January 14, 2009

စက် ခွဲ သစ်

ဆံပင်တွေ
လက်တွေ
ခြေတွေ
အားလုံးကို ရိပ်သင်ပြီး
လေးဘက်ချခံထားရတဲ့ကောင်ပါ..
အစွယ်တွေ
ဓါးစက်တွေ
လှံသွားတွေ
ငါ့အရေပြားပေါ်မှာ...စီးပိုး...
အော်ပေါ့....
မချိမဆန့်
ငယ်သံပါ....
ညည်းတွားခြင်းတွေနဲ့..ချောက်ချား...
ငါ့အသားတွေ....
အထပ်လိုက်
အထပ်လိုက်

အငြိုးအတေးကြီးပုံများ....ပြောမပြောချင်...
ဖွာရာကျဲအောင်ထွက်ကျလာတဲ့
သွေးစ...
သားစ တွေ..
စုစုပြီး..
မီး တိုက် ကြ။


အိန္ဒြာ

(၁၉၉၆-၉၇ လောက်ကရေးဖြစ်ခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ..။ အလုပ်သွားအလုပ်ပြန် သစ်ခွဲစက်တစ်လုံးရှေ့က ဖြတ်ဖြတ်သွားရင်း ၀င်လာခဲ့တဲ့..နမိတ်ပုံအတွေးစတစ်ခုပေါ့..။
"" သစ်ခွဲစက် "" လို့နာမည်ပေးခဲ့တာကို သူငယ်ချင်းမောင်မျိုးမွန်က ""စက်ခွဲသစ် "" လို့ ပြောင်းရင်ပိုကောင်းမယ်လို့အကြံပေးခဲ့ပါတယ်.။ ဘယ်မဂ္ဂဇင်းမှာမှ မပါခဲ့တာပါ..။
အခု..ကဗျာဟောင်းလေးတွေပြန်ကြည့်ရင်း..ဒီကဗျာကိုပဲတင်ချင်စိတ်ပေါ်လာတာနဲ့ပဲ...။)

7 comments:

Craton said...

သိပ်အဓိပ္ပါယ်ရှိတာပဲ .. ကောင်းလိုက်တာဗျာ..။

အိုင်လွယ်ပန် said...

နိမိတ်တွေက စကားတွေအများကြီးပြောကြတယ်အစ်မ..
ကဗျာလေးကြိုက်တယ်....

လင်းဒီပ said...

ကောင်းတယ် အစ်မကြီးရေ..
ကိုယ်ကိုတိုင် ခွဲကြိတ်ခံလိုက်ရသလို ခံစားရတယ်..

Moe Cho Thinn said...

သိပ်ကောင်းတာပဲလို့ပဲ ပြောတတ်တော့တယ်။
သစ်တွေလား လူတွေလား..အသံတွေ ကြားနေရတယ်။

ဆောင်းယွန်းလ said...

နိမိတ်ပုံသုံးထားတာတွေအရမ်းကောင်းတယ်ညီမရေ..
ပြီးတော့ကဗျာရဲ့ခေါင်းစဉ်ကို သစ်ခွဲစက်အစားစက်ခွဲသစ်
လို့ပေးလိုက်တော့ပိုပြီးစဉ်းစားလို့ကောင်းတာပေါ့...

ခင်မင်လျက်...

ကိုရင်နော်ခင်လေးငယ် said...

ချစ်တဲ့.. မကြီးးး
ကဗျာထဲက သစ်တုံးလေး
ကိုယ်တိုင်ဖြစ်ပြီးပြန်သွားတယ်...

(((အငြိုးအတေးကြီးပုံများ....ပြောမပြောချင်...
ဖွာရာကျဲအောင်ထွက်ကျလာတဲ့
သွေးစ...
သားစ တွေ..
စုစုပြီး..
မီး တိုက် ကြ။)))

မကြီး...
ညီမ

ကေမောင်ငြိမ်း said...

အရေးအသားတွေ တကယ်ပြောင်မြောက်တယ်အစ်မရေ :)