ဆရာကိုမိုးဃ်ဇော်ရဲ့ ကျန်ခဲ့တဲ့.ဆယ်နှစ်ကျော်က ကဗျာလေးပါ။
ခုချိန်အထိ.ပူနွေးလတ်ဆတ်နေတုန်းမို့ ခံစားမိရာကဏ္ဍလေးကတဆင့်မျှဝေလိုက်ပါတယ်.။
ဟောဒီ့မှာ
အပ်တန်းလန်းနဲ့နေ့တွေ
ပိုက်တန်းလန်းနဲ့ညတွေ
မသေသေးတဲ့ သေခြင်းတရားတွေ
အသေစောတဲ့သေခြင်းတရားတွေ
မသေသင့်တဲ့ သေခြင်းတရားတွေ
စုတ်ထုတ်ခံရတဲ့ အတိတ်တွေ
ပန်းထွက်နေတဲ့ အနာဂါတ်တွေ
သွန်ပစ်နေရတဲ့ ပစ္စုပ္ပုန်တွေ
နေ့မြင်ညပျောက် ဘော်ဒီစပရေးတွေ
ကျင်းတူးထားတဲ့ ဘ၀တွေ
ဘီစကစ်မုန့်လိုခန္ပ္ဓာတွေ ။
လူတစ်ယောက်
ကြမ်းပြင်ပေါ်ကျကွဲသွာတာ
လူတစ်ယောက်ရပ်ထားရင်းပိန်ချိုင့်သွားတာ
လူတစ်ယောက်ဖုန်တောထဲ လွင့်ပျံသွားတာ
ဘာမှ..မထူးဆန်းဘူး
ကျွန်တော့်ကို ရန်လိုနေတာ
ခင်ဗျားတို့ သိပ်ပင်ပန်းမှာပဲနော်။
ဟောဒီ့လေထုထဲ.
မမြင်ရတဲ့ ပန်းတွေသာ မရှိခဲ့ရင်
မကြားရတဲ့ သီချင်းတွေသာ မရှိခဲ့ရင်
နိုးတစ်ဝက်အိမ်မက်တွေသာမရှိခဲ့ရင်
သေချင်တယ်။
သေလို့လည်း အေးချမ်းသွားမှာလား..
သေသူ့ထံက
ကြေးနန်းပို့ချက်ရတယ်
မသေခင်ကာလ
တရားကိုနတ်စောင့်ပါစေသား။
လူများ၊နတ်များ၊ဗြဟ္မာများ
ကိုယ်ချင်းစာနိုင်ကြစေသား။ ။
မိုးဃ်းဇော်
(ရုပ်ရှင်တေးကဗျာ၊၁၉၉၈ ၊သြဂုတ်)
6 comments:
သိပ်ကိုကောင်းသလို သိပ်ကို အဓိပ္ပါယ်ရှိတဲ့ကဗျာလေးပါ။
စကားလုံးတွေလည်း သိပ်ကို ပြောင်မြောက်တယ်။ ကြိုက်တယ်မကြီးရေ။ မျှဝေပေးတာ ကျေးဇူးပါ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
အရမ်းမိုက်တဲ့ကဗျာပဲ
မျှဝေပေးတာကျေးဇူး.
ကဗျာထဲမှာမပြောဘဲကြားနေရတဲ့စကားတွေရှိတယ်.
ကြောက်စရာကောင်းလောက်အောင်ထိမိတဲ့ကဗျာတစ်
ပုဒ်ပါဘဲ..မျှဝေမှုအတွက်ကျေးဇူးတင်ပါတယ်ညီမရေ..
ခင်မင်လျက်
အမေရေ..ကဗျာထဲကအမှန်တရား
တွေကကြောချမ်းစရာနော်......
ခုလိုဖတ်ရဖို့မျှဝေပေးတာကျေးဇူးပါ။
ခန့်တယ်ဗျာ..
ဖတ်ရတာ..အရမ်းအရသာရှိတယ်..
ကျေးဇူး..
အစ်မရေ ကဗျာကောင်းတစ်ပုဒ်အတွက်ကျေးဇူးပါ။
အချိန်ရရင် အစ်မပြောတဲ့ပိုစ့်မော်ဒန်အကြောင်းနားထောင်ချင်တယ်ဗျာ။
ခင်မင်လေးစားလျက်
မိုးကြယ်
Post a Comment