January 17, 2009

အလွမ်းစက်လက်

ကိုယ့် သန်းကောင်ယံတွေကို လှုပ်နိုး၊
ကိုယ့် အိမ်မက်ကို ပန်းလို ပျိုး ခဲ့တဲ့
ဂစ်တာသံ အ၀ါလေးဟာ
အဲဒီ့ ဂျင်းပင်(န်) အပြာလေး ပဲဖြစ်မှာပါ။

ညနေတွေတိုင်းက ကြည်ပြာ
ရှိန်းမြ တစ်ကိုယ်ရည် အတွေး
ကိုယ့် ရင်ခုန်ကဖေးလေးရှေ့ ဖြတ်လျောက်ဖို့
မင်း အကြည့်တွေကို
မြားလို ရိုင်းမပြစမ်းနဲ့ ကောင်လေးရယ် ။

ကိုယ့် ခြေသံတွေက
မင်း ခြေသံကို..မှ.....ချူချ လိုက်ချင်သတဲ့
ကိုယ် ချဲ့ထွင်ခဲ့တဲ့လမ်းလေးက
မင်းတစ်ကိုယ်စာ

မျှော်လင့်ခြင်းဆိုတာမှာ
သက်ပြင်းတွေ ဖြာနေတတ်ပါသလား....

မင်း သတင်းကို
သီချင်းလို ကိုယ် ဆိုခဲ့မိပေါ့။

အချိန်ကို ရထားလိုစီးပြီး
ဒီခရီးကို ကိုယ်နှင်လာခဲ့ပြီ
ရာသီတွေဘယ်နှစ်ခါ ယွန်းယွန်း.....
ကိုယ့် မျက်ဝန်းထောင့်စွန်းလေးမှာ ပျက်ကွက်

ကိုယ့် အလွမ်းစက်လက်ပန်းချီကား...

နာ ဖျား ကွဲ ကြေ ။

ကောင်လေးရေ...
ငါ က ........
အချစ်ကို
မင်း နဲ့မှ ချို ချင်နေခဲ့တယ် ။ ။

အိန္ဒြာ
(၂၀၀၇ ခုနှစ် အချစ်ဂျာနယ်)


ဒီကဗျာကို တင်လိုက်ရင်ကောင်းချီးဝိုင်းပေးကြမယ့်သူတွေ စောင့်နေကြမယ်ဆိုတာသိပါတယ်..။

"" ဟမ်!!ဘာတုန်း..အိန္ဒြာ လဲဒါမျိုးလေးတွေရေးချင်တာပေါ့ဟ..""

ကိုယ့်ဟာကိုယ်ရေးပြီး..ရှက်ကိုးရှက်ကန်းဖြစ်နေရတဲ့ ကဗျာမျိုးလေးပေါ့..
အြိန္ဒာ့ Blog ကို လာလည်သူတွေအတွက် အပြောင်းအလဲလေးဖြစ်အောင်လို့ပါ..။






17 comments:

HAPPYCLOUD said...

ဦးဆုံး..ကောင်းချီး လာပေးပါတယ်... ဟင်း..ဟင်း..
ဒါမျိုးလဲ ရှိသေးသကိုး... အဲတုန်းက ရဲမဖမ်းဘူးလား...

မိုးမောင်

ကိုရင်နော်ခင်လေးငယ် said...

ရင်ခုန်ကဖေးက.. မကြီး
အနော်တို့လည်းကောင်းချီး လာပေးပါတယ်..
အဟက်.. ကောင်းလွန်လွန်းလို့...

ခင်မင်လေးစာမူများစွာနဲ့

မောင်လေးနော်ညလေးငယ်

ဆောင်းယွန်းလ said...

ကောင်းလိုက်တဲ့ကဗျာလေး..စကားလုံးတွေကသိပ်လှပြီး
သူ့နေရာနဲ့သူအစီအစဉ်ကျနေလိုက်တာ.
အသံတွေလည်းသိပ်လှတယ်..
ခင်မင်လျက်

Craton said...

ဟဲဟဲဟဲ.. တီတီကြီးတစ်ယောက် အဲ့တုန်းက ရိုးမှရိုးရဲ့လားနော်.. ငှင်းငှင်း..

Moe Myint Tane said...

သန်းကောင်ရောက်ဘို့ ညဉ့်ဦးယံကို ကျော်လွန်ရ စမြဲဘဲ..
အိပ်မက်ဆိုတာလည်း အိပ်ပျော်တတ်တဲ့ သူတွေအတွက်..

မြှားတစ်စင်းလို ပြင်းရှရှ ရက်စက်မှုတွေကြား
ရင်နင့်ခံ ပွင့်ပြခဲ့တဲ့ ပန်းတစ်ပွင့်ရဲ့ ဆည်းဆာ
ပုဇွန်ဆီရောင် မတောက်နိုင်ခဲ့တော့တာ
ဒဏ်ရာဒဏ်ချက် သစ်ပင်မှာ တွယ်ကပ်ခဲ့မိလို့လေ..။

နှလုံးသွေးတွေ ယိုထွက်နေမှတော့
ခြေသံတွေအတွက် ရင်ဘတ်နဲ့ မချူချင်တော့ဘူး
သက်ပြင်းတွေသာ ဖြာထွက်တဲ့ မျှော်လင့်ချက်နဲ့ဘဲ
အချစ်ကလည်း ဘ၀တိုက်ပွဲမှာ အ..ပြို..ပြို..အ..လဲ..လဲ..။

ရာသီတွေလည်း ပုံမှန်ရွှေ့ပြောင်းဆဲ
ကမ္ဘာကလည်း နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်း စောင်းနေဆဲ
ဝင်ရိုးစွန်းတွေလည်း အေးခဲနေဆဲ
သွေးစိမ်းရှင်ရှင် ထွက်နေတဲ့ အသည်းဒဏ်ရာလည်း
တ ဆစ် ဆစ် နာကျင်ကိုက်ခဲနေဆဲ..။

ကဲ......
ကြေကွဲသွေးနဲ့ ရေးတဲ့
အလွမ်းစက်လက် ပန်းချီကားကိုချိတ်ဆွဲတဲ့
နှလုံးမဲ့ လက်တွေမှာလည်း ချိုမြိန်ခြင်းတွေ
ပျက်..သုဉ်း..ပျောက်..ရှ..။

နှလုံးကွဲရာသီမှာ ဖြစ်တည်တဲ့ကောင်းကင်ထက်
အလွမ်းရက်ကြယ်စင်နဲ့ မျှော်လင့်ခြင်းသွယ်တဲ့လ
ရွေးချယ်ခွင့် ပျောက်ဆုံးတဲ့ ဘ၀မှာ
ဆွေးဆွေးမြေ့မြေ့ပါဘဲ ထွန်းလင်းလိုက်တာ
ရင်ဘတ်တွေကတော့ အမိုက်မှောင်ညထဲ
စိမ့်..၀င်..ပျော်..ကျ..လို့ ..။

မကြီးရေ ကဗျာလေးကို စီးမြောရင်း ကန့်လန့်တိုက်ချင်လာတာနဲ့ ဒေါင်လိုက်ဖြတ်တိုက်ပြီး မန့်သွားတယ် ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

လင်းဒီပ said...

ကောင်းတယ်အစ်မရေ..
ဒါမျိုးလေးတွေကို ဖွက်ထားတယ်..:P

အောင်သာငယ် said...

အချစ်ကဗျာရေးတာ ရှက်စရာလား...
ကျနော်တော့ မထင်ပါဘူး...
ရှက်စရာကောင်းတယ်လို့ ထင်သူတွေရှိခဲ့ရင် သူတို့မှာ ချစ်တတ်တဲ့ နှလုံးသား မပါခဲ့လို့ပဲ ဖြစ်မယ် ထင်တယ်...

မသက်ဇင် said...

ကဗျာအရေးကောင်းတဲ့--အိန္ဒြာ---
နေမကောင်းဖြစ်နေပေမယ့် အရောက်လာပါတယ်---
ကဗျာလေးကကောင်းလိုက်တာ--
စကားလုံးတွေကျစ်လစ်တယ်--
အတွေးကောင်းတယ်--
ခံစားချက်ကို ကဗျာအလှ ပေါ်လွင်အောင် ရေးနိုင်တယ်--
အနာဂတ် မြန်မာစာပေအတွက်--
ကလောင်ကောင်း--ကဗျာဆရာမ ကောင်း တယောက်အဖြစ်--
အားထားစရာပါ--

အိုင်လွယ်ပန် said...

ကောင်းတယ်အစ်မရေ!
ဒါမျိုးလေးရေးတော့လည်းလက်ဖျားခါတယ် ...

အိပ်မက်ရှင် said...

အိုးဗျာ .... အပြောင်းအလဲ သိပ်ဖြစ်တာပေါ့
သိပ်ဖြစ်တယ် သိပ်ဖြစ်တယ်...
အခုလို ကာရံချိုချိုလေးတွေနဲ့ ကဗျာလေးတွေက သိပ်ကို လှပပြီး ချိုနေရဲ့ မကြီးရေ ....။

ကဗျာလေးထဲမှာ ရင်ခုန်သံခပ်ပြင်းပြင်းနဲ့ အနောက်ဆီက ပါလာတဲ့ ခြေသံတိုးညင်းညင်းလေးတွေကို ကြားနေ၇တဲ့ ကောင်မလေးတစ်ယောက်ကိုလည်း မြင်နေရတယ် ... သူမ လက်ထဲမှာ မျှော်လင့်ခြင်း ပန်းတစ်ခြင်းလည်း ကိုင်ထားသေးရဲ့နော် ... သူမ နှုတ်ဖျားကလေးကနေ အံကျထွက်ပေါ်လာတဲ့ သီချင်းတစ်ချို့ကို ပေါ်ထွက်လာဖို့ ဂီတာအ၀ါလေးနဲ့ ဂျင်းပင်န်အပြာကလေးက ပြုငင်ဖမ်းစားခဲ့တာ ... အဲဒါလေး ... သိပ်လှတဲ့ မြင်ကွင်းလေး ... ။

အလွမ်းတွေ ဖိတ်လျှံကျနေတဲ့ ပန်းချီကားလေး တစ်စင်းရဲ့ မျက်နှာစာမှာ တစ်ချိန်က ချိုမြိန်ခဲ့တဲ့ အချစ်ဆိုတာကို မြင်နေလိုက်ရတာကတော့ .... ။

အရမ်းကို နှစ်ခြိုက်မိပါတယ်ဗျို့ ... ။

Moe Cho Thinn said...

အဲဒီအလွမ်းတွေကပဲ ချိုမြနေပါပကော..

pandora said...

ဒါမျိုးလေးတွေလည်း ရေးပေါ့။
နူးနူးညံ့ညံ့လေး။ :)

အရုပ်ကလေး said...

ကဗျာသံစဉ် ချိုလွင်မျောတော့
ထိချက်က အလျင်းလှနေတယ် .. ။

ကဗျာရဲ့ အတိမ်အနက်လေး ကြိုက်တယ်

ကဗျာရေးကောင်းတဲ့ အစ်မပဲ ..
ဆက်လက် ရေးဖွဲ့နိုင်ပါစေ ..။

Minn said...

ကြောင့်ကျစိတ်နဲ့ ကုပ်ကုပ်လေးခွေ
ယုန်လေးတွေဖြစ်လိုက်
အငြိုးတကြီး တဝုန်းဝုန်းရိုက်ခတ်
လှိုင်းလုံးတွေဖြစ်လိုက်
ညက်ညက်စိုစို ရောင်စုံချပ်ဝတ်တန်စာ
ဒေလီယာပန်းဖြစ်လိုက်..
...... ......
နင်ကလွတ်လွတ်လပ်လပ် သွားစေချင်လို့
ရေကန်ထဲကဆယ်ပြီး ကုန်းပေါ်တင်ပေးခဲ့တာ
မြင်နေကျထက် အဆများစွာကျယ်တဲ့
လောကကြီးကိုမြင်တော့ ဖားလေးရဲ့စိတ်မှာ
သူ့ကို သိမ်ငယ်သွားအောင်လုပ်တယ်လို့
ထင္သြားမွာ မစိုးရိမ္ဘူးလား
အဲဒီဖားဟာ...ငါမ်ားလား..
........ ........
နင်..တော်တယ်..
ငါ...ကဗျာ ရေးရမှာတောင်
နင့်လက်ကွက်ကြည့်ပြီး...ဘယ်ကီးနဲ့ တီးရမလဲ
ကီးချော်နေတာ အကြောင်းပြရရင်ကောင်းမလား
ဘားငြိနေတာ ဆင်ခြေပေးရမလား
ကြိုးပြတ်နေတာ ပြောရမလား....
ခွင့်စာတင်လိုက်တာ ပိုအဆင်ပြေမလား..

ဲ့

အမရာ said...

အမရေ..ဟိုအပိုဒ်လေးကဂွတ်တယ်.....
“ကောင်လေးရေ.....
ငါက....
အချစ်ကိုမင်းနဲ့မှချိုချင်နေခဲ့တယ်..”

ညီဇေ said...

အစ်မရေ... အစ်မ ကဗျာကိုက ရှက်နေတယ်ဗျ..။ ဒီလို ကဗျာတွေ ရေးခဲ့မယ်လို့ မထင်ထားဘူး...။ ကျနော်လည်း ဆရာကောက် ရယ်စရာမှာ ရှိတုန်းက တစ်ပုဒ်ရေးခဲ့ဖူးတယ်ဗျ..။ အခုထိ ရှက်လို့ မဆုံးဘူး...။ သူ့အခါနဲ့ သူပေါ့ အစ်မရယ်..။ ရေးချင်တုန်း ရေးဖြစ်လိုက်တာ ကောင်းပါတယ်..။ နောက်မို့ဆို ရေးဖြစ်မှာ မဟုတ်တော့ဘူးလေ...။

အိန္ဒြာ said...

အချစ်ကဗျာရေးတာကိုလဲ...
ဝိုင်းဝန်းအားပေးကြတဲ့..
ညီအမ မောင်နှတွေကို..ကျေးဇူးအထူးတင်ပါတယ်.။
နောက်လဲ..ချိုချိုလေးတွေတင်ဦးမှာပါ...လို့..။

လေးစားခင်မင်လျှက်......

အိန္ဒြာ