျှော့လို့ ပြုစားသွားတာ..ရွာချပေးမှပျောက်ကြောင်း
နောက်ရွာချတုန်း..လာစားတဲ့ခွေးကို ထန်းပိုးနဲ့ဆော်လွှတ်လိုက်တာ..နောက်နေ့ စုန်းမက ခါးမှာဒဏ်ရာကြီးနဲ့ဖြစ်နေကြောင်း...
တော်တော့်ကို ရင်သိမ့်တုန်ချင်စရာ ဖြစ်ရမ်းတုတ်ဇာတ်လမ်းတွေကို နားထောင်ခဲ့ရတာပါ..။
သူဖြစ်စေချင်သလို ပါးစပ်အဟောင်းသားနဲ့ တဖြည်းဖြည်းလူကြားထဲတိုးဝင်မလာပဲ သူမဖြေနိုင်တဲ့မေးခွန်းတွေချည်း
ညစ်တီးညစ်ကန်မေးခွန်းထုတ်တတ်လို့ ဒေါ်အေးတိုက အမြင်တော်တော်ကပ်ခဲ့တာလဲ မှတ်မိပါသေးတယ်.။
အဲသလို အနောက်ဘက်ကမ်းမှာကလဲ အရှေ့ဘက်ကမ်းသူတွေ စုန်းကဝေအတတ်မှာ တစ်ဖက်ကမ်းခတ်တဲ့အကြောင်းပုံတိုပတ်စတွေနဲ့ပါတဲ့..။
ကိုယ်တို့အရှေ့ဘက်ကမ်းကတောင် လက်စောင်းပိုထက်ပုံရပါတယ်..
အရှေ့ဘက်ကမ်းသူတွေ စုန်းကဝေအတတ်ကျွမ်းကျင်လိုက်ပုံများ..
သန်းရှာတာတောင် သူများကို ခိုင်းနေစရာမလိုဘူး..ကိုယ့်ဦးရေပြားကိုယ်ချွတ်ပြီးဒူးမှာစွပ်ပြီး ကိုယ့်ဟာကိုယ်သန်းရှာကြဆိုပဲ...
တစ်ခါတစ်လေ..ကလေးငိုရင်တောင်..ချောက်စရာလှန့်စရာတစ်မျိုးဖြစ်လို့ပေါ့..။
(၃)
အဲဒီ့မှာပဲ ကိုယ်တို့အစ်မ၀မ်းကွဲ မမထားထားဦးနဲ့ အနောက်ဖက်ကမ်းသားကိုမြ၀င်းဆိုတဲ့ အကိုကြီးတို့ ချစ်သူတွေဖြစ်ကြ ၊
အိမ်ကသဘောမတူကြ၊ခိုးရာတွေလိုက်ပြေးကြတွေဖြစ်ပါတော့တယ်.။
မမထားက သူ့အမျိုးသားရဲ့ရွာကိုပါသွားပြီးရွာကိုပြန်မရောက်ဖြစ်ပဲတော်တော့်ကိုကြာသွားခဲ့ပါတယ်..။
ရွာလေးကလည်းတော်တော်ဝေးဝေးခေါင်ခေါင်မှာလို့သိရပါတယ်.။
ဒေါ်အေးတိုကတော့ စုန်းဆိုတာသူပညာပေးချင်ရင်ဗူးသွင်းလိုက်ကြောင်း ထားထားဦးဗူးသွင်းခံနေရပလားမသိဆိုတာမျိုးတွေ မထပ်အောင်ပြောနေတုန်းပါပဲ..။
တစ်နေ့တော့ကိုယ်တို့ဘဘကြီးက ပဉ္ဖင်းခံရှင်ပြုအကြီးအကျယ်လုပ်မှာမို့ သူ့မြေးဦးမကိုရအောင်ဖိတ်ဖို့အမိန့်ချလိုက်တော့ မမထားရွာပြန်လာမယ်ဆိုတဲ့ သတင်းကြားရပါတော့တယ်.။
ကိုယ်တို့ကလေးတွေကတော့ အလှူဆိုတာရယ်.။ မမထားလည်းပြန်လာမယ်. ကလေးလေးလည်းပါလာမယ်ဆိုတာတွေနဲ့မြူးဆောင့်နေခဲ့ကြပါတယ်.။
တကယ်ရောက်လာတော့လဲ..မမထားပါလာသမျှမုန့်တွေစား..ကိုယ်တို့တူမဆိုတာလေးကို ကစားစရာအရုပ်တစ်ရုပ်လိုလုကြယက်ကြ..၊ ပျော်နေကြတော့တာပါပဲ..။
အဲဒီ့မှာ မမထားက သူ့ယောင်းမလေးကို ကလေးထိမ်းဖို့ဆို ခေါ်လာခဲ့တာပါ..။
ကောင်မလေး...(အဲ.. အစ်မကြီးပေါ့..) ၊ က အပျိုပေါက်အရွယ်ခပ်ချောချောလေးပါ..။ အစ်ကိုတွေဝိုင်းပိုးကြတာကိုလဲမှတ်မိနေပါသေးတယ်..။
သူကစလာကတည်းက တော်တော့်ကိုရှိုးရှိုးရှမ်းရှမ်းစိတ်မသက်မသာပုံနဲ့ရှိနေခဲ့ပါတယ်.။
မမထားကိုလည်းမျက်စိအောက်ကအပျောက်မခံ. ဘယ်မှလည်းမသွားရဲမလာရဲ တော်တော်လေး..ကတ်သီးကပ်သပ်နိုင်နေလို့ ခေါ်လာမိတာမှားပါတယ်အေလို့ မမထားညည်းပုံချနေတာခဲ့ရတာပါ..။
ညမှောင်လာလေ..ငိုမလိုမျက်နှာထားမို့ဖြစ်လာလေပေမယ့် အားလုံးက ကိုယ့်အလုပ်ကိုယ့်အပျော်တွေနဲ့မို့ သူ့ကို မသိလိုက်ဘာသာဖြစ်နေခဲ့ကြအသေအချာပေါ့..။
အဲ..မိုးလင်းမှ..ပြသနာကစတော့တာပါ..ပဲ..။
(၄)။
တဟီးဟီးချုံးပွဲချငိုနေတဲ့ ကောင်မလေးဘေးမှာ လူတွေက၀ိုင်းလို့ပေါ့..။
အခုပြန်မယ် ခုချက်ချင်းပြန်ပို့ပေးပါ..ဆိုတော့လဲ မမထားခမျာ ခေါင်းတွေချောက်လို့ပေါ့..
ဟဲ့ ဘာဖြစ်လို့လဲဆိုတော့ တုန်တုန်ရီရီနဲ့ "ကြီးကြီး" ကိုလက်ညှိုးချည်းထိုးထိုးပြနေတော့ ကြီးကြီးခမျာမျက်နှာငယ်လေးနဲ့ ငါ ဘာတွေများပြောလိုက်မိလဲ ပုတ်ခတ်ပုတ်ခတ်ပြန်စဉ်းစားလို့..ပေါ့..
ကြောက်တယ် ချည်းထပ်ထပ်ပြောနေတော့ မဖြစ်မနေသေသေချာချာမေးကြရပေါတော့တယ်...
ပြသနာက..ဒူးမှာဦးရေပြားစွပ်ပြီးသန်းရှာတဲ့ပြသနာပါ...
မနက်အစောကြီး ကြီးကြီးကလာနှိုးတယ်တဲ့ ကြီးကြီးခေါ်တဲ့နောက်လိုက်သွားပြီးမျက်နှာလိုက်သစ်ပါတယ်တဲ့
အဲဒီ့မှာ ကြီးကြီးက
သူ့သွားတွေကိုချွတ်ပြီး..သွားတိုက်ပြ ပါတယ်တဲ့...
သူအရှေ့ဘက်ရွာသူတွေအကြောင်းကြားဖူးထားပြီးသားပါတဲ့
အသက်၅၀ကျော်နဲ့အံပုံလုပ်ထားရရှာတဲ့ ကြီးကြီးခမျာ မျက်ရည်တွေရော သူ့အံကပ်ရောထွက်ကျအောင်ရယ်လိုက်တာ..မှ..။
(၅)
အဲလိုနဲ့ မမထားခမျာ ဘယ်လိုမှရှုင်းပြချော့မော့လို့မရတဲ့အဆုံးရှင်လောင်းလှည့်တာလေးတောင်မနေရတော့ပဲ ပြန်ပို့လိုက်ရတော့တာပါပဲ..။
အမျိုးထဲလဲ ပြောစမှတ်ကိုတွင်ကျန်ရစ်တော့တာပါပဲ..။
တွေးကြည့်မိပါတယ်..
သူဘယ်လောက်ကြောက်လန့် တုန်လှုပ်သွားရှာမလဲနော်....
သူ..အထိတ်တလန့် ကိုယ်တွေ့ဖြစ်ရပ်မှန်အနေနဲ့တွေ့သမျှလူကိုပြောပြနေတော့မှာ..
တစ်ဆင့်စကားတစ်ဆင့်နားနဲ့ အရှေ့ဘက်သားတွေ သွားတောင်ချွတ် သွားတိုက်တဲ့အဆင့်ရောက်သွားရဦးမှာ..
နောက်..ဘယ်လောက်ရိုးသား(ရိုးအတယ်ပဲပြောရတော့မှာပါ)လိုက်တဲ့..၊အယုံလွယ်လိုက်တဲ့ အစွဲအလမ်းတွေကြီးတဲ့..တောသူတောင်သားတွေများလဲ...
ဒီလိုလူမျိုးတွေ ဘယ်လောက်ရှိနေကြဦးမလဲ..စသဖြင့်ပေါ့လေ....။
အိန္ဒြာ
(၆.၃.၂၀၀၉)
15 comments:
မကြီးရယ်...
ရေးလည်းရေးတတ်ပ့ါနော်..
ရိုးသားလွန်းတဲ့ ဓလေ့လေးတွေ လွှမ်းတဲ့
ရွာကိုလွမ်းသွားတယ်...
သူ့ခမျာ ကြောက်ရှာမှာပေါ့...
ဟီးးးးးး
စာကြွင်း... မကြီးရေ စကားမစပ်
ကြီးကြီးဆိုတာ အမြင့် post ထဲက
"သခင်" ဆိုတာထင်တယ်..
ဟားး ဟားးး
ဟား ဟား ဟား မကြီးရေ ကျွန်တော့် အဒေါ်လည်း သွားတွေချွတ်တိုက်ပြတတ်တယ်။ သူလည်း အဲဒီ့အတတ်များ တတ်သလားမသိ။
မပြုံးဘဲနဲ့ ၀ါးလုံးကွဲ ရီပြီးပြန်သွားပါတယ်။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ရယ်ရတယ်.. သွားနာနေလို့ကောင်းကောင်းတောင်မရယ်နိုင်ဘူး..
စကားပြေအရေးအသားကတော့ပုံပြောပြနေသလိုပါပဲအစ်မရေ.
ရွှင်လန်းစွာနားထောင်သွားပါတယ်။
ခင်မင်လေးစားလျက်
မိုးကြယ်
(((((((ဗြဲ)))))))
ရယ်ရတယ်...တော့... မအိမ်သာကြီး အိမ်သွားလည်တုန်းကလည်း သူမနက်အစောကြီး ချွတ်ပြီး တိုက်နေတာ တွေ့ခဲ့တယ်... သွားတွေ ပြောပါတယ်... သွားတွေ..သွားတွေ.. :D
ရေလည်ခင်တဲ့..
မိုးမောင်
ရီရတယ်ဗျာ... ဖြစ်တတ်ပါတယ်လေ...
ညီမက စကားပြေပါ အရေးကောင်းတော့တာကိုး။ ကဗျာသမား စကားပြေရေးရင် ကဗျာဆန်ဆန် လှသတဲ့။ အခု ရွာသူရွာသားတွေ ရိုးပုံကို ရိုးရိုးလေး ရေးပြလို့ ချစ်စရာကောင်းလိုက်တာ။ ထပ်ရေးပါအုံး ညီမရေ။
ညစ်နေတဲ့အခိုက်ဖတ်မိတာ စိတ်ထဲမှာတကယ်ကိုပေါ့သွားတယ်အစ်မရေ ....
ခေါင်းစဉ်ပေးထားပုံလေးကအစလန်းတယ်ဗျာ .......
ကောင်းတယ်ညီမရေ...း)
ငယ်ငယ်ကကိုယ့်လည်းအဲလိုသွားတွေချွတ်တိုက်တာ
တွေ့ခဲ့ဖူးတာပေါ့...း)
အဲလိုလေးတွေဖတ်ရတော့စိတ်ပျော်စေတယ်
ကျွန်တော့်အဖိုးလည်း ကဝေ အတတ်တယ်တယ်ဗျ။ သွားတွေ ချွတ်တိုက်တယ်။ :D
စကားပြေအရေးလည်း ဖတ်လို့ကောင်းနေတာပါပဲ ညီမရေ...မှတ်သားဖွယ်ရာ ရယ်ရွှင်စရာလေးတွေပေါ့..
သြော်...ကလေးမခမြာ အတော်လန့်ရှာမှာပဲ..
အကိုတို့ငယ်ငယ်က စုန်းအတတ်ကို ဒီလောက်မသိခဲ့တော့ အဘိုးသွားတွေချွတ်တိုက်တာ မြင်ခဲ့ဖူးပေမယ့် မလန့်ခဲ့ရဘူးလေ
ဖြစ်မှဖြစ်တတ်ပါပေ့ နော်...
ဟီးးးး ဖတ်လို့ အားကြီးကောင်းတယ်!
ဂွတ်!
အဟိ အဟိ..
ညီမလေး...ဒီလိုလဲဖြစ်တာပဲလား
အဲဒီ ကြီးကြီးက ကျောက်မျက်လုံးတစ်ဖက်သာ ထပ်ရှိနေမယ်ဆို..ကောင်မလေးတော့ နေရာတင်
ဘာဖြစ်သွားမလဲမသိဘူးနော်...
သူငယ်ချင်း
မပြုံးပဲနဲ့ဝါးလုံးကွဲရီလိုက်တယ်..
(ဟားဟားဟား)၃
ဖတ်ရတာ..စိတ် ကို ပေါ့သွားတာပဲ..
နောက်ထပ်အဲဒီလိုရီစရာလေးတွေရေးပါဦး
သူငယ်ချင်း
ခွင့်လာတောင်းတာ....
"ကဝေကြောက်တတ်တဲ့အနာ"...လေးကို
ငါ...ကျောင်းမှာ..မြန်မာ..အကြောင်းပြောတဲ့အခါ
ပြောချင်လို့...
နင်..မပေးလည်းပြောမှာပဲ...
ယူသွားပြီ
ဟီးဟီး
Post a Comment